မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာ သွေးသောက်အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးရမိခဲ့ပြီး ခုခံရန်ပြုခဲ့လို့ ရှင်းလင်းခဲ့ရတယ်လို့ မြနန္ဒာစစ်ဆင်ရေး(မန္တလေး)ရဲ့ Never Give Up Fighter Force က သတင်းထုတ်ပြန်လိုက်ပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ရှားစေးချက်ကြီးရွာမှာ သွေးသောက်အဖွဲ့ဝင် ဦးပိုင်လို့အမည်ရတဲ့ အမျိုးသားတစ်ဦးကို ဇွန်လ ၂၂ရက်နေ့ နံနက်ပိုင်းအချိန်က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ထိုသွေးသောက်အဖွဲ့ဝင် ဦးပိုင်ထံက မိုဘိုင်းဖုန်း ၂လုံး၊ ဝေါ်ကီတော်ကီ ၁လုံး၊ ကြံ့ခိုင်ရေးအမှတ်တံဆိပ်ပါ ရင်ထိုး ၁ခု၊ ကြံ့ခိုင်ရေးပါတီဝင်ကဒ်ပြား ၁ခု၊ သွေးသောက်အဖွဲ့ အမှတ်တံဆိပ်ပါ ကဒ်ပြား ၁ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သွေးသောက်အဖွဲ့ဝင် ဦးပိုင်အား ဖမ်းဆီးလာစဉ် လမ်းမှာ ခုခံရန်ပြုခဲ့တာကြောင့် ရှင်းလင်းခဲ့ရတယ်လို့လည်း Never Give Up Fighter Force က ပြောဆိုထားတာဖြစ်ပါတယ်။
Era’sEye