နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

မဲဆောက်တွင် အဖမ်းအဆီးများနေ ရွှေ့ပြောင်းမြန်မာများအထူးဂရုစိုက်ရန်လို

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာလုပ်သားအများအပြားရှိရာ စက်ရုံအလုပ်အရုံများကို
စစ်ဆေးတင်းကြပ်မှုများဆက်တိုက်လုပ်ဆောင်နေတယ်လို့ မဲဆောက်ရောက် မြန်မာတွေဆီကသိရပါိတယ်။

မဲဆောက်မြို့မှာ မေ၂၂ ရက်နေ့မှစတင်ပြီး ထိုင်း ရဲတပ်ဖွဲ့ ၊ နယ်ခြားစောင့်တပ် ၊ ယာဉ်ထိန်းရဲနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာနတို့ အပါအဝင် အခြား ဌာနဆိုင်ရာဝန်ထမ်း တွေနဲ့အတူလမ်းများပေါ်တွင် ဂိတ်ချ၍ ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဖမ်းဆီးမှုများသည်အများအားဖြင့် မြန်မာနိုင်ငံ သားများကို တွေ့ရှိပါက မသင်္ကာဟု သံသယရှိလျင် ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး ငွေတောင်းခံခြင်းများလည်းရှိနေတယ်လ်ု့သိရပါတယ်။

အခုလို ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေခြင်းမှာ ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲအတွင်း ပြီးခဲ့သည့် မေ ၁၄ ရက် က မဲဆောက်မြို့ မယ်ပရပ်ကွက်ရှိ မာလွေ လုံးချင်းအိမ်ရာဝင်းအတွင်း မှာလက်နက်နှင့် ဆက်စပ်ပစ္စည်း အစိတ်အပိုင်းများကို ဖမ်းဆီးရမိခဲ့ပြီးမြန်မာ အမျိုးသမီး ၁ ဦးနှင့် ထိုင်းနိုင်ငံသား ၂ ဦးတို့ကို ပါဖမ်းဆီးမိခဲ့ရာကနေအခုလို စစ်ဆေးတင်းကြပ်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။

အခုစီမံချက်ကို မေလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ပြီး နွေဦးတော်လှန်ရေးကြောင့် မဲဆောက်တွင် လာရောက်ခိုလှုံနေရသည့် မြန်မာနိုင်ငံသားများအနေဖြင့် အထူး သတိထားကြရန်လည်း နိုင်ငံရေးတက်ကြွလှုပ်ရှား သူများ က သတိပေးထားပါတယ်။

အကယ်၍ ဖမ်းဆီးခံရပါက ထိုင်းနိုင်ငံဥပဒေအရ
အချုပ်ထဲတွင် ၄၅ ရက်နေရမှာဖြစ်ပြီး မနေချင်ပါက ဒဏ်ငွေ ဘတ် ၅၀၀ ပေးဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။

မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ယခုရက်ပိုင်းအတွင်း အသွားအလာ ၊ အနေအထိုင် ဆင်ခြင်ကြရန်နှင့် နိုင်ငံရေးဖြင့် လာရောက်ခိုလှုံသူများအနေဖြင့်လည်း တော်လှန်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ဆင်ခြင်ကြရန် အလုပ်သမားရေးဆောင်ရွက်သူများက သတိပေးထားပါတယ်။

Era’sEyes/Photo-CRD / Ref:Irrawaddy

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 13 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 14 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 15 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 18 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 27 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 37 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး