နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ခုခံတော်လှန်စစ်အားကောင်းတဲ့ ချင်းပြည်နယ်မှာ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီး ချင်းပြည်ကောင်စီ ဖွဲ့စည်းမည်

ခုခံတော်လှန်စစ်အားကောင်းတဲ့ ချင်းပြည်နယ်မှာ တော်လှန်ရေးအင်အားစုတွေက ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် (၃)ရပ် ဖွဲ့စည်းထူ ထောင်ဖို့နဲ့ ချင်းပြည်ကောင်စီဖွဲ့စည်းဖို့ သဘောတူခဲ့တယ်လို့ ချင်းပြည်ကောင်စီညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ (Working Committee for Chinland Council Conference – WCCCC) က စက်တင်ဘာလ (၂၂) ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။


အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ် ချေမှုန်းရေး၊ ချင်းအမျိုးသား တည်ဆောက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိတဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတည် ဆောက်ဖို့အတွက် တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နဲ့ ဒေသအခြေပြု အဖွဲ့အစည်း‌တွေအပါအဝင် ကိုယ် စားလှယ် စုစုပေါင်း (၁၀၈) ဦးတို့ဟာ နယ်စပ်တစ်နေရာမှာ စက်တင်ဘာလ (၇) ရက်ကနေ (၉) ရက်နေ့အထိ ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

WCCCC က ဦးဆောင်ပြီး တော်လှန်ရေးကာလ ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ မူးကြမ်းရေးဆွဲတာနဲ့ ချင်းပြည်ကောင်စီညီလာခံကို ၂၀၂၃ နှစ်မကုန်ခင်မှာ ကျင်းပဖို့ သဘောတူခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းပြည်နယ်မှာ စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကနေ လက်နက်ကိုင်တော်လှန်ခဲ့ကြပြီး စစ်ရေးကိစ္စတွေပူးပေါင်းဆောင်ရွက်ဖို့ ချင်းအမျိုးသားတပ်ဦး နဲ့ ချင်းလူမျိုးတွေနေထိုင်ရာ မြို့နယ်/ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး Chinland Joint Defense Committee (CJDC) ကိုဖွဲ့စည်းခဲ့သလို နိုင်ငံရေးအရဆောင်ရွက်ဖို့ ကြားကာလချင်း

အမျိုးသားအတိုင်ပင်ခံကောင်စီ Interim Chin National Consultative Council – ICNCC ) ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေထဲမှာ လက်ရှိတော်လှန်ရေးကာလအတွင်း ကရင်နီပြည်နယ်မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဦးဆောင်ပြီး အခုနှစ် ဇွန်လမှာ ဖွဲ့စည်းခဲ့သလို ပြီးခဲ့တဲ့ မေလကုန်ကလည်း စစ်ကိုင်းတိုင်း အတိုင်ပင်ကောင်စီဖွဲ့စည်းနိုင်ဖို့အတွက် စစ်ကိုင်းဖိုရမ် ကျင်းပပြုလုပ်ခဲ့တာတွေ ရှိပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 76 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 71 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 66 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 57 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 70 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 60 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို