နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတူပီ-ပလက်ဝ လမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝ လမ်းပိုင်းမှာ စစ်ကောင်စီ စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ Chinland Defence Force- Matupi ကထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီလို မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီ ဘက်က စစ်သား ၁၂ ဦးသေဆုံး ခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မတူပီမြို့အခြေစိုက် ခလရ ၃၀၄ တပ်မှ ထယ်ဘွေစခန်းသို့ အင်အားနှင့် ရိက္ခာ များဖြည့်ရန် ကား ၃ စီး၊ အင်အား ၈၀ ခန့် နဲ့ ထွက်ခွာလာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို မတ်( ၂၀) ရက် မနက် ၁၀ နာရီအချိန်မှာ မတူပီ-ပလက်ဝလမ်းမပေါ် ၆ မိုင် မှာ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီခန့်၌ ၇ မိုင်နှင့် ၈ မိုင် ကြားမှာ တစ်ကြိမ်၊ မတ်လ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်၌ ၉ မိုင်နှင့် တွီရှစ်ရွာအဝင်မှာ တစ်ကြိမ် စုစုပေါင်း (၃) ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မတူပီ-ဟားခါးလမ်းတွင် တပ်ချထားတဲ့ စစ်ကောင်စီတပ်ဟာ စစ်တပ် ဗျူဟာစခန်းကနေ လက်နက်ကြီးတွေနဲ့ မတူပီ-ပလက်ဝလမ်းပိုင်းရှိ ဝလီပီကျေးရွာဘက်ကို ရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကြီးတွေ ရွာ အတွင်းကျရောက်ပေါက် ကွဲခဲ့ပေမယ့်လည်းဒေသခံများအထိ အခိုက်မရှိခဲ့ဘူးလို့ Chinland Defence Force- Matupi က ထုတ်ပြန်ထားပါတယ်။

Era’sEyes | Photo – Chinland Defence Force- Matupi

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 15 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 20 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 19 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ခိုင်းတာလုပ်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ အင်းလေး-PDF သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 19 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။ သူတို့ဟာ
မြန်မာသတင်း

ရန်ကုန်တိုင်းစစ်ဌာနနယ်မြေရှိ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)နီးပါး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 27 Views
ဇွန်လ (၂၀)ရက်။ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိတွေ့တိုက်ပွဲတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ခုခံကာကွယ်တဲ့အနေနဲ့ (၂)ကြိမ်၊ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ (၂)ကြိမ်နဲ့
မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 28 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေစကြိုတပ်ဆီပြန်လာတဲ့ ခွေးစစ်ကြောင်းကို ပကဖရဲဘော်တွေက အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာ။ အဲ့ဒီတိုက်ပွဲက (၁)နာရီနီးပါးကြာတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 30 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ မတရားဖိနှိပ်တာနဲ့ စစ်ဆင်ရေးတွေကြောင့် ကရင်နီပြည်သူတွေဟာ ရပ်ရွာနဲ့ အိုးအိမ်တွေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 24 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့