နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူနယ်က ညောင်ဇင်ကြီးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး၊ စိတ်ဝေဒနာရှင် တစ်ဦးကို မီးရှို့သတ်ဖြတ်ကာ ရွာဦးကျောင်းဆရာတော်ကို ပါဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်ဟာ ပျူစောထီးအဖွဲ့ နှင့်အတူ အင်အား (၁၅၀)ခန့်ဟာ ညောင်ဇင်ကြီးကျေးရွာကို မတ် (၂၃) ရက် ညနေ ၄ နာရီခွဲခန့်က မီးရှို့ဖျက်ဆီးပြီး စိတ် ဝေဒနာရှင် အမျိုးသားတစ်ဦးကို မီးရှို့သတ်ဖြတ်သွား တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကထုတ်ပြန်ထားချက်အရသိရပါတယ်။

ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ /
(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ )

စစ်အုပ်စုက နေအိမ် ၃၀ ကျော်နှင့် လယ်ယာသုံးပစ္စည်းများ၊ စပါးများကိုပါ မီးရှို့ဖျက်ဆီးကာ ရွာဦးကျောင်းဆရာတော်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ /
(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ )

စစ်ကောင်စီတပ်နှင့် ပျူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ညောင်ဇင်ကြီးရွာရှိ နေအိမ် ၃၂လုံး နှင့် ဆိုင်ကယ် ၁၇ စီးအပြင် လယ် ယာသုံးလက်တွန်းထွန်စက် သုံးစီး ၊ ထွန်စက် တစ်စီးနှင့် ဘုန်းကြီးကျောင်းတွင် ဒေသခံများထားရှိသည့်စပါးတင်းရာနှင့်ချီပါ မီးလောင်‌ဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းကြောင့် ညောင်ဇင်ကြီးရွာနှင့်အနီးအနားရှိရွာမှ ဒေသခံ ပြည်သူတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြိုမှာ DKBA ခေါင်းဆောင်တဦးကို ရေးဘီလူးတပ်ရင်း ဝင်ရောက်ပစ်ခတ်၊ လက်နက်ခဲယမ်းအချို သိမ်းဆည်းရမိခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
ဧပြီလ (၃၀)ရက်။ ရေးမြိုနယ်မှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ DKBA ခေါင်းဆောင် ထွန်းရီဆိုသူကို ပစ်ခတ်ခဲ့တယ်လို ရေးဘီလူးတပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကဆုန်လပြည့်ဗုဒ္ဓနေ့ အကျဉ်းသား (၁၅၀၀)ကျော်ကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင် လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 20 Views
ဧပြီလ (၃၀)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား (၁၅၀၈)ဦးကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်က
မြန်မာသတင်း

ပုလဲနယ်ထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အထိအခိုက်အကျအဆုံး များပြားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
ဧပြီလ (၃၀)ရက်။ ဖေဖော်ဝါရီလ (၂၂ရက်နေ့ကစပြီး ပုလဲနယ် ချင်ပစ်-မုံသွင်ဘက်မှာ အင်အား (၄၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ယင်းမာပင်ခရိုင်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား (၁)လကျော်ကြာ
မြန်မာသတင်း

မြိုင်မြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 32 Views
ဧပြီလ (၂၉)ရက်။ ဒီကနေ့ မြိုင်မြို့နယ်အရှေ့မြောက်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကော်မရှင်ဂိတ်စခန်းကို ပခုက္ကူခရိုင် အမှတ်(၂၊၆၊၇)တပ်ရင်းတွေ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်တော်(MGY) အညာမြေတပ်ပေါင်းစုနဲ့ မြိုင်(ပ.က.ဖ)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲဟာ (၁)နာရီနီးပါး ကြာမြင့်ခဲ့ပြီး အဲ့ဒီဂိတ်နေရာမှာ
မြန်မာသတင်း

“ The Low-Class Intellectuals”

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 28 Views
By U Tin Nyunt (April 16, 2026) Note: The Author was arrested after he published the article and his whereabout
မြန်မာသတင်း

ရေးမြို့ ဖားအင်အခြေစိုက် စစ်တပ်ရဲ့ စကခ(၁၉)ရှိ လက်နက်ခဲယမ်းတိုက် ဖောက်ခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 36 Views
စစ်တပ်ဘက်က လက်နက်မျိုးစုံ (၂၀၀)ခန့် ပျက်စီးခဲ့ပြီး (၄)ဦးသေဆုံးခဲ့ ဧပြီလ (၂၉)ရက်။ ဧပြီလ (၁၉)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ရေးမြို့ ဖားအင်အခြေစိုက် စစ်တပ်ရဲ့ စကခ(၁၉)ရှိ လက်နက်ခဲယမ်းတိုက်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ နည်းဗျူဟာ(၃၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အရောတော်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဒဏ်ရာရတဲ့ ပျူစောထီးမိသားစုကို ပကဖက ကယ်ဆယ်စောင့်ရှောက်ထား

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 25 Views
ဧပြီလ (၂၉)ရက်။ အရာတော်ဒေသမှာ ဒဏ်ရာရတဲ့ စစ်တပ်ဒေါက်တိုင် ပျူစောထီးမိသားစုကို မြို့နယ်ပကဖက တိုက်ပွဲကနေ ကယ်ဆယ်စောင့်ရှောက်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သလဲဘာရွာ ပြည်သူ့စစ်ရဲဘော် ငလင်းရဲ့ ဇနီးနဲ့ ကလေးငယ်တဦးဟာ အရာတော်ဒေသ တိုက်ပွဲထဲ စစ်တပ်ရဲ့
မြန်မာသတင်း

နွားထိုးကြီးနယ် ထိတွေ့တိုက်ပွဲထဲ စစ်တပ်ဘက်က (၂၀)ဦးခန့် ‌သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 38 Views
ဧပြီလ (၂၉)ရက်။ နွားထိုးကြီးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ နွားထိုးကြီး PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၄)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က နွားထိုးကြီးမြို့ ခံစပ်ကုန်း(န)ရွာကနေ အင်အား