နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

နယ်မြေဒေသအကျယ်အ၀န်းအရ အင်အားလိုအပ်ချက်တွေ ရှိတယ်လို့ ကရင်နီပြည်ရဲဌာန (KSP) ပြော

ပြည်သူလူထုကို ရဲဝန်ဆောင်မှု ပိုမိုပေးစွမ်းနိုင်ရန် အဖွဲ့ဝင်အသစ်တွေ ထပ်မံစုဆောင်းနေပြီး နယ်မြေဒေသအကျယ်အဝန်းအရ အင်အား လိုအပ်ချက်တွေ ရှိနေတယ်လို့ ကရင်နီပြည်ရဲဌာန (KSP)ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ ဩဂုတ်လ (၂၅) ရက်နေ့မှာ ကရင်နီပြည်ရဲဌာန (KSP) ရဲ့ (၂) နှစ်ပြည့် အစီရင်ခံစာမှာ စိန်ခေါ်မှု အခက်အခဲတွေကို ပြောဆိုထားပါတယ်။

ကရင်နီပြည်သူလူထုကို ဝန်ဆောင်မှုတွေပေးရာမှာ ငွေကြေးအခက်အခဲတွေ၊ လက်နက်ခဲယမ်းနည်းပါးတာ၊ ရဲဝတ်တန်ဆာလိုအပ်တာတွေနဲ့ နယ်မြေ စိုးမိုးမှုအတွက် လိုအပ်တဲ့ ယာဉ်တွေ စတဲ့ လိုအပ်ချက်များစွာ ရှိနေတယ်လို့ ဆိုထားပါတယ်။

နယ်မြေစိုးမိုးမှုမရှိတဲ့ ဒေသတွေမှာဖြစ်ပွားတဲ့ ရာဇဝတ်မှုကျူးလွန်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာ၊ စစ်ရာဇဝတ်မှုတွေနဲ့ အခြားရာဇဝတ်မှု ကျူးလွန်တာတွေနဲ့ ပတ်သက်ပြီး သက်သေစုဆောင်းတာနဲ့ ရဲလုပ်ငန်းစဉ် လုပ်ဆောင်ဖို့ အခက်အခဲများစွာ ရှိတယ်လို့ ဖော်ပြထားပါတယ်။

မူးယစ်မှု၊ ခိုးမှု၊ မုဒိန်းမှု၊ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ စစ်ကောင်စီအားပေး ကူညီသတင်းပေးမှု အပါအဝင် အရင်နှစ်မှာ အမှုပေါင်း (၂၃၅) မှုနဲ့ အခုနှစ်မှာ အမှုပေါင်း (၁၂၇) မှုရှိပြီး (၂) နှစ်အတွင်း အမှုပေါင်း (၃၉) မှုကို အရေးယူထားတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် KSP အနေနဲ့ နမ်းနိန်ဘုန်းကြီးကျောင်းမှာ သံဃာ (၃)ပါးနဲ့ အပြစ်မဲ့ပြည်သူ (၁၉) ဦးအား စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာကို သက်သေစုဆောင်းပြီး ကမ္ဘာကသိအောင် ချပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်ရဲဌာနအနေနဲ့ လူထုဘ၀လုံခြုံမှု၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးအပြင် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးဖော်ထုတ် အရေးယူတာတွေ ပါဝင်တဲ့ ရှေ့လုပ်ငန်းစဉ် (၉) ချက်ကိုလည်း ဖော်ပြထားပါတယ်။

(၂) နှစ်အတွင်း နည်းလမ်းပေါင်းစုံနဲ့ ကူညီခဲ့ကြတဲ့သူတွေ၊ လက်နက်ကိုင်အဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ရပ်မိရပ်ဖ၊ ပြည်သူတွေ၊ ပြည်တွင်းပြည်ပပညာရှင်တွေနဲ့ အလှူရှင်တွေကို ကျေးဇူးတင်ကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 51 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 38 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို