နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူနယ်က ညောင်ဇင်ကြီးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး၊ စိတ်ဝေဒနာရှင် တစ်ဦးကို မီးရှို့သတ်ဖြတ်ကာ ရွာဦးကျောင်းဆရာတော်ကို ပါဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်ဟာ ပျူစောထီးအဖွဲ့ နှင့်အတူ အင်အား (၁၅၀)ခန့်ဟာ ညောင်ဇင်ကြီးကျေးရွာကို မတ် (၂၃) ရက် ညနေ ၄ နာရီခွဲခန့်က မီးရှို့ဖျက်ဆီးပြီး စိတ် ဝေဒနာရှင် အမျိုးသားတစ်ဦးကို မီးရှို့သတ်ဖြတ်သွား တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကထုတ်ပြန်ထားချက်အရသိရပါတယ်။

ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ /
(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ )

စစ်အုပ်စုက နေအိမ် ၃၀ ကျော်နှင့် လယ်ယာသုံးပစ္စည်းများ၊ စပါးများကိုပါ မီးရှို့ဖျက်ဆီးကာ ရွာဦးကျောင်းဆရာတော်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ /
(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ )

စစ်ကောင်စီတပ်နှင့် ပျူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ညောင်ဇင်ကြီးရွာရှိ နေအိမ် ၃၂လုံး နှင့် ဆိုင်ကယ် ၁၇ စီးအပြင် လယ် ယာသုံးလက်တွန်းထွန်စက် သုံးစီး ၊ ထွန်စက် တစ်စီးနှင့် ဘုန်းကြီးကျောင်းတွင် ဒေသခံများထားရှိသည့်စပါးတင်းရာနှင့်ချီပါ မီးလောင်‌ဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းကြောင့် ညောင်ဇင်ကြီးရွာနှင့်အနီးအနားရှိရွာမှ ဒေသခံ ပြည်သူတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“၂၀၂၆ စစ်ရေးအလှည့်အပြောင်း”

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 17 Views
“နျုကြည်ကလည်းတိုက်-KIA ကလည်းတိုက်” ဒီအပတ် တနင်္ဂနွေနေ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်း (၂၈) မှာ ၂၀၂၆နှစ်သစ်မှာ စစ်ရေးအလှည့်အပြောင်းတွေဘာတွေဖြစ်လာနေသလဲ ဘယ်လို သုံးသပ်မိသလဲ
မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်တပ်ယာဉ် မိုင်းဆွဲခံရပြီး (၂)ဦး‌သေသေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 37 Views
ဇန်နဝါရီလ (၃)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲအချိန်က ပေါင်းခေါင်း‌မြို့မှာ စစ်တပ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကြိုတင်မဲကိစ္စ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတဲ့အပေါ် စစ်ကော်မရှင်ပြန်ရှင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 33 Views
ဇန်နဝါရီလ (၃)ရက်။ ကြိုတင်မဲနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြောဆိုနေကြတဲ့အပေါ် စစ်တပ်လက်အောက်ခံ ရွေး/ကော်က ဒီကနေ့မှာ ပြန်လည်ရှင်းလင်းချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကြိုတင်မဲပေးတာကို သက်ဆိုင်ရာရွေး/ကော်အဖွဲ့ခွဲတွေက နိုင်ငံရေးပါတီတွေကို အသိပေးခဲ့ပြီး မဲပေးခဲ့သလို ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံမဖွင့်ခင် မဲရုံမှူးတွေဆီ အပ်နှံခဲ့တယ်လို့
မြန်မာသတင်း

ကသာမြို့သိမ်းတိုက်ပွဲ မြို့လယ်အထိ တော်လှန်ရေးတပ်တွေ ဝင်ရောက်ထိုးစစ်ဆင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 24 Views
ဇန်နဝါရီလ (၃)ရက်။ ကသာမြို့သိမ်းတိုက်ပွဲထဲ မြို့လယ်အထိ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ အခု တော်လှန်ရေးတပ်တွေ မြို့ထဲ တောက်လျှောက်ဝင်သွားတာ မြို့ရဲ့တဝက်လို့ ပြောလို့ရနေပြီပေါ့၊ မြို့လယ်ခေါင်အထိရောက်နေပြီ။ စခတွေကတော့ ခမရ(၃၀၉)တခုထဲကပဲ အဓိကခုခံနေတာ” လို့
မြန်မာသတင်း

လှည်းကူးမြို့ရှိ စစ်ကောင်စီရဲ့ ခရိုင်ထွေ/အုပ်ရုံး မိုင်းခွဲခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 24 Views
ဇန်နဝါရီလ (၃)ရက်။ မနေ့က ညနေ (၆)နာရီ (၄၀)ခန့်က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခရိုင်ထွေ/အုပ်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လှည်းကူး ပဲခူးကားလမ်းမကြီးဘေးက ခရိုင်ထွေ/အုပ်ရုံးကို နှစ်သစ်ကူးလက်ဆောင်အနေနဲ့
မြန်မာသတင်း

ဆင်ဖြူကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ ရုံးဌာနတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 28 Views
ဇန်နဝါရီလ (၂)ရက်။ မနေ့က ဆင်ဖြူကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ ထွေ/အုပ်ရုံးအပါအဝင် ထောက်တိုင် ရုံးဌာနတွေကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ‌ထောက်တိုင်ရုံးဌာနတွေကို မင်းဘူးခရိုင်စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက
မြန်မာသတင်း

ဆိပ်ဖြူမြို့မှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး (၁၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 34 Views
ဇန်နဝါရီလ (၂)ရက်။ ဒီဇင်ဘာလ (၃၀)ရက်နေ့က ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင်စစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆိပ်ဖြူမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ ကား(၄)စီးပါယာဉ်တန်းကို လာကြိုတဲ့ သံပြားကာကား(၁)စီးနဲ့ အိမ်စီးကား (၁)စီးကို
မြန်မာသတင်း

ဒီပဲယင်းနယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 24 Views
ဇန်နဝါရီလ (၂)ရက်။ မနေ့က ည (၇)နာရီခွဲအချိန်က ဒီပဲယင်းနယ် မူးကမ်းကြီးရွာရှိ စစ်ဘေးရှောင်တွေ‌ရှိတဲ့ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ည (၇)နာရီခွဲလောက် မူးကမ်းကြီးရွာမှာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်းကို