ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးက ကျေးရွာတွေကိုစစ်တပ်က ဝင်ရောက်စီးနင်းကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင် နေတယ်လို့သိရပါတယ်။ တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် ပြည်သူများ ထွက်ပြေးနေရတယ်လို့သိရပါတယ်။
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ပတ်ဝန်းကျင်ရှိ ကမ်းနီ၊ မိဂလုံ၊ ကော့ကာ၊ ကော့ ကျိုက် ကျေးရွာများကို စစ်ကောင်စီတပ်များက ဝင်ရောက်လာပြီး ကျေး ရွာများကို မီးတင်ရှို့နေ တာဖြစ်ပါတယ်။ ပြီးခဲတဲ့ညပိုင်းက ကျုံဒိုးမြို့ ကမ်းနီကျေးရွာအတွင်းက နေအိမ်တွေအပေါ်လက် နက် ကြီးကျရောက် ပေါက်ကွဲခဲ့ပါတယ်။