နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်

အားကစား

အားကစား

ပီအက်စ်ဗွီ တောင်ပံကစားသမား မာဒူကီကို ချဲလ်ဆီး ခေါ်ယူ

ချဲလ်ဆီးအသင်းဟာ ယခုဆောင်းရာသီစျေးကွက်အတွင်း နောက်ထပ်ကစားသမားခေါ်ယူမှုအဖြစ် နယ်သာလန်ကလပ် ပီအက်စ်ဗွီအသင်းက အင်္ဂလန်ယူ ၂၁ ကစားသမား နိုနီ မာဒူကီကို ခေါ်ယူလိုက်ပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ မာဒူကီကို ပြောင်းရွှေ့ကြေး ပေါင် ၃၀.၇ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၇ နှစ်ခွဲစာချုပ်အပြင် နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်နဲ့ ခေါ်ယူခဲ့တာပါ။

ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အတွင်း ရှက်တာဒိုးနက်တောင်ပံကစားသမား မော့ဒရစ်ကို ပေါင် ၈၉ သန်းနဲ့ခေါ်ယူပြီး ၅ ရက်အတွင်းမှာ နောက်ထပ်တောင်ပံကစားသမားတစ်ဦးကို ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ အခုစျေးကွက်ကာလအတွင်းမှာ ဒက်ထရိုဖိုဖာနာ၊ အင်ဒရီဆန်းတို့စ်၊ ဘာဒီယာရှီလီတို့ကိုလည်းခေါ်ယူထားပြီး ပေါ်တူဂီတိုက်စစ်မှူး ဂျာအိုဖီးလစ်ကိုလည်း အက်သလက်တီကိုအသင်းကနေ အငှားနဲ့ခေါ်ယူထားပါတယ်။

မာဒူကီဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ စပါးအသင်းတို့ရဲ့ လူငယ်စီမံကိန်းက ထွက်ပေါ်လာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်က နယ်သာလန်ကလပ် ပီအက်စ်ဗွီအသင်းကို ရောက်ရှိခဲ့တာပါ။ အင်္ဂလန်ယူ ၂၁ အသင်းအတွက် ၄ ပွဲကစားခွင့်ရထားတဲ့ မာဒူကီဟာ ပီအက်စ်ဗွီအသင်းအတွက် ၇၇ ပွဲကစားကာ ၂၁ ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အားကစား

ကာလို့စ် အယ်လ်ကာရက်ဇ် သည် ဂျင်းနစ်ခ် စင်းနာ (Jannik Sinner) ကို လေးပွဲကစားပြီး အနိုင်ယူကာ US Open ဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူး သွားခဲ့ပါသည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 369 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၇) ရက် ကာလို့စ် အယ်လ်ကာရက်ဇ်ဟာ US Open ချန်ပီယံဆုကို နှစ်ကြိမ်၊ ဂရမ်စလင်းချန်ပီယံဆုကို
အားကစား

မြန်မာ့အားကစားဦးမော့လာစေဖို့ ဒို့တတွေကြိုးစားစို့

  • 2025 ခုနှစ်၊ မေလ 31 ရက်
  • 694 Views
မြန်မာ့အားကစားဦးမော့လာစေဖို့ ဒို့တတွေကြိုးစားစို့ မြန်မာနိုင်ငံမှာ ကျောင်းပညာသင်ကြားရေးမှာစစ်အစိုးရအဆက်ဆက် ကျောင်းသားတွေကို စာသင်ကြားရေးကိုသာ ဇောင်းပေးလုပ်ခဲ့ပြီး အားကစားပညာကို အလေးမပေးခဲ့တာကြောင့် မြန်မာကလေးတွေ ထူးချွန်တဲ့အားကစားသမားတွေ ကမ္ဘာကျော်
Sport အားကစား

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက အရေးယူတော့မှာမဟုတ်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 984 Views
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် အက်ဒ်နယ်ဒို ရိုဒရီဂွက်ဇ် ပြန်လည်ရွေးချယ်ခံရပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမှာ မဟုတ်ဘူးလို့ ဖီဖာရဲ့တရားရေးရာ ဒါရိုက်တာ အီမီလီယိုဂါစီယာက အတည်ပြုပြောဆိုလိုက်ပါတယ်။ အက်ဒ်နယ်ဒို ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့လအတွင်းက ကျင်းပခဲ့တဲ့ ဘရာဇီးဥက္ကဌသစ်ရွေးကောက်ပွဲမှာ မသမာမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ရာထူးက
အားကစား

တိုင်ဆန်ဖြူရီကို စိန်ခေါ်ထိုးမယ့် အန်ဂါနူးဆိုတာ…

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 1.01K Views
ဘောက်ဆင်ဟဲဗီးဝတ်ချန်ယီယံနဲ့ သိုင်းပေါင်းစုံဟဲဝီးဝိတ်ချန်ပီယံတို့ဗိုလ်လုပွဲ။ ဖရင့်စစ်အန်ဂါနူး (FRANCIS NGANNOU) က UFC ဟဲဝီးဝိတ်ချန်ပီယံ ဖြစ်ပြီး အခု WBC ဘောက်ဆင်ဟဲဗီးဝိတ်ချန်ပီယံ တိုက်ဆန်ဖြူရီ (Tyson Fury) နဲ့ ဒီနေ့ အောက်တိုဘာလ (၂၈) ရက်
ဘောလုံး အားကစား

ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်များထိပ်ဆုံးက ရပ်တည်နေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 1.04K Views
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်တွေ အဆိုးရွားဆုံးဖြစ်တယ်လို့ ပရိသတ်အခြေပြုစစ်တမ်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။ Betfair ကုမ္ပဏီရဲ့ YouGov စစ်တမ်းမှာ ပရိသတ် ၁၃၀၀ ကျော် ပါဝင်ခဲ့ကြပြီး သူတို့ရဲ့ အဖြေတွေအရ မန်ယူပရိသတ်တွေဟာ ပွဲမပြီးခင်
ဘောလုံး အားကစား

ဝူဗာဟမ်တန်ကွင်းလယ်လူ နူနက်စ်ကို ခေါ်ယူဖို့ မန်စီးတီးသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 1K Views
မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်ကွင်းလယ်လူ မက်သရူးနူနက်စ်ကို ပြောင်းရွှေ့ကြေးပေါင် ၄၇.၃ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပေမယ့် မက်သရူးနူနက်စ်နဲ့ကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် မရသေးပါဘူး။ ကစားသမားနဲ့ပါ သဘောတူညီမှု
ဘောလုံး အားကစား

နည်းပြဇာဗီရဲ့နည်းစနစ်ပိုင်းကို တိုက်စစ်မှူးလီဝန်ဒေါစကီးဝေဖန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 1.10K Views
ဗီလာရီးရဲလ်အသင်းနဲ့ရင်ဆိုင်ကစားခဲ့တဲ့ တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်မှာ တိုက်စစ်ကစားသမား အလုံအလောက် ပွဲထုတ်ခြင်းမရှိခဲ့တဲ့အပေါ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာနည်းပြဇာဗီရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်ကစားခဲ့ရပြီး ဂါဗီ၊ ဒီဂျောင်၊ ဖာရန်တောရက်စ်၊ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေကြောင့်
ဘောလုံး အားကစား

ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်း ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 981 Views
နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်ဟာ ရက်သတ္တပတ် ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေပါတယ်။ ဗာရန်းရဲ့ ဒဏ်ရာပြဿနာကြောင့် မေဆင်မောင့်၊ လုခ်ရှောတို့ ဒဏ်ရာရနေတဲ့ မန်ယူအသင်းအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့ရပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဗာရန်းဟာ ဒဏ်ရာကြောင့်