နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ အာရှ

ပြန်ပေးဆွဲထားတဲ့ သင်္ဘောကို ပြန်လွှတ်ပေးဖို့ ဟူသီသူပုန်တွေကို ဂျပန်အစိုးရတောင်းဆို

ပင်လယ်နီထဲမှာ စီးနင်းခံရပြီး ပြန်ပေးဆွဲခြင်းခံလိုက်ရတဲ့ ကုန်တင်သင်္ဘောကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရကိုယ်တိုင် ဟူသီသူပုန်တွေထံ တိုက်ရိုက်တောင်းဆိုလိုက်ပါတယ်။ Galaxy Leader လို့ အမည်ရတဲ့ အဲဒီကုန်တင်သင်္ဘောဟာ အစ္စရေးလူမျိုးပိုင် သင်္ဘောဖြစ်ပြီး ဂျပန်ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

အဲဒီသင်္ဘောဟာ နိုဝင်ဘာလ ၁၉ ရက်နေ့က ပင်နယ်နီအတွင်း ဖြတ်သန်းသွားချိန်မှာ ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်တွေက စီးနင်းကာ ပြန်ပေးဆွဲသွားခဲ့တာဖြစ်ပါတယ်။ ဟူသီသူပုန်တွေကတော့ အိန္ဒိယကနေ တူရကီနိုင်ငံကို ထွက်ခွါလာတဲ့ Galaxy Leader သင်္ဘောကို ပြန်ပေးဆွဲထားတာဟာ ဂါဇာဒေသအပေါ် အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်အတွက် လက်စားချေတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဂျပန်အစိုးရက ဝေဖန်ရှုတ်ချခဲ့ပြီး အီရန်၊ ဆော်ဒီအာရေဗျ၊ အိုမန်နိုင်ငံ အစိုးရတွေအနေနဲ့ သင်္ဘောအပါအဝင် ဓားစာခံများကို ပြန်လွှတ်ပေးဖို့အတွက် ဟူသီသူပုန်တွေကို စည်းရုံးပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမီကာဝါကတော့ သင်္ဘောပြန်ပေးဆွဲခံရတဲ့အပေါ် အစ္စရေးနဲ့ ဆက်သွယ်ဆောင်ရွက်နေသလို ဟူသီသူပုန်တွေနဲ့လည်း ဆွေးနွေးမှုပြုလုပ်ဖို့ တိုက်ရိုက်ချဉ်းကပ်နေတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကာမီကာဝါက “ ကျမတို့အနေနဲ့ သက်ဆိုင်ရာအစိုးရတွေနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့အစီအမံတွေဆောင်ရွက်နေပါတယ်”လို့ ပြောသွားခဲ့တာပါ။

သင်္ဘောပြန်ပေးဆွဲခံရတဲ့အပေါ် အစ္စရေးကလည်း အီရန်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒလို့ စွပ်စွဲပြောဆိုခဲ့သလို အဲဒီလုပ်ရပ်က ရေကြောင်းလုံခြုံရေးကို အကျိုးဆက်တွေ ဖြစ်စေလိမ့်မယ်လို့ ဝေဖန်ခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ်နေသန်ယာဟုက သင်္ဘောရဲ့ မိခင်ကုမ္ပဏီဟာ အစ္စရေးလူမျိုးပိုင်ဖြစ်ပေမယ့် အခုသင်္ဘောကို ဗြိတိန်လူမျိုးတစ်ဦးပိုင်ဆိုင်ပြီး ဂျပန်ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ နာဆာကန်နာနီကတော့ သင်္ဘောပြန်ပေးဆွဲခံရတဲ့ ကိစ္စမှာ မိမိတို့ စနက်မပါဝင်ဘူးလို့ အတိအလင်းငြင်းဆိုထားပါတယ်။

ဟူသီသူပုန်တွေရဲ့ပြောရေးဆိုခွင့်ရှိသူ ယက်ယား ဆာရီးက “နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒေသတွင်းလုံခြုံရေးကို အလေးထားတယ်ဆိုရင် ပဋိပက္ခတွေကို ချဲ့ထွင်တာထက် အစ္စရေးရဲ့ ရန်လိုမှုကို အဆုံးသတ်ဖို့ ကြိုးစားသင့်တယ်”လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုခဲ့ပါတယ်။

ကားတွေ သယ်ဆောင်လာတဲ့ Galaxy Leader သင်္ဘောပေါ်မှာ ယူကရိန်း၊ ဘူလ်ဂေးရီးယား၊ ဖိလစ်ပိုင်နဲ့ မက္ကဆီကို နိုင်ငံသား ၂၅ ဦးပါဝင်ပြီး အစ္စရေးလူမျိုးတစ်ဦးမှ မပါဝင်ဘူးလို့ သိရပါတယ်ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 38 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 40 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 45 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 42 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 47 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက