အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မကွေးတိုင်း အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၅ ခုကို လက်နက်များ တပ်ဆင်လိုက် ပြီဖြစ်တယ်လို့ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
ဇွန်လ ၂၃ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မကွေးတိုင်းကွပ်ကဲရေး ရုံးက ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်း အပတ် စဉ် (၆) သင်တန်းဆင်းပွဲနှင့် လက်နက် တပ် ဆင်မှု အခမ်းအနား ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီအခမ်းအနား ကို မကွေးတိုင်းကွပ်ကဲရေးရုံး တာဝန်ရှိသူများ၊ တပ်ရင်း မှူးများ၊ဒုတပ်ရင်းမှူးများ တက်ရောက်ခဲ့ကြတာဖြစ်ပြီးပြည်သူ့ကာကွယ်ရေး တပ်မ တော် (PDF) မကွေးတိုင်း တာဝန်ခံ က မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
Era’sEye