NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ PDF တပ်ရင်းတွေဆီကို Drone အစင်းရေ (၄၀၀) ကျော် ဖြန့်ကျက်ပို့ဆောင်ထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုရဲ့ တော်လှန်ရေး ရန်ပုံငွေတွေကို စုစည်းပြီးတေ့ တိုင်းနဲ့ ပြည်နယ်အသီးသီးကို Drone အစင်းရေ (၄၀၀) ကျော် ပို့ဆောင်ထားတာလို့ ဆိုထားပါတယ်။



အဲဒီ Drone တွေဟာ အခုဆိုရင် မြေပြင်တိုက်ပွဲမှာ အသုံးချတိုက်ပွဲဝင်နေပြီဖြစ်ပြီးတော့ အခုလို ထုတ်ပြန်တာဟာလည်း ရန်သူ့တပ်တွေကို စိတ်ဓါတ်ရေးရာ ခြိမ်းခြောက်တိုက်ပွဲဝင်နိုင်နေတယ်ဆိုတာ အများပြည်သူ သိရှိစေဖို့ ထုတ်ပြန်တာလို့ ပြောဆိုထားပါတယ်။
Era’s Eye