နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 1 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ပြည်သူတွေကိုခြေရာခံစောင့်ကြည့်နိုင်ဖို့ ဒီဂျစ်တယ်မှတ်ပုံတင်စနစ်ကတ်တွေရဲ့ နည်းပညာအကူအညီ တရုတ်အစိုးရထံ စစ်ကောင်စီတောင်းခံထား

အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူတွေကို ပိုမိုခြေရာခံစောင့်ကြည့်ဖို့ ရည်ရွက်ချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)ကို စမတ်ကတ် အဖြစ်ပြောင်းလဲဖို့ စစ်ကောင်စီက စတင်လုပ်ဆောင်နေပြီး အဲ့ဒီအတွက် နည်းပညာအကူအညီတွေကို တရုတ်အစိုးရထံ တောင်းခံထားတယ်လို့ AP သတင်းဌာနရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။


နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) ကို အီလက်ထရောနစ် နိုင်ငံသားစိစစ်ရေး ကတ် (စမတ်ကတ်) အဖြစ် ပြောင်းလဲဖို့ စစ်ကောင်စီက အခုနှစ် နှစ်လယ် လောက်ကတည်းက စတင်ဆောင်ရွက်နေပြီး ရန်ကုန်မြို့အပြင် အခြားပြည်နယ်နဲ့ တိုင်းတချို့မှာ အဲ့ဒီလုပ်ငန်းစဉ် စတင်နေတာဖြစ်ပါတယ်။

ဒီနှစ်အတွင်းမှာ စစ်ကောင်စီက Biometric Data (ဇီဝဆိုင်ရာ အချက်အလက်) ကောက်ယူတာကို နေရာအနှံ့ အင်တိုက်အားတိုက်နဲ့ အဓိထားလုပ်ဆောင်လာတယ်လို့ Burma Affairs & Conflict Study ရဲ့ အချက်အလက်အရ သိရပါတယ်။

“အဲဒီကတ်လုပ်ရင် ဘာဖြစ်နိုင်လဲဆိုပြီး‌မေးနေကျတာတွေရှိတယ်။ ပြည်သူတွေ စိုးရိမ်လည်း စိုးရိမ်စရာပဲ၊ သူတို့က ဘာအတွက် စာရင်းယူမှန်း မသိတော့ လူတွေ မယုံကြည်ကြဘူး” လို့ ရန်ကုန်နေ ပြည်သူတစ်ဉီးက ခေတ်မျက်လုံးကိုပြောပါတယ်။

ဒါပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ မှတ်ပုံတင် စမတ်ကတ် (Smart card) မပြုလုပ်ရသေးသူတွေ ခရီးသွားပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ လဝက ရုံးထောက်ခံချက် တောင်းခံနေပြီး လက်ရှိစမတ်ကတ် မလုပ်ရသေးသူတွေကို ပြုလုပ်ဖို့လည်း စစ်ကောင်စီက ဖိအားပေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က အဲ့ဒီ နိုင်ငံသားစိစစ်ရေး ကတ်‌ကို စမတ်ကတ်အဖြစ် ပြောင်းလဲဖို့ ဩစတြေးလျနိုင်ငံ OESD ဆီကနေ ယူရို ၃၃ သန်း ချေးယူကာ အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ရှေ့ ပြေးအနေနဲ့ အချက်အလက်ကောက်ယူတဲ့လုပ်ငန်း‌တွေကို ဆောင်ရွက်ခဲ့ပေမဲ့ စစ်ကောင်စီက ၂၀၂၀ မဲရလဒ်ကို မဲလိမ်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့ခြင်းဖြစ်ပါတယ်။

“ပြည်သူတွေကစစ်တပ်ကို အင်နဲ့အားနဲ့ တော်လှန်နေတဲ့အချိန်မှာ ဒီစနစ်ကိုအကောင်အထည်ဖော်တာ တော်လှန်ရေးကို ကြီးကြီးမားမား ဖိနှိပ်ဖို့ဆိုတာ ရှင်းနေတာပဲ” လို့ အမည်မဖော်လို့တဲ့ ကွန်ပြူတာ ပညာရှင်တစ်ဦးကလည်း သုံးသပ်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက တစ်ဦးချင်းစီရဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေ ကောက်ယူနေတာဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ လုံခြုံရေးအတွက် ပိုပြီး စိုးရိမ်စရာဖြစ်လာစေသလို သာမန်နိုင်ငံသားတွေသာမက တော်လှန်ရေးအင်အားစုတွေကိုလည်း ဒီအချက်အလက်တွေ အသုံးပြုပြီးတော့ ထောက် လှမ်းဖမ်းဆီးတာ၊ ကန့်သတ်ဖိနှိပ်တာတွေ ပိုပြီး ပြုလုပ်လာနိုင်တယ်လို့ Burma Affairs & Conflict Study က ထုတ်ဖော်ပြောထားပါတယ်။

ဒါပေမယ့် အာဏာသိမ်းပြီးနောက်မှာ အဲဒီစနစ်ကို ဖော်ဆောင်ဖို့ စစ်ကောင်စီက အသည်းအသန် ကြိုးပမ်းလာတာလည်းဖြစ်သလို သူတို့ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာလည်း ပုံမှန်တံဆိပ်တုံးခတ်နှိပ်တဲ့ မဲပေးမှုပုံစံအစား အီလက်ထရောနစ်စက် အသုံးပြုပြီး မဲပေးရမယ့်စနစ်ကို ပြောင်းလဲကျင့်သုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားတာတွေ ရှိပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 24 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 19 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 24 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 24 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 19 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 25 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို