၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်၊ ခေတ်မျက်လုံး။စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူတွေ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ (၄၀၀၀) ဦး အထိရှိပြီလို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဩဂုတ်လ (၂၃) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့အထိ ဖမ်းဆီးခံရသူ စုစုပေါင်း (၂၄၄၁၀) ဦး ရှိပြီး အဲ့ဒီအထဲက (၁၉၈၉၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိန်းသိမ်းခံထားရသူတွေထဲမှာ (၇၁၇၅) ဦးက ထောင်ဒဏ် ချမှတ်ခံထားရပြီး ၎င်းတို့အနက် အကျဉ်းထောင်တွေမှာ သေဒဏ်ချမှတ်ခံထားရသူ (၁၀၁) ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။အခုနှစ် (၈) လအတွင်း ပဲခူးတိုင်းမှာ စစ်အုပ်စုကြောင့် အမျိုးသမီး (၃၀) ဦးနဲ့ အမျိုးသား (၆၅) ဦး စုစုပေါင်း (၉၅) ဦး သေဆုံးခဲ့ကာ ဖမ်းဆီးခံရသူ (၁၅၇) ဦးအနက် ထောင်ဒဏ်ချမှတ်ခံရသူ (၃၁) ဦး ရှိတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
Era’sEye\News