နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

လှတောရဲစခန်းနဲ့ ဆားတောင်ရဲစခန်း ကို ဒေသတွင်းPDFများ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းပိုင်းပေါ်ရှိ လှတောရဲစခန်းနှင့် ဆားတောင်ရဲစခန်းတို့ကို ဒေသတွင်းတော်လှန်ရေးအဖွဲ့ တွေက တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။


စစ်ကိုင်းမြို့နယ်၊ဆားတောင်မြို့ ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းတွင်းရှိ အရာရှိတစ် ဦးအပါအဝင် စစ်သားနှင့်ရဲ ၁၂ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ကထုတ်ပြန်ထားတာပါ။

တိုက်ပွဲမှာ ၂နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး စခန်းသိမ်းနိုင်ရန်ကြိုးပမ်းချိန် ည၈နာရီခွဲခန့်တွင် တိုက်လေယာဉ်နှစ်စီး အဆက်မပြတ်ဝဲပျံလာ၍ ပြန်လည် ဆုတ်ခွာခဲ့ကြတယ်လို့ပြောပါတယ်။

ဒါ့အပြင် ရဲစခန်းရှေ့မြောင်းအတွင်း၌ အလောင်းများတွေ့ရပြီး ထိခိုက်သူအများအပြားရှိတယ်လို့လည်း ပြောပါတယ်။
အဲဒီ စစ်ဆင်ရေးကို EROပြောက်ကျားတပ်ဖွဲ့၊တပ်ရင်း(၇)မြင်းခြံခရိုင်နှင့် နဂါးနီကျောက်ဆည်၊တပ်ရင်း(၁)ကျောက်ဆည်ခရိုင် တပ်ရင်း(၄)၊မြင်းခြံခရိုင်နှင့် ဆားတောင်မိုးကြိုး(၅) မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ အသိပေးထားပါတယ်။


အလားတူ မတ် ၂၂ ရက် ညနေ ၄ နာရီခွဲခန့်က ဝက်လက်မြို့နယ် ၊ လှတောရဲစခန်းကို အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲခုနစ်ဦးခန့်နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မုံရွာဗန္ဓုလနဲ့အဖွဲ့သားများLDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ယင်းစစ်ဆင်ရေးကို ဗန္ဓုနှင့်အဖွဲ့သားများ LDF နှင့် ဝက်လက်မြို့နယ် ပကဖ၊ ဆောင်းမုန်တိုင်းအဖွဲ့ ၊ဝက်လက်မြို့နယ် ပကဖ တစ်ကိုယ်တော်မိုက်ခဲ အဖွဲ့၊ မုံရွာဗိုလ်ပစ်တိုင်းထောင်အဖွဲ့၊ ဝက်လက်မြို့နယ်တိုက်နယ်(၄)ပြည်သူ့ကာကွယ်ရးအဖွဲ့၊ ပန်းပျိုးလက် တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပါတယ်။


Era’sEyes /(ဆားတောင်ရဲစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-Zero)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 60 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 57 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 49 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 58 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 43 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို