နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်က KNU တပ်မဟာ ၃ နယ်မြေထဲက နောင်ကုန်းကျေးရွာကို ဒရုန်းနဲ့ ပစ်ခတ်

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်၊ နောင်ကုန်းကျေးရွာအတွင်းကို စစ်တပ်က ဒရုန်းနဲ့ ၂ ကြိမ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားချက်အရသိရပါတယ်။


အဲဒီလို ပစ်ခတ်မှုကို မေ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်မှာ ပြုလုပ်ခဲ့တာပါ။ ပစ်ခတ်မှုကြောင့် စာသင်ကျောင်း (၁) ကျောင်း၊ လူနေအိမ် (၂) လုံးနဲ့ ထင်းတဲ (၁) လုံး ပျက်စီးခဲ့ရပါတယ်။

အခုလို ရွာထဲကို ပစ်ခတ်တိုက်ခိုက်မှုကို စစ်တပ်ရဲ့ ခလရ-၆၀ တပ်ရင်းမှူးနဲ့ ဗျူဟာမှူးဟိန်းထက်အောင် က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


နောင်ကုန်းကျေးရွာမှာ အိမ်ခြေစုစုပေါင်း (၁၁၇) လုံးရှိပြီး လူဦးရေစုစုပေါင်း (၇၈၂)ဦးရှိကာ ယခုအချိန် အထိ ရွာလုံးကျွတ် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်က မေ ၁၀ ရက်ကစတင်ပြီး စစ်ကြောင်း ထိုးဝင်ရောက်ပစ်ခတ်နေတာကြောင့်မူးမြို့နယ်အတွင်းက ရွာ ၁၈ ရွာ က ပြည်သူ ၂၁၈၈၀ ဦးအထိ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

Era’sEye /Photo -KNU

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အပစ်ရပ်ကာလ တအာင်းဒေသထဲ တည်ငြိမ်ဖို့နဲ့ လွတ်လပ်စွာ ခရီးသွားနိုင်ဖို့ ဦးစားပေးဆောင်ရွက်မယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 9 Views
‌နိုဝင်ဘာလ (၃)ရက်။ အပစ်ရပ်ကာလမှာ တအာင်းပြည်ရဲ့ ဒေသထဲ တည်ငြိမ်ဖို့နဲ့ လွတ်လပ်စွာ ခရီးသွားလာနိုင်ဖို့ ဦးစားပေးဆောင်ရွက်သွားမယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မြဝတီရှိ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 12 Views
နိုဝင်ဘာလ (၃)ရက်။ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ဆိုပြီး စစ်ကော်မရှင်တပ်ဟာ  မြဝတီမြို့ရှိ ရသေ့ဂူရွာ၊ မင်းလက်ပံရွာနဲ့ ဖလူးရွာတို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းရဲ့ မနေ့က
မြန်မာသတင်း

ဒီမော့ဆိုအနောက်ခြမ်း လေကြောင်းတိုက်ခိုက်ခံရတာကြောင့် တော်လှန်ရေးရဲဘော်အချို့ ထိခိုက်ကျဆုံးခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 29 Views
‌နိုဝင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၇)နာရီဝန်းကျင်က ကရင်နီပြည် ဒီမော့ဆိုအနောက်ခြမ်းတနေရာကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မနက် (၇)နာရီလောက် ဒီမော့ဆိုအနောက်ခြမ်းကို ဂျက်ဖိုက်တာကော အသေခံဒရုန်းနဲ့ကော ရှေ့ဆင့်နောက်ဆင့် ဗုံးလာကြဲသွားတာ။
မြန်မာသတင်း

မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား (၇)ဦး သတ်ဖြတ်ခံရပြီး (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 28 Views
‌နိုဝင်ဘာလ (၃)ရက်။ မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စာနယ်ဇင်းသတင်းသမား (၇)ဦးဟာ စစ်အာဏာရှင်ရဲ့ သတ်ဖြတ်တာခံခဲ့ရတယ်လို့ ယူကေသံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရကာ အခုအခါ သတင်းသမား (၅၁)ဦး ဆက်လက်ဖမ်း‌ဆီးခံထားရပြီး
မြန်မာသတင်း

ကန့်ဘလူမှာ မြို့နယ်ပအဖတံဆိပ်တုံး အတုလုပ်တာနဲ့ အခွန်ငွေအလွဲသုံးစားပြုလုပ်တဲ့ အခွန်အရာရှိ (၇)ဦးကို ဖမ်းဆီး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 24 Views
‌နိုဝင်ဘာလ (၃)ရက်။ ကန့်ဘလူမြို့မှာ မြို့နယ်ပအဖတံဆိပ်တုံးအတုပြုလုပ်တာနဲ့ အခွန်ငွေအလဲသုံးစားပြုလုပ်မှုနဲ့ မြို့နယ်အခွန်အရာရှိ မြင့်ကျော်(ခ)အာခိုင်အပါအဝင် အခွန်အရာရှိ (၇)ဦးကို မြို့နယ်နဲ့ ခရိုင်ပအဖက ဖမ်းဆီးထားတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ ကန့်ဘလူမြို့နယ်အခွန်အရာရှိ မြင့်ကျော်(ခ)အာခိုင်ဟာ Non-CDM အချုပ်သူတဦးကို အဓမ္မပြုကျင့်တာကြောင့် မုဒိန်းမှုနဲ့
မြန်မာသတင်း

“တရုတ်ဖိအားနဲ့ပြောင်းလဲသွားတဲ့တော်လှန်ရေး”

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 52 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၁၉) ခေတ်မျက်လုံးရဲ့အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်တင်ပြလာတာအခုဆိုရင် (၁၉) ကြိမ်မြောက် ရှိလာပါပြီ။ ဒီအပတ်တနင်္ဂနွေနေ့မှာ ဆွေးနွေးတင်ပြမဲ့ အကြောင်းအရာ ကတော့ နွေဦးတော်လှန်ရေးစစခြင်း တပြည်လုံး စစ်အာဏာ သိမ်းတာကို ဆန့်ကျင်တော်လှန်ကြပေမဲ့ လက်နက်ခဲယမ်း အခက်အခဲကြောင့် တော်လှန်ရေး
မြန်မာသတင်း

တလထဲ တအာင်းပြည်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၅၀)နီးပါး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 57 Views
နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလထဲ တအာင်းပြည်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူ (၄၉)ဦး သေဆုံးခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တအာင်းပြည်ထဲ စစ်တပ်ရဲ့ လေကြောင်းအပါအဝင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သေဆုံးသူထဲ
မြန်မာသတင်း

ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံထားရသူ (၈၈)ဦးအထိရှိလာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 55 Views
ရွေးကောက်ပွဲ နှောင့်ယှက်သူတွေကို ဆက်လက်ဖမ်းဆီးဖို့ စစ်ကော်မရှင်ညွှန်ကြားထား ‌နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလ (၂၉)ရက်နေ့အထိ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၈၈)ဦးအထိရှိပြီလို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအစည်းအဝေးရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ဟာ သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲ