နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

အဆိုတော်ဗျူဟာ ဖမ်းဆီးခံရ

အဆိုတော်ဗျူဟာ ကို မေ ၂၄ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီက လာရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

အဆိုတော်ဗျူဟာကို ၎င်း၏နေအိမ် မြောက်ဒဂုံမြို့ နယ် ၄၈ ရပ်ကွက်၊ ဗထူးအိမ်ရာတွင် စစ်ကောင်စီမှ လာရောက်‌ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

လူမှုကွန်ရက်မှတစ်ဆင့် “ ရန်ကုန်မြို့ကို လျှပ်စစ်မီး ၅ နာရီခြား ခွဲတမ်းနဲ့ပေးတာတောင် စောက်ဖြစ်ရှိအောင် မပေးနိုင်တော့တဲ့ကောင်တွေကို မီးပျက်လို့ဆဲတယ်ကွာ” ဟုဆိုခြင်းကြောင့် လာရောက်ဖမ်းဆီးခေါ်‌ဆောင် ခြင်းတယ်လို့သိရပါတယ်။

လက်ရှိတွင် ၎င်းကို အင်းစိန်ထောင်၌ ဖမ်းဆီးထားပြီး စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးအကောင့်တွင် ဖမ်းဆီး အရေးယူရန်ပို့စ်တင်ပြီးနောက် မကြာမီတွင် ဖမ်းဆီးခံရခြင်းဖြစ်ပါတယ်။

ရန်ကုန်တွင် လျှပ်စစ်မီးကို အုပ်စုခွဲ၍ ၄ နာရီမီးပေး ၄ နာရီမီးဖြတ်စနစ်ဖြင့် ပေးသည်ဟု ကြေညာထားသော်လည်း ကြေညာထားသည့်အတိုင်း လျှစ်စစ်မီးရရှိမှုမရှိသည့်အတွက် ရန်ကုန်မြို့နေပြည်သူများ အခက်ကြုံနေသည်မှာ အချိန်အတိုင်းအတာတခုထိကြာမြင့်နေပြီဖြစ်ပါတယ်။

Era’sEyes/Photo -CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကရင်နီဒေသထဲ စစ်ကောင်စီကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်းသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 4 Views
နိုဝင်ဘာလ (၂၅)ရက်။ စစ်အာဏာသိမ်းချိန်ကစပြီး ကရင်နီဒေသထဲ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်း သေဆုံးပြီး (၃၃၅)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Karenni-IEC
မြန်မာသတင်း

ထားဝယ်ခရိုင်ထဲက PDF တပ်ရင်းနဲ့ ပကဖတွေပူးပေါင်းပြီး တပ်ပေါင်းစု ဖွဲ့စည်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 2 Views
နိုဝင်ဘာလ (၂၅)ရက်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်ရှိ PDF တပ်ရင်းအချို့နဲ့ မြို့နယ်ပကဖတွေ ‌ပူးပေါင်းကာ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့တယ်လို့
မြန်မာသတင်း

ရုရှားကပေးပို့တဲ့ စာနာမှုအကူအညီပစ္စည်းတွေ နေပြည်တော်လေဆိပ်ကို ရောက်လာပြီလို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 1 Views
နိုဝင်ဘာလ (၂၅)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ရုရှားနိုင်ငံကပေးပို့တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းတွေ နေပြည်တော်လေဆိပ်ကို ရောက်ရှိလာတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ဖို့အတွက် ရုရှားနိုင်ငံကိုယ်စား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနဲ့ သဘာဝဘေးအန္တရာယ်
မြန်မာသတင်း

လက်နက်ကိုင်ဖြေရှင်းနေရင် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 7 Views
နိုဝင်ဘာလ (၂၅)ရက်။ နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းနေရင် လွတ်လပ်ပေမယ့် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တိုင်းရင်းသားတွေအချင်းချင်း အပြန်အလှန် လေးစားတာ၊ နားလည်စာနာတာတို့နဲ့ တစ်ဦးနဲ့တစ်ဦးကြား
မြန်မာသတင်း

စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ် စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ NUG တိုက်တွန်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 10 Views
နိုဝင်ဘာလ (၂၅)ရက်။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ် စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာမှာ တိုက်တွန်းထားချက်အရ သိရပါတယ်။ နိုင်ငံကို ချစ်မြတ်နိုးတဲ့ အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်စွာနဲ့ လူထုကို
မြန်မာသတင်း

ကြို့ပင်ကောက်မြို့က စစ်ကောင်စီသတင်းပေး ပျုစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 8 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၂)နာရီ (၁၅)မိနစ်ခန့်က ကြို့ပင်ကောက်မြို့မှာ ပျုစောထီးတစ်ဦးဖြစ်တဲ့ ထွန်းမင်းစိုးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Dragon Brothers(GBK-PDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက ကြို့ပင်ကောက် နဂါးနီလမ်းမှာနေတာ။ ပြီးတော့
မြန်မာသတင်း

လက်ပံတန်းမြို့ သာယာကုန်းရဲစခန်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၂၀)ဦးထက်မနည်းသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 11 Views
နိုဝင်ဘာလ (၂၄)ရက်။ နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက် (၅)နာရီအချိန်က လက်ပံတန်းမြို့၊ မှော်အင်းတိုက်နယ်ရှိ သာယာကုန်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီရဲ့ သာယာကုန်းရဲစခန်းကို ကာကွယ်ရေးတပ်တွေ စုပေါင်းပြီး တော်လှန်ရေးတပ်ပေါင်းစုအသွင်နဲ့
မြန်မာသတင်း

တောင်ပိုင်းစစ်ဒေသမှာ တပတ်ထဲ စစ်ကောင်စီတပ်ကြောင့် ပြည်သူ (၈)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 7 Views
နိုဝင်ဘာလ (၂၄)ရက်။ အခုတပတ်ထဲ တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ (၈)ဦး သေဆုံးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့်  လိပ်ပေါရွာမှာ ပြည်သူတစ်ဦး သေဆုံးခဲ့တာအပါအဝင် ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့်လို့