နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက ရဲချုပ်နဲ့ ဒုဝန်ကြီးတွေကို ပြောင်းလဲခန့်အပ်တာတွေပြုလုပ်


စစ်ကောင်စီက ဇူလိုင်လ ၂၁ရက်နေ့ရက်စွဲဖြင့် ရဲချုပ်နဲ့ ဒုဝန်ကြီးတွေကို ပြောင်းရွှေ့ခန့်အပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ ရဲချုပ်နဲ့ ဒုတိယဝန်ကြီးတွေကို စစ်ကောင်စီက ပြောင်းရွှေ့ခန့်အပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။



စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီး ရဲချုပ်တာဝန်ကို ပူးတွဲခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

ယခင်က ရဲချုပ်တာဝန်ကို ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ခန့်အပ်လိုက်ပြီးနောက် ဗိုလ်ချုပ် ဇင်မင်းထက်ကို ထပ်မံပြောင်းလဲခန့်အပ်ခဲ့ကာ ယခုအခါ ရဲချုပ်အသစ် ပြောင်းလဲခန့်အပ်မှုမှာ တတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ်။

ဒါ့ပြင် ဗိုလ်ချုပ် ဇင်မင်းထက်ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးအနေနဲ့ ပြောင်းရွှေ့ခန့်အပ်ခဲ့ကာ  အားကစားနှင့် လူငယ်ရေးရာဒုဝန်ကြီးအဖြစ် ခန့်အပ်ခံထားရတဲ့ ဒေါက်တာစိုးဝင်းကို စစ်ကောင်စီဥက္ကရုံး ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

#Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 0 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တော်လှန်ရေးတပ်တွေကို ထိထိရောက်ရောက် ချေမှုန်းမယ်ဆိုပြီး မင်းအောင်လှိုင်ခန့် ဒုတပ်ချုပ်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 0 Views
ဇွန်လ (၂၅)ရက်။ ပြည်ထောင်စုလမ်းမကြီးက တော်လှန်ရေးတပ်တွေကို ချေမှုန်းမယ်ဆိုပြီး မင်းအောင်လှိုင်ခန့် ဒုတပ်ချုပ် ကျော်စွာလင်းက မြိတ်တပ်နဲ့ ကျွန်းစုနယ်မြေခံတပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

အရာတော်တိုက်ပွဲ PDF (၁၀)ဦး ကျဆုံးခဲ့တယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 3 Views
ဇွန်လ (၂၅)ရက်။ မနေ့က အရာတော်ဒေသထဲ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။ စစ်လော်ဘီချန်နယ်တွေရဲ့ ဖော်ပြထားတာတွေထဲ အရာတော်ဒေသထဲ တော်လှန်ရေးတပ်ဖွဲ့တွေကို ရှာဖွေရှင်းလင်းနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲမှာ တော်လှန်ရေးရဲဘော်
မြန်မာသတင်း

စစ်ကောင်စီတပ်သားချင်း စကားများရန်ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်ရာ (၂)ဦးစလုံး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 4 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၃)ရက်နေ့ နံနက် (၈)နာရီအချိန်က ရေစကြိုမြို့ ရွာသစ်ကလေးရှိ စစ်ကောင်စီတပ်စခန်းမှာ တပ်သားအချင်းချင်း စကားများရန်ဖြစ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ကမ္ဘားကြီးရွာအနီးက ရွာသစ်ကလေးမှာ တပ်စွဲထားတဲ့ စကစတပ်သားတွေအချင်းချင်း စကားများရန်ဖြစ်ကြတာ။ အဲ့ဒီမှာ
မြန်မာသတင်း

မိုးဗြဲနယ်တိုက်ပွဲ စစ်ကောင်စီတပ်ဘက်က တပ်ကြပ်အပါအဝင် (၁၉)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 4 Views
ဇွန်လ (၂၅)ရက်။ မေလ (၁၃)ရက်နဲ့ ဇွန်လ (၁၉)ရက်တို့မှာ မိုးဗြဲနယ်အနီးဝန်းကျင်တနေရာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ အယ်လ်ဖာဇုံ(မိုးဗြဲနယ်)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစက နယ်မြေပြန်စိုးမိုးနိုင်ဖို့ဆိုပြီး တပ်အရှေ့တန်းကာကင်းရှိတဲ့နေရာကို (၂)ကြိမ်
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 24 ရက်
  • 35 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြိုင်နယ်ရှိ တွင်းမပျုစောထီးရွာထဲ လေယာဉ်ဆင်းသက်ချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာလို ဆိုပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 34 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့ PDF ရဲဘော်တွေရှိလာတာနဲ့ PLA ရဲဘော်တွေရဲ့ မိသားစုဝင်တွေ လက်နက်နဲ့ ခြိမ်းခြောက်ဖမ်းဆီးခံရတာ စတဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက