နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

တန့်ဆည်မြို့ပေါ်က တပ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်တာတွေပြုလုပ်ခဲ့

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်က စစ်တပ်စခန်းအချို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။


ဒီကနေ့ စက်တင်ဘာလ (၂၂) ရက် နံနက် (၁) နာရီဝန်းကျင်ခန့်က တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်က အထိုင်ချတပ်စွဲထားတဲ့ ဒေါင်းမင်းဆီဆိုင်ဟောင်းနေရာနဲ့ လဝကရုံးနေရာတို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ မနက်ပိုင်း မြို့ပေါ်တိုက်ပွဲအပြီး စစ်တပ်ဖက်က အင်အား (၄၀) ကျော်နဲ့ လာရှင်းပြီး ရဲစခန်းဖက် ပြန်ထွက်သွားတယ်။ တိုက်ပွဲအပြီးမှာလည်း စစ်တပ်ဘက်က အက်တော သဲကုန်းရွာပေါ်ကနေ Mi-35 နဲ့ ဝဲပစ်တာ၊ ဗုံးကွဲသံလည်းကြားရတယ်။ အခု မြို့ပေါ်ကလူတွေလည်း ဂရုစိုက်ပြီး နေနေရတယ်” လို့ မြေပြင်သတင်းတွေက ဖော်ပြထားပါတယ်။

မြို့ပေါ်တိုက်ပွဲအပြီး နေ့လယ် (၁၂) နာရီ (၅၀) မိနစ်ခန့်မှာ စစ်ကောင်စီတပ်က တန့်ဆည်နယ်၊ အက်တော သဲကုန်းရွာအပေါ်ကနေ Mi-35 ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ရာ ဗုံးပေါက်ကွဲတာ (၃) ကြိမ်ရှိခဲ့ပြီး ထိခိုက်ပျက်စီးစာရင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး။

နေ့လယ် (၁) နာရီဝန်းကျင်အထိ မြေပြင်သတင်းပေးပို့တဲ့အချက်အလက်တွေအရ ရေဦးနယ် အောင်သာယာရွာဖက်ကနေ အင်အား (၈၀)ခန့်ရှိတဲ့ ပျူစောထီးစစ်ကြောင်းဟာ တန့်ဆည်ဘက်ကို အင်အားဖြည့်လာနေတယ်လို့ ဖော်ပြထားပါတယ်။

တန့်ဆည်မြို့ပေါ်က စစ်တပ်စခန်း (၂) နေရာ တိုက်ခိုက်ခံခဲ့ရတာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေအပါအဝင် (၂၃) ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

Eraseye\TA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဂျက်ဖရီအက်ဖ်ဖိုင်များထဲတွင် ဘာတွေပါဝင်သလဲ?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 10 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက် အမေရိကန် တရားရေးဌာန (DOJ) က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ
မြန်မာသတင်း

မင်းတပ်မြို့မှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်မလုပ်ဖို့ မြို့နယ်ပအဖ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 18 Views
ဒီဇင်ဘာလ (၂၀)ရက်။ မင်းတပ်မြို့မှာ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလထဲ လူစုလူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့ မြို့နယ်ပအဖက မနေ့က ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

ရွေးကောက်ပွဲ မဲပေးမယ့်ရက်မှာ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ဆိုပြီး အဖွဲ့အသီးသီးကို KSPP မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 17 Views
ဒီဇင်ဘာလ (၂၀)ရက်။ ရွေးကောက်ပွဲ မဲပေးမယ့်ရက်မှာ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ဆိုပြီး အဖွဲ့အစည်းအသီးသီးကို ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)က မနေ့က မေတ္တာရပ်ခံ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ KSPP ဟာ ဒီမိုကရေစီစံနှုန်းနဲ့ ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်စဉ်တိုင်းမှာ အစဉ်အမြဲပါဝင်နေတဲ့ပါတီလို့
မြန်မာသတင်း

စဉ့်ကူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 16 Views
ဒီဇင်ဘာလ (၂၀)ရက်။ ‌မနေ့က တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ စဉ့်ကူးတမြို့လုံးကို ပြန်လည်းသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာတို့ကို ပြန်လည်သိမ်းပိုက်ရရှိဖို့ စစ်ကြောင်းတွေခွဲပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ
မြန်မာသတင်း

အခုနှစ်ကုန်ပိုင်းကို အရေးကြီးကာလအနေနဲ့ သတ်မှတ်ကြောင်း KA သတိပေးချက်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 27 Views
ဒီဇင်ဘာလ (၁၉)ရက်။ ဒီကနေ့ကစပြီး ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့အထိ အရေးကြီးကာလအနေနဲ့ ကရင်နီပြည်‌တပ်‌မတော်(KA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က သတိပေးချက်ထုတ်ပြန်ထားတယ်လို သိရပါတယ်။ KA စစ်ဦးစီးချုပ်က အဲ့ဒီကာလကို အရေးကြီးကာလအနေနဲ့ သတ်မှတ်ထားတာကို ကရင်နီပြည်သူ၊ ကရင်နီပြည်နယ်
မြန်မာသတင်း

NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့သူအချို လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 34 Views
ဒီဇင်ဘာလ (၁၉)ရက်။ တိုင်ရင်းသားလက်နက်ကိုင်အဖွဲတွေ NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့ပေမယ့် အချိုက လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိင်က ဒီကနေ့ ကရင်ပြည်နယ်နေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ စစ်တပ်အနေနဲ့ NCA ပါ သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ
မြန်မာသတင်း

လူမျိုးစုအားလုံး တော်လှန်ရေးတိုက်ပွဲမှာ အတူလက်တွဲရပ်တည်ဖို KNU ဥက္ကဋ္ဌ တိုက်တွန်းဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 37 Views
ဒီဇင်ဘာလ (၁၉)ရက်။ ကရင်လူမျိုးတွေသာမက လူမျိုးစုအားလုံး တော်လှန်ရေးတိုက်ပွဲမှာ အတူရပ်တည်ပြီး အောင်မြင်မှုကို အတူရယူကြဖို KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့မှာကျရောက်တဲ့ ကရင်အမျိုးသားနေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ တိုက်တွန်းထားတယ်လို သိရပါတယ်။ လူမျိုးစုတွေအနေနဲ့ အခုအခြေအနေကို သဘောပေါက်နားလည်လက်ခံပြီး လက်တွေ့ရင်ဆိုင်ကာ
မြန်မာသတင်း

လက်ပံတန်းရှိ စစ်တပ်စခန်း တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် (၁၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 24 Views
ဒီဇင်ဘာလ (၁၉)ရက်။ ဒီဇင်ဘာလ (၁၆)ရက်နေ့ နံနက် (၆)နာရီအချိန်က လက်ပံတန်းမြို ဆင်တလင်းရွာရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို အရှိချင်းကာကွယ်ရေးတပ်(ACDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆင်တလင်းရွာရှိ စစ်တပ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရတာမှာ စခန်းမှာ ဦးစီးတဲ့ ဒုရဲအုပ်အပါအဝင်