နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 17 ရက်

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံရေး နည်းပညာ ဥရောပ

ရုရှားသမတပူတင်နှင့်ဝက်ဂနာခေါင်းဆောင်တို့အကြားဘီလာရုစ်သမ္မတကပွဲစားလုပ်ဖြန်ဖြေပေးသဖြင့်ပြေလည်မှုရရှိခဲ့။

ထိုသဘောတူညီချက်အကြောင်း ကျွန်ုပ်တို့သိထားသည်များ ရစ်ဂနီပရီဂေါရှင်း (Yevgeny Prigozhin) သည် စနေနေ့တွင် ရုရှားနိုင်ငံ ရော့စတော့ဖ်အွန်ဒွန်း(Rostov-on-Don) မြို့ရှိ တောင်ပိုင်းစစ်ခရိုင်ဌာနချုပ်မှ ထွက်ခွာသွားသည်။ (ရိုက်တာသတင်း) ဝါဂနာ အကြီးအကဲ ဦးဆောင်သော လက်နက်ကိုင်ပုန်ကန်မှု ရုတ်တရက်ပေါ်ပေါက်လာပြီးနောက် သိသိသာသာပြန်လည် ရပ်တန့်သွားပြီးနောက် ရုရှားပြည်သူများသည် တနင်္ဂနွေနေ့တွင် ငြိမ်သက်အေးချမ်းစွာ နိုးထလာခဲ့ကြသည်။

ရစ်ဂနီပရီဂေါရှင်းသည်သမတပူတင်ကိုစိမ်ခေါ်နိုင်သည့်အင်အားအကောင်းဆုံးသူထဲကတဦးဖြစ်သည်။ သောကြာနေ့က ရုရှားစစ်တပ်ကို ဝက်ဂနာစခန်းကို တိုက်ခိုက်ခဲ့သည့်အတွက်သူ့လူ အမြောက်အများ သေဆုံးခဲ့ရသည်ဟု စွပ်စွဲပြောဆိုခဲ့ပြီး ကရင်မလင်ကို တိုက်ခိုက်မည်ဟု ကြိမ်းဝါးထားသည် ။

သူ့စစ်သားများသည်ရုရှား တောင်ပိုင်းရှိ စစ်ရေးအရာတွင် အချက်အခြာကျသည့် အဆောက်အအုံများတည်ရှိရာ ရော့စတော့ဖ်အွန်ဒွန်းမြို့ကိုထိန်းချုပ်ထားခဲ့သည်။ တချို့ကမော်စကိုမြို့သို့ချီတက်လာခဲ့သည်။

ဒီလိုဖြစ်ပျက်နေတာကြောင့် စနေနေ့က နိုင်ငံအတွက် ပြင်းထန်တင်းမာတဲ့ မိန့်ခွန်းမှာ ပူတင်က “သစ္စာဖောက်မှုလမ်းကြောင်း” ဒါမှမဟုတ် လက်နက်ကိုင်ပုန်ကန်သူတွေကို အပြစ်ပေးမယ်လို့ ပူတင်က သတိပေးခဲ့ပါတယ်။ သို့သော် ဘီလာရုစ်အစိုးရမှ ကြားဝင်စေ့စပ်ပေမှုကြောင့် ထင်ရှားသော သဘောတူညီချက်တစ်ခု အပြီးတွင် သူပုန်ထမှုသည် စတင်ပြီးနောက် လျင်မြန်စွာ ပြီးဆုံးခဲ့သည်။ ပရီဂေါရှင်း သည် စနေနေ့တွင် ရင်ဆိုင်နေမှုကို ရပ်လိုက်ပြီး သူ့တပ်များကို ပြန်လှည့်စေခဲ့သည် ။

ဤသဘောတူညီချက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဘာသိသနည်း။ သို့ရာတွင်ထိုသဘောတူညီချက်နှင့်ပတ်သက်၍မေးခွန်းများစွာရှိနေခဲ့သည်။ ပရီဂေါရှင်း သည် ဘဲလားရပ်စ် သမ္မတ အလက်ဇန်းဒါးလူရှန်ကို ၏ ကြားဝင်စေ့စပ်ပေးသည့် သဘောတူညီချက်တစ်ခုအရ ရုရှားနိုင်ငံမှ ဘဲလားရပ်စ် သို့ ထွက်ခွာရန် သဘောတူညီခဲ့ကြောင်း ကရင်မလင်ထံ မှ သိရသည်။ သို့သော်လည်း ၎င်း၏ လက်ရှိ တည်နေရာကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပရီဂေါရှင်း အပေါ် ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေကိုလည်း ရုပ်သိမ်းမယ်လို့ ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ် က ပြောပါတယ်။ သို့သော် အင်အားကြီးသော ခေါင်းဆောင်နှစ်ဦးသည် အလျော့ပေးရန်ဆန္ဒမရှိကြဘဲ ဘာကြောင့်သဘောတူညီခဲ့ကြသနည်း ဆိုသည့်အချက်သည် မေးခွန်းထုတ်စရာဖြစ်သည်။

အခု ဝါဂနာ ရဲ့ တိုက်ခိုက်ရေးသမားတွေအတွက် ဘာဖြစ်မလဲ?

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ပက်ကော့ဗ် က ဝါဂနာ တိုက်ခိုက်ရေးသမားများသည် မော်စကိုသို့ချီတက်ရာတွင် ပါဝင်ခြင်းအတွက် ဥပဒေအရ အရေးယူမည်မဟုတ်ကြောင်း ပြောကြားပြီး ကရင်မလင်သည် ယူကရိန်းရှေ့တန်းတွင် ၎င်းတို့၏သူရဲကောင်းဆန်သော လုပ်ရပ်များကို အစဉ်လေးစားကြောင်း ပြောကြားခဲ့သည်။

သို့သော် သဘောတူညီချက်အရ ၎င်းတို့ခဏတာအုံကြွမှုအပြီး ဝါဂနာ ၏ တိုက်ခိုက်ရေး သမားများ၏ကံကြမ္မာကို မေးခွန်းများစွာဖြင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

CNN သတင်း “What we know about the apparent Belarus-brokered deal” ကိုခေတ်မျက်လုံးမှဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 57 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 113 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့် ဒေါ်လာ ၈၂ သန်းခန့် တန်ဖိုးရှိ ငွေသားနှင့် ရွှေများကို သယ်ဆောင်လာသည့် ယူကရိန်းနိုင်ငံသား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 135 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 237 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 214 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1.55K Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊