နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်နယ်အဆင့်အခြေခံအမှုစစ်သင်တန်း ဖွင့်လှစ်ပို့ချပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ ချင်းပြည် နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တဲ့ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်နယ်အဆင့်အခြေခံအမှုစစ်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) ကို ဖွင့်လှစ်ပို့ချခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီ သင်တန်းကို ဇွန် ၁ရက်ကနေ ဇွန် ၁၉ရက်နေ့အထိ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ချင်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက သင်တန်းသားဦးရေ (၈၈) ဦးတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

သင်တန်းကာလအတွင်း အခြေခံစစ်ရေးပြ၊ အမှုစစ်၊ နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေး၊ Federal ရဲတပ်ဖွဲ့စနစ်၊ နိုင်ငံတကာရဲတပ်ဖွဲ့ကျင့်ဝတ်နဲ့ ဥပဒေစတဲ့ဘာသာရပ်တွေကို သင်ကြားပို့ချပေးခဲ့တာဖြစ်ပါတယ်။

သင်တန်း ဆင်းတဲ့ ရဲတပ်ဖွဲ့ဝင်များအားလုံးဟာ ချင်းပြည်နယ်ရဲ့ လိုအပ်တဲ့ နေရာတွေမှာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

TNLA ဆုတ်ခွာသွားမယ့် မြို့တွေကို တော်လှန်ရေးတပ်ပေါင်းစုတွေ အစွမ်းကုန်ကာကွယ်မယ်လို့ PLA ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 8 Views
‌နိုဝင်ဘာလ (၄)ရက်။ တအာင်းတပ်(TNLA)ဆုတ်ခွာသွားမယ့် မြို့တွေကို တော်လှန်ရေးတပ်ပေါင်းစုတွေက အစွမ်းကုန် ကာကွယ်သွားမယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) သတင်းနဲ့ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူ-ရေစကြိုလမ်းမမှာ ကားတွေဆီက ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်ရဲတပ်သား ပစ်ခတ်ခံရပြီး သေဆုံး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 4 Views
‌နိုဝင်ဘာလ (၄)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ နံနက် (၇)နာရီခွဲအချိန်က ပခုက္ကူမြို့ လေယာဉ်ကွင်းထိပ်မှာ ကုန်ကားတွေဆီကနေ ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်ရဲတပ်သားကို ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

ပြင်သစ်သမ္မတရဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့စာ သားဖြစ်သူ ကိုထိန်လင်း လက်ခံရရှိခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 9 Views
‌နိုဝင်ဘာလ (၄)ရက်။ ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့ ပုဂ္ဂိုလ်ရေးစာကို သားဖြစ်သူ ကိုထိန်လင်းက လက်ခံရရှိခဲ့တယ်လို့ ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မကြာသေးခင်က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ခရစ္စတန် လရှယ်ဗီနဲ့
မြန်မာသတင်း

ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းရဲ့ ဆိုင်းဘုတ်ကို ဆုတ်ဖြဲတာနဲ့ ရွေး/ကော်အဖွဲ့ဝင်တွေကို ထိုးကြိတ်ခဲ့သူအပါအဝင် (၇)ဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 6 Views
‌နိုဝင်ဘာလ (၄)ရက်။ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသူတွေဆိုပြီး အရပ်သားပြည်သူ (၇)ဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ဧရာဝတီတိုင်း ဝါးခယ်မမြို့နေသူတဦးနဲ့ ပုသိမ်မြို့နေသူတဦး၊ ဘားအံမြို့နေသူ (၂)ဦး၊ ရန်ကုန်တိုင်း ဒလမြို့နေသူတဦးနဲ့ ကမာရွတ်မြို့နေသူတဦးအပြင်
မြန်မာသတင်း

အပစ်ရပ်ကာလ တအာင်းဒေသထဲ တည်ငြိမ်ဖို့နဲ့ လွတ်လပ်စွာ ခရီးသွားနိုင်ဖို့ ဦးစားပေးဆောင်ရွက်မယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 30 Views
‌နိုဝင်ဘာလ (၃)ရက်။ အပစ်ရပ်ကာလမှာ တအာင်းပြည်ရဲ့ ဒေသထဲ တည်ငြိမ်ဖို့နဲ့ လွတ်လပ်စွာ ခရီးသွားလာနိုင်ဖို့ ဦးစားပေးဆောင်ရွက်သွားမယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုအပစ်ရပ်ကာလမှာ ခရီးသွားပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ နေရပ်မြို့ရွာကို လွတ်လပ်စွာ ခရီးသွားလာနိုင်တယ်လို့
မြန်မာသတင်း

မြဝတီရှိ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 28 Views
နိုဝင်ဘာလ (၃)ရက်။ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ဆိုပြီး စစ်ကော်မရှင်တပ်ဟာ  မြဝတီမြို့ရှိ ရသေ့ဂူရွာ၊ မင်းလက်ပံရွာနဲ့ ဖလူးရွာတို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြဝတီက ရသေ့ဂူရွာ၊ မင်းလက်ပံရွာနဲ့ ဖလူးရွာတွေကို စကမကနေပြီး
မြန်မာသတင်း

ဒီမော့ဆိုအနောက်ခြမ်း လေကြောင်းတိုက်ခိုက်ခံရတာကြောင့် တော်လှန်ရေးရဲဘော်အချို့ ထိခိုက်ကျဆုံးခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 45 Views
‌နိုဝင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၇)နာရီဝန်းကျင်က ကရင်နီပြည် ဒီမော့ဆိုအနောက်ခြမ်းတနေရာကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မနက် (၇)နာရီလောက် ဒီမော့ဆိုအနောက်ခြမ်းကို ဂျက်ဖိုက်တာကော အသေခံဒရုန်းနဲ့ကော ရှေ့ဆင့်နောက်ဆင့် ဗုံးလာကြဲသွားတာ။
မြန်မာသတင်း

မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား (၇)ဦး သတ်ဖြတ်ခံရပြီး (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 35 Views
‌နိုဝင်ဘာလ (၃)ရက်။ မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စာနယ်ဇင်းသတင်းသမား (၇)ဦးဟာ စစ်အာဏာရှင်ရဲ့ သတ်ဖြတ်တာခံခဲ့ရတယ်လို့ ယူကေသံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရကာ အခုအခါ သတင်းသမား (၅၁)ဦး ဆက်လက်ဖမ်း‌ဆီးခံထားရပြီး