စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ အင်းစကျေးရွာကို ဧပြီလ (၂၁) ရက်နေ့ မနက် (၉) နာရီခန့်က စစ်ကိုင်းမြို့နယ်၊ အင်းစကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ ရောက်ရှိလာပြီး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။
အဲဒီလိုဖျက်ဆီးနေစဉ် People’s Army To Fight Dictatorship (PAFD) တပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့က လက်လုပ်လက်နက်ငယ်များ၊ (၆၀) မမ လက်လုပ်များနဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတိုက်ခိုက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။






စစ်အုပ်စုဘက်က သုံးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ PAFD ရဲ့ သတင်းနှင့် ပြန်ကြားရေးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ထောင်စု ၃၀၀ ကျော် နေအိမ် တစ်ထောင်လောက် ပျက်စီးနိုင်ကြောင်း၊ စစ်ဘေးမီးဘေးသင့်ပြည်သူများကို ကူညီပေးနေတဲ့အဖွဲ့ဆီက သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုကို People’s Army To Fight Dictatorship (PAFD)၊ တပ်ခွဲ DK PDF-MMU၊ ဒေသကာကွယ်ရေးတပ်ဖွဲ့၊ Phonex (SGG) စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Era’sEyes | Moe Z.