ရန်ကုန် သခင်မြပန်းခြံမှာ မေလ ၂၅ ရက် မနက်ပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီပေါက်ကွဲမှုဟာ နေ့လယ် ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာပါ။
စစ်တပ်က ဗုံးကို ဖောက်ခွဲဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့လည်း အနီးနားကသူတွေကဆိုပါတယ်။
ဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ မသင်္ကာဖွယ်ရာ ကြွပ်ကြွပ်အိတ် အနက်ရောင် သုံးလုံးထဲက နှစ်လုံးဟာ ပေါက်ကွဲခဲ့ပြီး ကျန်တစ်အိတ်မှာတော့ အလျား ၁၀ လက်မရှိတဲ့ လက်လုပ်ဗုံးတစ်လုံး တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး သခင်မြပန်းခြံထဲက လျှပ်စစ်ကား (EV) အားသွင်းရာနေရာအနီး မှာ လက်လုပ်ဗုံးတစ်လုံး တွေ့ခဲ့ရတယ်လို့ စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေက ရေးသားထားပါတယ်။
Era’sEye/သခင်မြပန်းခြံကို တွေ့ရစဉ်။Photo-CJ