နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

အောင်ဂျာစခန်းသိမ်းပွဲမှာ PDF တပ်ရင်းတစ်ရင်းစာ လက်နက်တွေရရှိခဲ့

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်၊ ခေတ်မျက်လုံး။

အောင်ဂျာစခန်းသိမ်းတိုက်ပွဲအပြီးမှာ PDF တပ်ရင်း တစ်ရင်းစာရှိ လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ ဝန်ကြီးရေ ကောက်လို့တော့ မပြီးသေးဘူး။ လက်နက်ငယ်တွေကော လက်နက်ကြီးတွေပါ PDF တစ်ရင်းစာ တပ်ဆင်နိုင်လောက်အောင် ရလိမ့်မယ်ဗျ” ဆိုပြီး စစ်ဒေသမှူးရဲ့ပြောဆိုချက်ကို ဦးရည်မွန်က ဒီကနေ့ လူမှုကွန်ရက်စာမှာ ရေးသားထားပါတယ်။

အောင်ဂျာစခန်းသိမ်းအောင်ပွဲမှာ AA၊ CNF၊ ABSDF၊ KNA-Burma၊ KPDF နဲ့ PDF ရဲဘော်တွေ ပူးပေါင်းပါဝင်ခဲ့ပြီး KIA ဦးဆောင်တဲ့ မဟာမိတ်တွေရဲ့အားနဲ့ ရယူခဲ့တဲ့ အောင်ပွဲဖြစ်တယ်လို့ ဆိုထားပါတယ်။

“ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဌာနချုပ်တွေကို ခြိမ်းခြောက်လိုတဲ့ စစ်ကောင်စီရဲ့ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်တဲ့ အောင်ပွဲလည်းဖြစ်ပါတယ်။ တော်လှန်ရေးထုအင်အားနဲ့ ဆင်နွှဲတဲ့ မဟာဗျူဟာထိုးစစ်ရဲ့ ကနဦးခြေလှမ်းလည်းဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်တပ်အင်အား ရာကျော်ကို ချေမှုန်းနိုင်ခဲ့ကာ စခန်းသိမ်းအောင်ပွဲနေ့က PDF ရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိကို KIA စစ်ဦးစီးချုပ်/စစ်ဒေသမှူး ဗိုလ်ချုပ်ကြီး ခေါင်လွန်းက ချီးကျူးကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 18 Views
မတ်လ (၂၁)ရက်။ မတ်လ (၁၈)ရက်နေ့ ညနေပိုင်းအချိန်က တနင်္သာရီကနေ မြိတ်ဘက်ကို ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့
မြန်မာသတင်း

ယင်းမာပင်မှာ အင်အား(၂၀၀)ကျော်ပါ စစ်တပ်‌စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈၀)ကျော်သေဆုံးကာ စစ်ကြောင်းဖွဲစည်းပုံပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 17 Views
မတ်လ (၂၁)ရက်။ ပြီးခဲ့တဲ့လကစပြီး ယင်းမာပင်မြိုနယ်အနောက်ပိုင်းရှိ ကျေးရွာတွေကို အင်အား(၂၀၀)ကျော်နဲ့ စစ်တပ်စစ်ကြောင်းက မီးရှိတာနဲ့ ခိုးဆိုးလုနှိက်တာတွေ လုပ်ဆောင်နေတယ်လို PDF Column
မြန်မာသတင်း

ကသာမှာ စစ်ရှောင်တွေခိုလှုတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 15 Views
သံဃာတွေနဲ့ စစ်ရှောင်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ မတ်လ (၂၁)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ကသာမြိုပေါ်ရှိ မဟာလေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က ကသာမြိုပေါ်ကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ရှမ်းပြည်တောင်ပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေ ချေမှုန်းခံရပြီး အများအပြား ထိခိုက်သေဆုံးနေ

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 15 Views
မတ်လ (၂၀)ရက်။ စစ်တပ်ဟာ ရှမ်းပြည်တောင်ပိုင်းက စတင်တဲ့ ရန်နိုင်မင်းစစ်ဆင်ရေးနဲ့ ဖရူဆို-ဘောလခဲ-ဖားဆောင်း လမ်းကြောင်းတလျှောက်ကို စစ်ကြောင်းထိုးနေတယ်လို KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းတလျှောက်ရှိ မြိုတွေကို ထိန်းချုပ်နိုင်ပြီဆိုပြီး တဖက်သတ်
မြန်မာသတင်း

ခေတ်မျက်လုံးအယ်ဒီတာ့အာဘော်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 20 Views
“မင်းအောင်လှိုင်ရဲ့အရှက်မဲ့မျက်နှာနဲ့ သမတအဖြစ် ခြေလှမ်းသစ် စလှမ်းတော့မလား” မင်းအောင်လှိုင်က ၂၀၂၀ မဲရလာဒ်ကို မဲမသမာမှုလို့ စွပ်စွဲပြီး အာဏာကို လူယူခဲ့တာ လူတိုင်းသိပြီးသားဖြစ်တယ်၊ စစ်တပ်ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥကို အသက်ပေး စောင့်ရှောက်ပါ့မယ်ဆိုတဲ့သူက တပ်တည်ထောင်ထားတဲ့ ကြံ့ဖွတ်ပါတီက မဲမနိုင်တဲ့အခါ
မြန်မာသတင်း

အာရက္ခတပ်တော် (AA)မှ စစ်သုံပန်းတချို့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
၂၀၂၆ခုနှစ်၊မတ်လ (၂၀)ရက် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် အာရက္ခတပ်တော်၊ အာလဖာ (၁) စစ်ဒေသတွင် စစ်သုံပန်းတချို့နှင့် မိသားစုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အခန်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းမတ်လ (၂၀)ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းစစ်သုံပန်းမိသားစုဝင်များထဲမှ မိသားစုဝင် တစ်ဦးဖြစ်သော
မြန်မာသတင်း

ချင်းပြည်နဲ့ ချင်းလူမျိုးကို ကာကွယ်ဖို တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ ပြော

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 29 Views
မတ်လ (၂၀)ရက်။ ချင်းပြည်နဲ့ ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တံ့ တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ Pu Zing Cung က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ ချင်းအမျိုးသားလုံခြုံရေးနဲ့ ချင်းပြည်တည်ဆောက်ဖိုအတွက်
မြန်မာသတင်း

စစ်တပ်ရဲ့ သမ္မတရွေးချယ်ပွဲ အခုလကုန်မှာလုပ်မယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
မတ်လ (၂၀)ရက်။ အခု မတ်လ (၃၀)ရက်နေ့မှာ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်သွားဖိုရှိနေတယ်လို သတင်းထုတ်ပြန်ထားတာတွေအရ သိရပါတယ်။ သမ္မတနဲ့ ဒုသမ္မတတွေကို ရွေးချယ်ဖို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ စစ်တပ်ကိုယ်စားလှယ်တွေရဲ့ အစုအဖွဲအလိုက် အစည်းအဝေးကို