ကရင်ပြည်နယ်အတွင်း စစ်ပွဲများပြင်းထန်နေပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့က မြဝတီအနီးက တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35 (၂) စီးနဲ့ လာရောက်ပစ်ခတ်သွားတာကို တွေ့မြင်ရပါတယ်။ ဒီပစ်ခတ်မှုမှာ မီးလောင်စွမ်းပြင်းတဲ့ S5 Rocket များကို အသုံးပြုသွားပါတယ်။
စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေမှာ ပေါင် ၅၀၀ ဗုံး အနည်းဆုံး (၃) လုံး အသုံးပြုခဲ့ကြောင်းလည်း သိရှိရပါတယ်။ နှစ်ဘက် အကျအဆုံးများ ရှိနေပြီး ကရင်ပူးပေါင်းတပ်ဖွဲ့တွေ ဘက်မှာလည်း နိုင်ငံခြားသားအပါအဝင် အကျအဆုံးများ ရှိကြောင်း သိရှိရပါတယ်။
ခေတ်မျက်လုံးသတင်းဌာနအနေ နောက်ဆုံးအခြေအနေများကို စုံစမ်းစိစစ်ဆဲ ဖြစ်ပြီး အချိန်နဲ့အမျှ ဆက်လက်တင်ပြပေးသွားပါ့မယ်။