နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

ဖမ်းဆီးခံများနှင့် ပတ်သက်သည့် ဆွေးနွေးမှုကြောင် အမေရိကန်က မြေပြင်စစ်ပွဲကို ရွှေ့ဆိုင်းရန် အကြံပြုထားခြင်းကြောင့် ဟားမတ်စ်သည် အစ္စရေးအမျိုးသမီးနှစ်ဦးကို လွှတ်ပေးခဲ့သည်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက် ဂါဇာကမ်းမြောင်ဒေသ (AP)။

ဂါဇာတွင် ဓားစာခံအဖြစ် ထိန်းသိမ်းခံထားရသော အစ္စရေး သက်ကြီးရွယ်အိုနှစ်ဦးကို ဟားမတ်စ်အဖွဲ့က တနင်္လာနေ့တွင် ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးနှင့် ဟားမတ်စ်စစ်ပွဲ ပြင်းထန်လာပါက အမေရိကန်တပ်များကို တိုက်ခိုက်ခြင်းအပါအဝင် ဒေသတွင်း ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမည်ကို အမေရိကန်ကစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ အဆောက်အအုံများကို ပြိုကျစေသည့် လေကြောင်းတိုက်ခိုက်မှုကို အစ္စရေးက အရှိန်မြှင့် လုပ်ဆောင်လာခြင်းကြောင့် ဂါဇာတွင် သေဆုံးသူဦးရေ လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး အစ္စရေးက ထိုတိုက်ခိုက်မှုသည် မြေပြင်ထိုးစစ်ကို စတင်မည့်အတွက်ဖြစ်သည်ဟု ဆိုသည်။ လွန်ခဲ့သော သီတင်းနှစ်ပတ်က ဟားမတ်စ်တို့၏ ရက်စက်ကြမ်းကြုတ်သော ကျုးကျော်မှုအတွင်း နောက်ထပ်ဓားစာခံများ ပြန်လွှတ်ပေးရေး ညှိနှိုင်းရန် မျှော်လင့်ထားသည့်အတွက် မြေပြင်မှကျူးကျော်ဝင်ရောက်ထိုးစစ်ဆင်မှုကို ရွှေ့ဆိုင်းရန် အစ္စရေးကို အမေရိကန်က အကြံပြုထားသည်။

အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာရှိ လူဦးရေ ၂.၃ သန်းသည် စားနပ်ရိက္ခာ၊ ရေနှင့် ဆေးဝါးများ ပြတ်လပ်နေရာသို့ အီဂျစ်မှ တတိယမြောက် ထောက်ပံ့ရေးယာဉ်တန်းငယ်တခု ဝင်ရောက်လာသည်။ အစ္စရေးသည် လောင်စာဆီဝင်ရောက်မှုကို တားမြစ်ထားဆဲ ဖြစ်သောကြောင့် ဂါဇာကမ်းမြောင်ဒေသအတွင်း လောင်စာသုံးကုန်တင်ယာဉ်များ မရှိတော့သည့်အချိန်တွင် ရက်ပိုင်းအတွင်း ရပ်တန့်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်သည်။ ဒဏ်ရာရရှိသူများ၏ အဆက်မပြတ် ဝင်ရောက်လာသည့် လျှံနေသောဒဏ်ရာရလူနာများနှင့် ဆေးရုံများသည် လမစေ့ဘဲမွေးဖွားသည့် ကလေးများအတွက် အသက်ရှူ ဆေးပစ္စည်းများနှင့် မီးဖွားပေးသည့် မီးစက်များ လည်ပတ်နေစေရန်အတွက်ကြိုးစား ရုန်းကန်နေရပါသည်။

လွတ်မြောက်လာသည့် ဓားစာခံနှစ်ဦးဖြစ်သည့် အသက် ၈၅ နှစ်ရှိ Yocheved Lifshitz နှင့် အသက် ၇၉ နှစ်အရွယ် Nurit Cooper တို့ကို ဂါဇာမှ ရာဖာဖြတ်ကျော်လမ်းမှ အီဂျစ်နိုင်ငံသို့ ကယ်ထုတ်ခဲ့ပြီး ၎င်းတို့အား အရေးပေါ်လူနာတင်ယာဉ်ပေါ်သို့ တင်ထားကြောင်း အီဂျစ်ရုပ်သံတွင် ပြသထားသည့် ဗီဒီယိုဖိုင်အရ သိရသည်။ အဆိုပါ အမျိုးသမီးနှစ်ဦးသည် ၎င်းတို့၏ခင်ပွန်းများနှင့်အတူ ဂါဇာနယ်စပ်အနီး ကီဘွတ်ဇ်ရှိ နေအိမ်များမှ ဟားမတ်စ်တို့၏ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှု အတွင်း ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းတို့၏ခင်ပွန်းများကိုမူ လွှတ်ပေးခြင်းမရှိပါ။

“အမေ အခု ဘေးကင်းကြောင်း သက်သာရာရကြောင်းကို စကားနဲ့တောင်ပြောမပြနိုင်ပါဘူး ဂါဇာမှာကျန်ရှိနေတဲ့ ကျမအဖေနဲ့ ဓားစာခံအဖြစ် ကျန်ရှိနေခဲ့တဲ့ အပြစ်မဲ့ လူ ၂၀၀ လောက်ကို လွတ်မြောက်ရေးအတွက် အာရုံစိုက်နေမှာပါ” ဟု Lifshitz ၏ သမီးဖြစ်သူ Sharone Lifschitz က သူမ၏ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ။

သူ့နာမည်အတွက် စာလုံးပေါင်းအမျိုးမျိုးသုံးတဲ့ Lifschitz သည် လန်ဒန်မှ အနုပညာရှင်နဲ့ ပညာရှင် တယောက်ဖြစ်ပြီး သူ့မိဘတွေက ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ပြီး သူ့အဖေက ဂါဇာနယ်စပ်ကို ပါလက်စတိုင်းတွေကို ဆေးကုသဖို့ အရှေ့ဘက် ဂျေရုဆလင်ကို ခေါ်သွားလေ့ရှိတယ်လို့ သတင်းထောက်တွေကို ပြောပြခဲ့သည်။ သူ့မိဘ၏ ကြင်နာမှုသည် သူတို့ကို တစ်နည်းတစ်ဖုံ ကယ်တင်နိုင်သည်ဟု သူမက ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။ “ကျွန်မ ကြီးပြင်းလာတဲ့အခါ၊ သိကြတဲ့အတိုင်း၊ ဂျူး ၆သန်း ကိုဂျာမန်နာဇီတွေကသတ်ဖြတ်ခဲ့တဲ့ Holocaust ဇာတ်လမ်းတွေနဲ့အတူ ကျမရဲ့ ဦးလေးတွေရဲ့ သူတို့ရဲ့ကြင်နာမှုကြောင့် အသက်တွေ မသေခဲ့ဘူးဆိုတာ သိပါတယ်” လို့ သူမက ဆိုပါသည်။

Source: AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 19 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 28 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 35 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်