နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ပူဆွေးသောကရောက်ရကြောင်း ရန်ကုန်ရှိ ကန်သံရုံးထုတ်ပြန်


အာဏာရှင်အဖွဲ့အစည်းနဲ့ ၎င်းတို့ ကျူးလွန်လျက်ရှိတဲ့ အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ပူဆွေးသောကရောက်ရကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

စစ်အာဏာရှင်အဖွဲ့အစည်းက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကွပ်မျက်ခဲ့ခြင်းသည် ယနေ့မှာ တစ်နှစ်ပြည့်မြောက်သည့်နေ့ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းခဲ့သည့်အချိန်ကစပြီး စစ်အာဏာရှင်အဖွဲ့အစည်းနဲ့ ၎င်းတို့ ကျူးလွန်လျက်ရှိတဲ့ အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့ လူပေါင်း ၃၈၀၀ကျော်အတွက် မြန်မာပြည်သူများနဲ့အတူ ပူဆွေးသောကရောက်ရပါတယ်လို့ ရေးထားပါတယ်။

အခြေခံကျသော အခွင့်အရေးများနဲ့ လွတ်လပ်ခွင့်များကို ကျင့်သုံးနိုင်ရန် စိတ်အားထက်သန်လျက်ရှိကြတဲ့ မြန်မာပြည်သူများကို ဆက်လက် အားပေးထောက်ခံသွားမယ်လို့ အမေရိကန်သံရုံးက ပြောဆိုထားပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် ၄ဦးကို စစ်ခုံရုံးက သေဒဏ်ပေး ကွပ်မျက်ခဲ့တာကို ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၄ရက်နေ့ထုတ် သတင်းစာမှာ စစ်ကောင်စီက ဖော်ပြခဲ့တာဖြစ်ပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 10 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့