နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

အောင်ဂျာစခန်းသိမ်းပွဲမှာ PDF တပ်ရင်းတစ်ရင်းစာ လက်နက်တွေရရှိခဲ့

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်၊ ခေတ်မျက်လုံး။

အောင်ဂျာစခန်းသိမ်းတိုက်ပွဲအပြီးမှာ PDF တပ်ရင်း တစ်ရင်းစာရှိ လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ ဝန်ကြီးရေ ကောက်လို့တော့ မပြီးသေးဘူး။ လက်နက်ငယ်တွေကော လက်နက်ကြီးတွေပါ PDF တစ်ရင်းစာ တပ်ဆင်နိုင်လောက်အောင် ရလိမ့်မယ်ဗျ” ဆိုပြီး စစ်ဒေသမှူးရဲ့ပြောဆိုချက်ကို ဦးရည်မွန်က ဒီကနေ့ လူမှုကွန်ရက်စာမှာ ရေးသားထားပါတယ်။

အောင်ဂျာစခန်းသိမ်းအောင်ပွဲမှာ AA၊ CNF၊ ABSDF၊ KNA-Burma၊ KPDF နဲ့ PDF ရဲဘော်တွေ ပူးပေါင်းပါဝင်ခဲ့ပြီး KIA ဦးဆောင်တဲ့ မဟာမိတ်တွေရဲ့အားနဲ့ ရယူခဲ့တဲ့ အောင်ပွဲဖြစ်တယ်လို့ ဆိုထားပါတယ်။

“ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဌာနချုပ်တွေကို ခြိမ်းခြောက်လိုတဲ့ စစ်ကောင်စီရဲ့ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်တဲ့ အောင်ပွဲလည်းဖြစ်ပါတယ်။ တော်လှန်ရေးထုအင်အားနဲ့ ဆင်နွှဲတဲ့ မဟာဗျူဟာထိုးစစ်ရဲ့ ကနဦးခြေလှမ်းလည်းဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်တပ်အင်အား ရာကျော်ကို ချေမှုန်းနိုင်ခဲ့ကာ စခန်းသိမ်းအောင်ပွဲနေ့က PDF ရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိကို KIA စစ်ဦးစီးချုပ်/စစ်ဒေသမှူး ဗိုလ်ချုပ်ကြီး ခေါင်လွန်းက ချီးကျူးကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပယ်ဖျက်ခံရတဲ့ နိုင်ငံရေးပါတီတွေ အယူခံဝင်ခွင့်မရှိဘူးလို့ စစ်တပ်ရွေး/ကော်ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 19 Views
စက်တင်ဘာလ (၁၃)ရက်။ ပယ်ဖျက်ခံရတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အယူခံဝင်ခွင့်မရှိဘူးဆိုပြီး စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အခုရက်ထဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

PDF နဲ့ ရန်ကုန်တိုင်းပကဖတို့ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 20 Views
စက်တင်ဘာလ (၁၃)ရက်။ PDF နဲ့ ရန်ကုန်တိုင်းပကဖတို့ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်ဖို့ကိစ္စရပ်နဲ့ပတ်သက်ပြီး စစ်ဆင်ရေးနယ်မြေတနေရာမှာ ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆွေးနွေးပွဲကို
မြန်မာသတင်း

တနင်္သာရီမြို့မှာ ဗုံးလာကြဲတဲ့ စစ်တပ်လေယာဉ် ပစ်ခတ်ခံရပြီး ထိခိုက်တာတွေရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 21 Views
စက်တင်ဘာလ (၁၃)ရက်။ မနေ့က တနင်္သာရီမြို့မှာ ဗုံးလာကြဲတဲ့ စစ်တပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်ခဲ့တယ်လို့ KNU-မြိတ်ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်က မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းက သွန်းခွန်းရွာအနီးဝန်းကျင်ကို ဗုံးလာကြဲတဲ့အချိန်
မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်ဖို့နဲ့ နိုင်ငံကောင်းအောင် ဆောင်ရွက်မယ့်သူတွေ ပေါ်ထွက်လာအောင် ဆောင်ရွက်ဖို့ ဝန်ကြီးချုပ်တွေကို စစ်ခေါင်းဆောင် ညွှန်ကြား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 17 Views
စက်တင်ဘာလ (၁၃)ရက်။ ရွေးကောက်ပွဲ အောင်မြင်ဖို့နဲ့ နိုင်ငံကောင်းအောင် ဆောင်ရွက်မယ့်သူတွေ ပေါ်ထွက်လာစေဖို့ ဝန်ကြီးချုပ်တွေက ဦးဆောင် ဆောင်ရွက်ရမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကော်မရှင်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးထဲ ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ ကျင်းပမယ့်
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 19 Views
စက်တင်ဘာလ (၁၃)ရက်။ မနေ့က ကျောက်တော်မြို့ သရက်တပင်ရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရတာမှာ ကျောင်းသား/ကျောင်းသူ (၁၉)ဦးအထိ သေဆုံးခဲ့တယ်လို့ AA ရဲ့ ထပ်မံထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ထဲ အသက်ဆုံးရှုံး၊ ထိခိုက်ဒဏ်ရာရသွားခဲ့ကြတဲ့ ကျောင်းသား/ကျောင်းသူတွေအပါအဝင် ပြည်သူတွေရဲ့ မိသားစုတွေ၊
မြန်မာသတင်း

ကနီမြို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦးသေဆုံး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 99 Views
စက်တင်ဘာလ (၁၂)ရက်။ မနေ့က နံနက် (၆)နာရီအချိန်ကစပြီး ကနီမြို့ ချောင်းမရွာထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ KLG-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ချောင်းမကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ တပ်မ(၃၃)လက်အောက်ခံ ခမရ(၁၆)က ဗိုလ်မှူးသူရိန်
မြန်မာသတင်း

ဘင်္ဂလားဒေ့ရှ်ငါးခိုးဖမ်းသမားတွေက AA တပ်ဖွဲ့ဝင် (၂)ဦးကို သတ်ဖြတ်ပြီး လက်နက်လုယူထွက်ပြေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 110 Views
စက်တင်ဘာလ (၁၂)ရက်။ စက်တင်ဘာလ (၁၀)ရက်နေ့ နေ့လယ် (၁)နာရီကျော်အချိန် ရသေ့တောင်မြို့ရှိ ရခိုင်ရေပိုင်နက်ထဲကို ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် အစီး(၈၀)ခန့်က တရားမဝင် ကျူးကျော်ပြီး ငါးခိုးဖမ်းခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ငါးခိုးဖမ်းသမားတွေဟာ
မြန်မာသတင်း

တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်း ဟန်ချက်ညီစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 99 Views
စက်တင်ဘာလ (၁၂)ရက်။ တော်လှန်ရေးရဲ့ အရေးကြီးအလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်း ဟန်ချက်ညီစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ MOD က ခုခံတွန်းလှန်စစ် (၄)နှစ်ပြည့်အစီရင်ခံစာမှာ ပြောဆိုထားချက်အရ သိရပါတယ်။ PDF ကို နေရာအနှံ့ တပ်ဖြန့်တည်ဆောက်ထားနိုင်တာအပါအဝင် ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကလဲ