စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံရသည့်နေအိမ်များအတွက် S&C အဖွဲ့က တည်ဆောက်ပေးနေသော အိမ်အလုံးရေ ၅၀၀ ပြီးစီးခဲ့ပြီလို့ S&C မီးဘေးစစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေးအဖွဲ့ ထံကသိရပါတယ်။
S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့သည် မီးရှို့ခံရသည့် ပြည်သူများအတွက် မူလက တနိုင်တပိုင် အိမ်အလုံး ၁၀၀ ရအောင်တည်ဆောက် ပေးမည်ဟု ရည်ရွယ်ခဲ့သော်လည်း ပြည်တွင်းပြည်ပပြည်သူများ၏ အညာဒေသ အပေါ်ထားသော စေတနာကြောင့် အိမ်အလုံးရေ ၅၀၀ အထိ ပြန်လည်ထူထောင်ပေးနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။





(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ် – ဓါတ်ပုံ-S&C)
မြေပြင်အခက်အခဲများကြားမှ အလေအလွင့်မရှိအောင် လုပ်ဆောင်ပေးနေပြီး ပြည်သူများအနေဖြင့် နောက်ထပ် အိမ်အလုံး၅၀၀ ပြည့်မီအောင် တတပ်တအား ပါ၀င်ကြပါရန် S&C အဖွဲ့က တိုက်တွန်းထားပါတယ်။