နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 26 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကိုင်းမြို့က ကိုယ်ပိုင်ကျောင်းတစ်ခုကို စစ်ကောင်စီက ချိတ်ပိတ်ပြီး ပိုင်ရှင်ကို ဖမ်းဆီးသွား

စစ်ကိုင်းမြို့ သာစည်ရပ်ကွက်က ရင်သွေးရတနာ ကိုယ်ပိုင်ကျောင်းကို စစ်ကောင်စီက မနေ့ညပိုင်းမှာ ချိတ်ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။


ကျောင်းတည်ထောင်သူ အသက် ၆၀ ဝန်းကျင် အမျိုးသမီးကိုဖမ်းဆီးပြီး‌နောက် မနေ့ညပိုင်းမှာ ကျောင်းကိုပါ ချိတ်ပိတ်သွားတာ ဖြစ်ပါတယ်။

အဲဒီကျောင်းဟာ စစ်ကိုင်းတောင်ခြေအနီးမှာရှိပြီး ကျောင်းသား ၊ကျောင်းသူ ၄၀၀ ကျော် တက်ရောက်နေတဲ့ကျောင်းဖြစ်ပါတယ်။

စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကျောင်းတည်ထောင်သူ အမျိုးသမီးဟာ CDM ပြုလုပ်ဖို့ လူမှုကွန်ရက်မှာ လှုံဆော်တာ ၊NUG ရဲ့ အွန်လိုင်းစာသင်ကျောင်းမှာ သင်ကြားမှုပြုလုပ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။
ဒါ့အပြင် ကျောင်းတည်ထောင်သူအမျိုးသမီးကိုထောင်ဒဏ်နှစ်ရှည်ချလို့ရတဲ့ အကြမ်းဖက်ပုဒ် ၅၂ (က) နဲ့ တရားစွဲထားတယ်လို့လည်း ရေးသားထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 5 Views
မတ်လ (၂၆)ရက်။ မနေ့က ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲ့မြို့နယ်ထဲရှိ စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU
မြန်မာသတင်း

ရန်ကုန်-မော်လမြိုင်လမ်းပေါ် ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီစသုံးလုံးအဖွဲ့ တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံး

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 6 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၃)ရက်နေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က ကျိုက်ထိုမြို့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က စစ်ကောင်စီရဲ့ စသုံးလုံးအဖွဲ့တွေကို တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် မိသားစုဝင် (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 17 Views
မတ်လ (၂၆)ရက်။ မနေ့က နေ့လယ် (၁)နာရီဝန်းကျင်က နွားထိုးကြီးမြို့ မာန်လည်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချင်တွေအရ သိရပါတယ်။ “ နေ့လယ် (၁)နာရီလောက် မာန်လည်ရွာတောင်ပိုင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စကစက
မြန်မာသတင်း

ရွေးကောက်ပွဲကို (၄)ကြိမ်ခွဲပြီး ကျင်းပဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 12 Views
မတ်လ (၂၆)ရက်။ ရွေးကောက်ပွဲကို (၄)ကြိမ်ခွဲပြီး ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ‌စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို အခုနှစ် ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ်၊ ၂၀၂၅ခုနှစ် ဇန်နဝါရီလ
မြန်မာသတင်း

မုံရွာအခြေစိုက် နမခဌာနချုပ် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်က (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 25 ရက်
  • 17 Views
မတ်လ (၂၅)ရက်။ မုံရွာအခြေစိုက် နမခဌာနချုပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်က (၉)ဦး သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၂၃)ရက်နေ့ ည (၉)နာရီခွဲကျော်အချိန်က
မြန်မာသတင်း

စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်ရဲ့ ပိုင်ဆိုင်တာတွေကို CDF-ထန်တလန် ချိတ်ပိတ်သိမ်းဆည်း

  • 2025 ခုနှစ်၊ မတ်လ 25 ရက်
  • 20 Views
မတ်လ (၁၅)ရက်။ ထန်တလန်မြို့ရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်ရဲ့ ပိုင်ဆိုင်တာတွေကို ပြည်သူကိုယ်စား အပြီးပိုင်သိမ်းဆည်းလိုက်တယ်လို့ CDF-ထန်တလန်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါက်တာမှုထန်ဟာ ထန်တလန်မြို့က ဒေသခံတစ်ဦးဖြစ်ပြီး မတရားအာဏာသိမ်းတာသာမက မြို့တခုလုံးကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်ကို အားပေးသူလို့
မြန်မာသတင်း

စစ်ကောင်စီက ငြိမ်းချမ်းရေးစကားဝိုင်းဆိုပြီး (၃)ရက်ကြာ ပြုလုပ်နေ

  • 2025 ခုနှစ်၊ မတ်လ 25 ရက်
  • 17 Views
မတ်လ (၂၅)ရက်။ မနေ့ကစပြီး နေပြည်တော်မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကော််မတီတွေပါဝင်တဲ့ အစုအဖွဲ့တွေက ငြိမ်းချမ်းရေးစကားဝိုင်းဆိုပြီး ကျင်းပပြုလုပ်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလိုကျင်းပတာက ငြိမ်းချမ်းရေးကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆောင်ရွက်မှသာ ရေရှည်တည်တံ့တာနဲ့ ပဋိပက္ခတွေ လျှော့ချပြီး နိုင်ငံရေး၊
မြန်မာသတင်း

နွားထိုးကြီးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီး

  • 2025 ခုနှစ်၊ မတ်လ 25 ရက်
  • 15 Views
မတ်လ (၂၅)ရက်။ မတ်လ (၂၂)ရက်နေ့ ည(၁၂)နာရီခွဲအချိန် နွာထိုးကြီးမြို့ရှိ လက်ဝဲနဲ့ မြင်းနီရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ ပြောဆိုချက်တွေအရ သိရပါတယ်။ “ (၂၂)ရက် ညသန်းခေါင် လက်ဝဲနဲ့ မြင်းနီရွာကို စကစက