တရုတ် − မြန်မာနယ်စပ်က ကချင်ပြည်နယ် ၊ ကန်ပိုက်တီမြို့အမည်ဟာ နိမိတ်မကောင်း ဘူးလို့ဆိုပြီး စစ်ကောင်စီက ဖေဖော်ဝါရီ (၁၄) ရက်မှာ အမည်ပြောင်းလိုက်တယ်လို့သိရပါတယ်။
အခုလို နာမည်ပြောင်းလိုက်တဲ့ မြို့ဟာကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ်ထဲမှာရှိပြီး မြို့နယ်ခွဲ ဖြစ်ကာ တရုတ် -မြန်မာ နယ် စပ်ကုန်သွယ်ရေးစခန်းတည်ရှိပါတယ်။
ကန်ပိုက်တီ ဆိုတဲ့နာမည်ဟာ တရုတ်လို ခြောက်သွေ့ပျက်စီးတဲ့နေရာလို အဓိပ္ပါယ်ရတဲ့အတွက် နိမိတ်မကောင်းလို့ဆိုပြီး မြို့အမည်ကို ကံပိုင်တည် ဆိုပြီး ပြောင်းလဲလိုက်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ဗေဒင်တွေ ယတြာတွေကို ယုံကြည်ကိုးစားတဲ့ စစ်ကောင်စီအဖွဲ့ဟာ ကံပိုင်တည် ဆိုတာဟာ ကံ = ကံကောင်းခြင်း ၊ ပိုင် = ပြည်ထောင်စုက ပိုင်ဆိုင်ခြင်း ၊ တည် = တည်ငြိမ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ရတယ်လို့ဆိုပြီး အတိတ်တဘောင်နိမိတ်ဆောင်ကာ ပြောင်းလဲခဲ့တာ လည်းဖြစ်ပါတယ်။
ဒါကြောင့် ကန်ပိုက်တီနာမည်အစား ကံပိုင်တည်မြို့လို့ ပြောင်းခေါ်ရမယ်လို့လည်းစစ်ကောင်စီက ကြေညာထားပါတယ် ။
Photo – CJ