နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီ လက်အောက်ခံ (BGF) စခန်းကို KNLA က ဝင်တိုက် ၊ BGF ၅ ဦးသေ

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မူတြော်ခရိုင်အုပ်ချုပ်ရေးဒေသ မှာ စစ်ကောင်စီလက်ပါးစေ နယ်ခြားစောင့်တပ် (BGF) စခန်းကို ကရင်အမျိုးသားတပ်မတော် (KNLA) ကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ပွဲမှာ BGF ၅ ဦးသေတယ်လို့ KNU-
မူတြော် က မေ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်းထုတ်ပြန်ချက်ထဲမှာ မူတြော်ခရိုင်အတွင်းက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ်နဲ့ အမျှ ခိုးဆိုးလုယူစားသောက်ကာ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ နယ်ခြားစောင့်တပ် (BGF) နဲ့ စစ်​ကောင်စီတပ် တို့ ဟာ KNLA အမှတ်(၅)တပ်မဟာလက်အောက်က တပ်ရင်း၊ တပ်ခွဲတွေနဲ့ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဖော်ပြထားပါတယ်။

ကတဲတိ နဲ့ ထီးကဆောမဲကြားမှာ စခန်းချပြီး ပြည်သူတွေဆီက ဆက်ကြေးတောင်းယူနေတဲ့ နယ်ခြားစောင့်တပ် (BGF) စခန်းကို မေ ၂၀ ရက်၊ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်မှာ KNLA-အမှတ်(၅)တပ်မဟာလက်အောက် တပ်ရင်း (၁၀၂) နဲ့ တပ်ခွဲတွေ စုပေါင်းပြီး တိုက်ခိုက်မှု ပြုလုပ်ခဲ့ တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း BGF တွေဘက်က တပ်ခွဲမှူး စောဘာယို အပါအဝင် ၅ ဦးသေဆုံးကာ ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

နယ်ခြားစောင့်တပ် BGF-1013 တပ်က မေ ၁၉ ရက် မနက် ၁၀ နာရီ ၄၀ မိနစ်မှာ ဖိုဃဲထာကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခဲ့တာ​ကြောင့်ပြည်သူ ၂ ဦး ထိခိုက်ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU-မူတြော် က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Era’sEyes /Photo -KNLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 23 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖိလစ်ပိုင်နိုင်ငံ တာဂေတေမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 187 Views
မင်္ဂလာဒုံမြို့ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံး မိုင်းခွဲခံရ ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန် မင်္ဂလာဒုံမြို့ ပေါက်ကုန်းရပ်ကွက်ရှိ
မြန်မာသတင်း

စစ်အုပ်စု ခံစစ်ဆင်ရတဲ့နေရာတွေ များပြားလာအောင် ကြိုးစားတိုက်ပွဲဝင်ရမယ့်အချိန်လို့ PLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 28 Views
ဇန်နဝါရီလ (၂၃)ရက်။ အခုနွေဦးတော်လှန်ရေး (၅)နှစ်တာကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စိုးမိုးနယ်မြေတွေ ရယူထားနိုင်တဲ့ကာလလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစိုးမိုးနယ်မြေတွေကို စစ်ကောင်စီက စစ်ရေး၊ သံတမန်အရေး ဖိအားတွေနဲ့ ပြန်လည်ရယူထားနိုင်ပေမယ့် အချို့နေရာတွေမှာ ခံစစ်ဆင်နေရတဲ့ အခြေအနေလို့
မြန်မာသတင်း

ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းက စစ်ရှောင်တွေနေတဲ့ရွာကို စစ်တပ်ဗုံးကြဲ၊ သေဆုံးသူ (၂၀)နီးပါးရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 28 Views
ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်က ဗန်းမော်မြို့အနောက်ဘက်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကောင်ဂျာရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ကချင်အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူထံက သိရပါတယ်။ “ ညနေ(၄)နာရီခွဲလောက်မှာ စစ်ရှောင်တွေနေတဲ့ ကောင်ဂျာရွာကို စကမက လေကြောင်းကနေ ပေါင်
မြန်မာသတင်း

ထိုင်ရဲကို ပစ်ခတ်ပြီး ထွက်ပြေးပုန်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်အဖွဲ့ထံ ပြန်လွှဲပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 28 Views
ဇန်နဝါရီလ (၂၂)ရက်။ ထိုင်းရဲတပ်ကြပ်တဦးကို ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်တွေဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၂၀)ရက်နေ့ ညနေ (၅)နာရီခွဲခန့်က
မြန်မာသတင်း

မောင်တောမြို့မှာ စစ်တပ်ထောင်ထားတဲ့ M-14 မိုင်း (၇၈)လုံး AA သိမ်းဆည်းရမိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 36 Views
ဇန်နဝါရီလ (၂၂)ရက်။ မောင်တောမြို့မှာ စစ်တပ်နဲ့ ARSA ARA နဲ့ RSO အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို AA က ရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ ဇန်နဝါရီလ (၂၀)ရက်နဲ့ (၂၁)ရက်တို့မှာ
မြန်မာသတင်း

ICJ နဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာတွေ မလုပ်ဖို့ဆိုပြီး စစ်ကော်မရှင် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 31 Views
ဇန်နဝါရီလ (၂၂)ရက်။ ICJ မှာ တရားရင်ဆိုင်ဆဲကာလ အားပေးထောက်ခံတဲ့သူတွေအနေနဲ့ အထူးသတိပြု လိုက်နာရမယ့်အချက်တွေဆိုပြီး စစ်ကော်မရှင်က ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က သတိပေးထားတဲ့ အချက်တွေထဲ ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာ၊
မြန်မာသတင်း

မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် ရလဒ်ထုတ်ပြန်ဖို့ တိုင်ကြားသူတွေ တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 30 Views
ဇန်နဝါရီလ (၂၂)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွက်းဝန် မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် စစ်ဆေးတဲ့ရလဒ်ကို ထုတ်ပြန်ပေးဖို့ တိုင်ကြားသူတွေက မနေ့က တောင်းဆိုထားတယ်လို့ သိရပါတယ်။ မကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်တာ၊ အာဏာအလွဲသုံးစားလုပ်တာ၊ အဂတိလိုက်စားတာ၊ လိင်ပိုင်းဆိုင်ရာနှောက်ယှက်တာနဲ့