ယနေ့ ဧပြီလ (၂၄) ရက်နေ့သည် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) (CDF-Mindat) တည်ထောင်သည့် (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သဘောထားထုတ်ပြန် ကြေညာလိုက်သည်။
ယင်းကြေညာချက်တွင် စစ်အာဏာသိန်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့ရာမှ စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွဲခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့မှ မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူတရပ်လုံးက ရရာလက်နက်ဖြင့် ခုခံတော်လှန်ခဲ့သည်မှာ ယနေ့တွင် နှစ်နှစ်ပြည့်မြောက်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း (၂၁၈) ကြိမ် ဖြစ်ပွားခဲ့ပြီး CDF-Mindat မှ ရဲဘော် (၅၅) ဦး ကျဆုံးခဲ့ကြောင်း မှတ်တမ်းတင်ဖော်ပြခဲ့သည်။
နှစ်ဘက်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ စုစုပေါင်း (၄၅၀) ကျော် ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရမှ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှလည်း နှုတ်ခွန်းဆက်သဝဏ်လွှာ ပေးပို့ခဲ့သည်။
Era’sEyes