နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူများအား ဖမ်းဆီးခြိမ်းခြောက်ငွေညှစ်နေတဲ့ ကျိုက်ထိုမြို့က စီမံကောင်စီအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရ

ကျိုက်ထိုမြို့နယ်က စီမံကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကျူရှင်ဆရာ သင်္ချာရဲနိုင်ကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါကျူရှင်ဆရာ သင်္ချာ ရဲနိုင်အား ဇွန်လ ၂၂ရက်နေ့ ညနေ ၅နာရီ ၄၅မိနစ်အချိန်မှာ KRF အဖွဲ့က ကျိုက်ပိကျေးရွာအုပ်စုရှိ ကျိုက်ပိတောရကျောင်းမုခ်ဝရှေ့မှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ထိုသင်္ချာ ရဲနိုင်သည် ကျိုက်ထိုမြို့ရှိ အပြစ်မဲ့ပြည်သူများအား ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီး ခြိမ်းခြောက် ငွေညှစ်နေတာကြောင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က စစ်ရေးအဖြစ် သတ်မှတ်ခဲ့ကာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

KRF အနေနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းနဲ့ စကစ လက်ပါးစေများ၊ သတင်းပေးဒလန်များနဲ့ စကစဒေါက်တိုင်များအား ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဖော်ပြထားပါတယ်။ဒါ့ပြင် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမယ့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျင်းမရှိကြောင်းကိုလည်း KRF က ထည့်သွင်းပြောဆိုထားတာြဖစ်ပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တပ်နဲ့ကင်းကွာတဲ့ ရဲဘော်တွေ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ မတ္တရာမြို့နယ်ပကဖ ဆင့်‌ခေါ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 13 Views
စစ်တပ်ဘက် ကူးပြောင်းပြီး သွေးဆောင်ဖျားယောင်းနေတဲ့ ရဲဘော်ဟောင်းတွေကို အရေးယူမယ်လို့ဆို ဧပြီလ (၂၃)ရက်။ တပ်နဲ့ကင်းကွာနေတဲ့ ရဲဘော်တွေ ပြန်လည်လာရောက်ပြီး တာဝန်ထမ်းဆောင်ကြဖို့ မတ္တရာမြို့နယ်ပကဖက
မြန်မာသတင်း

အာဆီယံနဲ့ ပုံမှန်ဆက်ဆက်ရေး ပြန်ရဖို့ ထောက်ခံပေးမယ်ဆိုပြီး နေပြည်တော်ရောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 14 Views
ဧပြီလ (၂၃)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ
မြန်မာသတင်း

နေပြည်တော်အနီး စစ်ကော်မရှင်ရဲ့ ခမရ(၄၁၁) ပူးပေါင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 11 Views
ဧပြီလ (၂၃)ရက်။ မနေ့က နံနက် (၅)နာရီအချိန်က နေပြည်တော် လယ်ဝေးမြို့ အောင်ချမ်းသာရွာသစ် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲ့ ခမရ(၄၁၁)ကို တိုက်ခိုက်ခဲ့တယ်လို့ သံတောင်မြောက်ပိုင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခမရ(၄၁၁) စခန်းသိမ်းတိုက်ပွဲဟာ (၁၅)မိနစ်ခန့် ကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

KTLA ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA တပ်ဖွဲ့ဝင် (၄)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 12 Views
ဧပြီလ (၂၃)ရက်။ မနေ့က နံနက် (၄)နာရီအချိန်က ကစယ်ဒိုမြို့ သမီးပေါ်သောရွာမှာ KNLA တပ်ဖွဲ့ဝင်တွေကို KTLA က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သမီးပေါ်သောရွာထဲ လုံခြုံရေးယူနေတဲ့
မြန်မာသတင်း

ငဖဲမြို့အခြေစိုက် စစ်ကော်မရှင်ရဲ့ ကပစ(၁၄) ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 12 Views
ဗိုလ်အဆင့်အပါအဝင် (၃)ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရခဲ့ ဧပြီလ (၂၃)ရက်။ ဧပြီလ (၂၀)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ငဖဲမြို့ရှိ စစ်ကော်မရှင်ရဲ့ ကပစ(၁၄)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ CDF-Asho ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တပ်ချုပ်အသစ်က လေတပ်ဦးစီးချုပ်နေရာ ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ခန့်အပ်

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 28 Views
ဧပြီလ (၂၂)ရက်။ တပ်ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လေတပ်ဦးစီးချုပ်နေရာအတွက် ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ရာထူးတိုးမြှင့်ခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ လေတပ်ဦးစီးချုပ်အနေနဲ့ ရာထူးတိုးမြှင့်ခန့်အပ်ခံရတဲ့ ထွန်းဝင်းဟာ ၁၉၈၉ခုနှစ်မှာ စစ်တပ်ထဲ စတင်ဝင်ရောက်ခဲ့ပြီး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၃၄)ဆင်းဖြစ်တယ်လို့
မြန်မာသတင်း

သရက်ကန်ပျူစောထီးရွာမှာ စစ်ကော်မရှင်ရဲတဦး မိုင်းဆွဲခံရကာ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 30 Views
ဧပြီလ (၂၂)ရက်။ ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီအချိန်က သရက်ကန်ပျူစောထီးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲဒီနေ့က ကျွန်တော်တို့ ပတ်ပြီးကြည့်တဲ့အချိန် မိုင်းကွင်းထဲမှာ
မြန်မာသတင်း

အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 25 Views
လူမှုကွန်ရက်က သတင်းမှားတွေနဲ့ ဖိအားပေးနေတယ်လို့ဆို ဧပြီလ (၂၂)ရက်။ အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး မင်းအောင်လှိုင်က မနေ့ကကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အာဆီယံနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ သမ္မတအနေနဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်က မိန့်ခွန်းပြောတာမှာ