နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာရှိ စစ်တပ် လဝကရုံးကို RPG-7 နဲ့ အလစ်ဝင်ရောက်တိုက်ခိုက်၊ စစ်သားလေးဦး ပွဲချင်းပြီး သေဆုံး ◼ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လက်နက်ခဲယမ်းများလိုအပ်ချက် ရှိနေ

မုံရွာရှိ ညောင်ပင်စောက် လဝက ရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စု ကို RPG-7နဲ့ အလစ်ဝင်ရောက်တိုက်ခံရလို့ စစ်သား လေးဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။ မုံရွာမြို့ ညောင်ပင်စောက် လဝက ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၄ရက်က RPG-7 နဲ့အလစ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလဝကရုံး က စစ်သား လေးယောက် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေး တပ်ဖွဲရဲ့ က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီ ကို တိုက်ခိုက်နေတဲ့ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chlndwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄ ရဲ့ တပ်ရင်းတပ်ခွဲတပ်ဖွဲ့တွေအတွက် အရေးပေါ် လက်နက် ခဲယမ်းတွေ လိုအပ်နေတယ်လို့ တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ ( Monywa The Boys ) ၊ မုံရွာခရိုင်တပ်ရင်း – ၄ တပ်ခွဲ – ၄ 5 / Teachers People Defense Force PDF တို့အပါအဝင် မုံရွာခရိုင်တပ်ရင်း – ၇ ( Lightning People Defence Force ) ၊ မော်လိုက်ခရိုင် တပ်ရင်း – ၂ ၊ Spring Dove ၊ Garuda King ၊ JJF ၊ PDF – South Monywa တို့လည်း ပူပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်သာမှာ PDF တွေပါတဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး (၁၁)ဦးကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 3 Views
မေလ (၄)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တောင်သာမြို့မှာ PDF တွေလိုက်ပါတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

ဂန့်ဂေါရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 5 Views
မေလ (၄)ရက်။ ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အင်းတော်နယ်ထဲ Star Link အသုံးပြုတာတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 5 Views
မေလ (၄)ရက်။ အင်းတော်မြို့နယ်ထဲ Star Link အသုံးပြုတာတွေကို ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်ထဲ Star Link Wifi အသုံးပြုတာတွေကို NUG ရဲ့ ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 6 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို Zoom Platform ကနေ ကျင်းပခဲ့ပြီး NUG ယာယီသမ္မတ၊
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းတာ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအရ တရားဝင်မှုရယူလိုတာကြောင့်လို့ NLD ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 5 Views
မေလ (၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့တာက မင်းအောင်လှိုင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးအရတရားဝင်မှု ရယူလိုတဲ့ ဟန်ပြလုပ်ရပ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အနေနဲ့ ပြောင်းရွှေ့ထားတယ်လို့ စစ်တပ်က ထုတ်ပြန်ကြေညာတာတို့ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်လွှတ်မပေးရဲတာလဲ?

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 32 Views
တရုတ်- အမေရိကန် တို့ရဲ့ခြေလှမ်း ဒီအပတ်မေလ (၃)ရက်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၅) မှာ ပြောကြားမဲ့အကြောင်းကတော့ စစ်အုပ်စုက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးရဲတာလဲ ဆိုတဲ့အကြောင်းနဲ့ တရုတ်နဲ့ အမေရိကန်တို့ မြန်မာပြည်အပေါ် ဘယ်လို ကစားကြမလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့
မြန်မာသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 26 Views
မေလ (၂)ရက်။ နေပြည်တော်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။ “ ဝမ်ယိက နေပြည်တော်ကိုလာတဲ့အချိန် အန်တီနဲ့ တွေ့သွားတယ်။ ဒါပေမယ့် အဲ့သတင်းက နှစ်ဖက်စလုံးက မထုတ်ပြန်ဘူး။ အိန်တီလဲ
မြန်မာသတင်း

ရန်ကုန်မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 25 Views
မေလ (၂)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်မြို့ထဲ အာဏာရှင်ရဲ့ လုံခြုံရေးအစီအမံကို