မုံရွာ-ပုသိမ် လမ်းပိုင်းရှိ ရွာတွေကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၁၂ နာရီခန့်က စတင်ပြီး စစ်တပ်က ဝင်ရောက်စီးနင်းနေတယ်လို့ သိရပြီး ရွာ ၁၁ ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လ်ု့သိရပါတယ်။
အကြမ်းဖက် စစ်တပ်က ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်း မုံရွာ-ပုသိမ် လမ်းပိုင်းက ကျေးရွာ ၁၁ ရွာကို စစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဝင်ရောက်စီးနင်းတဲ့အတွက် ဒေသခံပြည်သူ သောင်းကျော် ထွက်ပြေးနေရတယ်လို့သိရပါတယ်။
ဒီနေ့ မွန်းလွဲ ၁၂ နာရီလောက်ကစပြီး ယင်းမာပင် အရှေ့ခြမ်းနဲ့ ဆားလင်းကြီး မြောက်ခြမ်းမှာရှိတဲ့ မုံရွာ-ပုသိမ် လမ်းဘေး ဝဲယာက ရွာတွေကို စစ်တပ်စီးနင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။