နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီဒေါက်တိုင်အဖြစ် ကူညီထောက်ပံ့ပေးနေသော ခရိုနီအောင်မိုးမြင့်​ရုံးကိုမြို့ပြ​ပြောက်ကျားအဖွဲ့ ဖောက်ခွဲတိုက်ခိုက်

စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်း၊ စစ်လေယာဉ်နဲ့ လေယာဉ်ဆီတွေကို ပြည်ပနိုင်ငံက မှာယူထောက်ပံ့ပေးနေတဲ့ ခရိုနီအောင်မိုးမြင့် ရုံးတည်ရှိရာကို စက်တင်ဘာလ (၂၂) ရက်နေ့ ည ၇ နာရီခွဲခန့်က Urban Special Operation (U.S.O) အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်လာပါတယ်။


တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းရှိ ခရိုနီအောင်မိုးမြင့် ပိုင်ဆိုင်တဲ့ရုံးကို စစ်ဆင်ရေးအနေနဲ့ ၄၀ မမ ဗုံးသီးဖြင့် သတိပေး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို တိုက်ခိုက်ရခြင်းက ခရိုနီအောင်မိုးမြင့်ဟာ အညာဒေသနဲ့ တိုင်းရင်းသားဒေသ‌တွေကို လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီအတွက် လေယာဉ်ဆီအပါအဝင် စစ်လက်နက်တွေကို ပြည်ပကဝယ်ယူပေးနေတာတွေကို အတွင်းဖရဲသီး သတင်းပေးပို့မှုအကူအညီနဲ့ အဲ့ဒီရုံးကို သတိပေး တိုက်ခိုက်ရခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အောင်မိုးမြင့်ဟာ Dynasty Group of Companies တည်ထောင်သူဖြစ်ပြီး မြန်မာစစ်အုပ်စုက အရပ်သား ပြည်သူတွေကို သတ်ဖြတ်ရာမှာ အသုံးပြုတဲ့ စစ်လက်နက်ဝယ်ယူဖို့ ညှိနှိုင်းဆောင်ရွက်ဝာာကို ဘယ်လာရုစ်အစိုးရအတွက် အကျိုးအမြတ် အမြောက်အများ ရှာဖွေပေးခဲ့တဲ့အတွက် အောင်မိုးမြင့်ကို ဘယ်လာရုစ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားတာဖြစ်သလို စစ်ကောင်စီအတွက် လက်နက်နဲ့ ဘဏ္ဍာငွေပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်တယ်လို့လည်း Justice for Myanmar က ထုတ်ပြန်ထားပါတယ်။

နောက်နောင် စစ်ကောင်စီ မတရားမှု ပြုလုပ်ဖို့ ကူညီပေးနေတဲ့ အကြမ်းဖက်ခရိုနီတွေရဲ့ စီးပွားရေးပိုင်ဆိုင်မှုလုပ်ငန်းအဆောက်အအုံတွေကို စစ်ရေးပစ်မှတ်တစ်ခုအဖြစ် စစ်ဆင်ရေး ဆက်လက်ဖော်ဆောင်သွားမှာ ဖြစ်သလို U.S.O အဖွဲ့ဟာ မြို့ပြအထူးစစ်ဆင်ရေးတွေ ပြုလုပ်တော့မယ်လို့ စက်တင်ဘာ ၁၅ ရက်က အသိပေးခဲ့ပြီး အခုမစ်ရှင်ဟာ ပထမဆုံးအကြိမ် ပြုလုပ်ခြင် းဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 73 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 67 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 58 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 73 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 54 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို