နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အာရှ ဥရောပ

အိန္ဒိယ က G-20 အစည်းအဝေးကို လက်ခံကျင်းပ/ ဘဏ္ဍာရေး အခက်အခဲဖြင့် အကြွေးတင်နေသော နိုင်ငံများအရေး ဆွေးနွေး

တရုတ်က ရုရှားကို ထောက်ခံမှုကြောင့် G-20 ဘဏ္ဍာရေး အကြီးအကဲများက ပူးတွဲကြေညာချက်ထုတ်ရန် ပယ်ချခဲ့သည်။ အဖွဲ့ဝင်အများစုသည် ယူကရိန်းစစ်ပွဲကို ရှုတ်ချသော်လည်း တရုတ်က ကြားနေခဲ့ပြီး အိန္ဒိယက မည်သည့်မှတ်ချက်မှ မပေးခဲ့။ အိန္ဒိယသည် ‘စာရွက်စာတမ်းရလဒ်’ များအရ ကြွေးမြီနှင့်ပတ်သက်ပြီး ဆောင်ရွက်ရန် ကတိပေးခဲ့သည်။

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး တရုတ်က ရုရှားနိုင်ငံကို ကျောထောက် နောက်ခံပြုထားသော ကိစ္စရပ်တွင် စကားအသုံး အနှုန်းတွင် အလေးထား စိုးရိမ်မှုကြောင့် နိုင်ငံပေါင်း ၂၀ မှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲ များသည် စနေနေ့က အိန္ဒိယတွင် နှစ်ရက်ကြာ တွေ့ဆုံမှုအပြီးတွင် ပူးပေါင်း ကြေငြာချက် ထုတ်ပြန်မှုကို မပြုလုပ်နိုင်ဘဲ နိဂုံးချုပ်ခဲ့သည်။

ယခုနှစ် G-20 ကို ဦးဆောင်နေသည့် အိန္ဒိယနိုင်ငံသည် ဥက္ကဋ္ဌ၏ အနှစ်ချုပ်နှင့် ရလဒ်စာတမ်းကို ထုတ်ပေးရမည့်အစား ကန့်သတ်အဖြစ်သာ ထုတ်ခဲ့ရသည်။ “ အဖွဲ့ဝင်အများစုက ယူကရိန်းစစ်ပွဲကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မတည်မငြိမ်ဖြစ်မှုတွေကို ပိုမိုဆိုးရွားစေတယ်လို့ အလေးပေးပြောကြားခဲ့ပါသည်” တိုးတက်ဖွံ့ဖြိုးမှုကို ကန့် သတ်လာခြင်းနှင့် ငွေကြေးဖောင်းပွမှုကို တိုးလာစေခြင်းတို့ကြောင့် ထောက်ပံ့ရေးကွင်းဆက်များကို အနှောင့်အယှက်ပေး ထိခိုက်စေခြင်း၊ စွမ်းအင်နှင့် စားနပ်ရိက္ခာ မလုံခြုံမှုတို့ မြင့်မားလာစေခြင်း၊ ငွေကြေးတည်ငြိမ်မှု ချိန်းခြောက်သည့် အန္တရာယ်များကို မြှင့်တက်လာခြင်းတို့ကို ဖြစ်စေခဲ့သည်ဟု အဖွဲ့ဝင်များက အပြစ်တင်ခဲ့ကြသည်။

“ပိတ်ဆို့အရေးယူမှုတွေအပေါ် တခြားမတူတဲ့ အခြေအနေနဲ့ အမြင်တွေနဲ့ မတူညီတဲ့ အကဲဖြတ်မှုတွေ ရှိခဲ့တယ်” ဟု ရုရှားအပေါ်တွင်တင်ပြသည့် ရလဒ်မှတ်တမ်းတွင် ဖော်ပြထားသည်။ ထိုစကားလုံးများသည် မနှစ်က အင်ဒိုနီးရှားတွင် ကျင်းပခဲ့သည့် G-20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှာ ထုတ်ပြန်သည့် ကြေငြာချက်နှင့် ဆင်တူပါသည်။

ဘာလီတွင် ထုတ်ပြန်ခဲ့သော အဆိုပါထုတ်ပြန်ချက်သည် စစ်ပွဲနှင့်ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ကွဲပြားမှုကို ထည့်သွင်း စဉ်းစားကာ သံတမန်ရေးရာ အောင်မြင်မှုတစ်ခုအဖြစ် ကျယ်ပြန့်စွာ ရှုမြင်ခဲ့သည်။ ဘန်ဂါလူရိုအနီးတွင် စနေနေ့က ဘဏ္ဍာ ရေးဝန်ကြီးများ တွေ့ဆုံမှုတွင် အချိန်တိုတောင်းလာသည်နှင့်အမျှ စပိန်ဒုတိယသမ္မတနှင့် စီးပွားရေးဝန်ကြီး နာဒီယာ ကာလ်ဗီနို (Nadia Calvino) က စစ်ပွဲဖြစ်ပွားနေချိန်တွင် ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် ညှိနှိုင်းမှုများ ပိုမိုခက်ခဲလာကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

သူမက အဖွဲ့တွင်းရှိ အချို့သော “ ခေါင်းဆောင်များ” ကို အမည်တပ်ပြောဆို ခြင်းမလုပ်ဘဲ “ အပြုသဘောဆောင်မှုနည်းသည်” ဟု ပြောကြားခဲ့သည်။ အိန္ဒိယ၏ စီးပွားရေးဆိုင်ရာ အတွင်းဝန် အာဂျေဆက် (Ajay Seth) က ရုရှားနှင့် တရုတ်နှစ်နိုင်ငံစလုံးသည် ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်များ အုပ်ချုပ်ရေးမှူးများ၏ လုပ်ပိုင်ခွင့်သည် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်ဆိုသည့် ရပ်တည်ချက် ရှိသည်ဟု ရှင်းပြသည်။ ၎င်းတို့၏ ရပ်တည် ချက်မှာ ဝန်ကြီးများသည် ကမ္ဘာ့ပထဝီဝင်နိုင်ငံရေး ပြဿနာများကို မဝင်ရောက်သင့်ဟု ဆိုသည်။

တရုတ်နှင့် ရုရှားတို့က စစ်ပွဲနှင့်ပတ်သက်သည့် စာပိုဒ်နှစ်ပိုဒ်ကို ဖယ်ရှားလိုသည်ဟု အာဂျေဆက်က ပြောကြားသော်လည်း အခြားအဖွဲ့ဝင် ၁၈ ဦးက စစ်ပွဲသည် ကမ္ဘာ့စီးပွားရေးအတွက် သိသိသာသာ သက်ရောက်မှုရှိကြောင်း ခံစားခဲ့ရပြီး “ထိုစာပိုဒ်များ ထားရှိရန် နေရာမှန်ဖြစ်သည်” ဟု အာဂျေဆက်မှ ပြောကြားခဲ့သည်။ ဂျာမန်ဘဏ္ဍာရေးဝန်ကြီး ခရစ်စတီယန်လင်ဒါ (Christian Lindner) က “ယူကရိန်းကျူးကျော်မှုကို ရှုတ်ချတဲ့ ကြေညာချက်ကို တရုတ်နိုင်ငံက ပိတ်ပင်ခဲ့တာ စိတ်မကောင်း ဖြစ်မိတယ်။ တခြားနိုင်ငံတွေအားလုံးက စစ်ပွဲပြီးဆုံးရေးအတွက် နိုင်ငံတကာဥပဒေရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်ကို လိုက်နာဖို့က ပိုအရေးကြီးတယ်” ဟု ရိုက်တာ သတင်းဌာနကို ပြောပြခဲ့သည်။

ကာလရှည်ကြာ မဟာမိတ်ရုရှား၏ကျူးကျော်မှုကို အတိအလင်း ရှုတ်ချခြင်း မရှိသော်လည်း တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးအတွက် ထပ်ခါတလဲလဲ တောင်းဆိုနေသည့် အိန္ဒိယသည် ပို၍ ဘက်မလိုက်သော ချဉ်းကပ်မှုကို လိုလားသော်လည်း အနောက်အစိုးရများက ဘာလီထုတ်ပြန်ချက်ထက် လျော့နည်းသည့် မည်သည့်အရာကိုမျှ လက်ခံမည် မဟုတ်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ဘရူနိုလီမာ (Bruno Le Maire) က “ ကျွန်ုပ်တို့သည် ဘာလီကြေညာချက်ကို လိုက်နာသည်ဖြစ်စေ သို့မဟုတ် ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးများ၏ G-20 ကာလအတွင်း မည်သည့် ကြေညာချက်ကိုမဆို ကန့်ကွက်လိမ့်မည်” ဟု တုံးတိတိဆိုခဲ့သည်။ စစ်ပွဲများအပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီဆိုင်ရာ ဆွေးနွေးမှုသည်လည်း အဓိက အကြောင်းအရာ တစ်ခု ဖြစ်သည်။

ဆွေးနွေးပွဲအကျဉ်းချုပ်တွင် အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နီမာလာ စစ်ထာရေမန်က အဓိက အောင်မြင်မှုများထဲမှ တစ်ခုမှာ “ ကြွေးမြီဘာသာစကားနှင့် ပတ်သက်သော ဘုံရပ်တည်ချက်” ကို ရရှိသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ G-20 အဖွဲ့ဝင်များသည် “ ဝင်ငွေနည်းပြီး ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများတွင် ကြွေးမြီအားနည်းချက်များကို ကိုင်တွယ် ဖြေရှင်းရန် အရေးတကြီး လိုအပ်သည်ကို အသိအမှတ်ပြုကြောင်း ရလဒ်မှတ်တမ်းတွင် ဖော်ပြထားသည်။ ဆိုးရွားနေသော ကြွေးမြီအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ကြွေးမြီဒုက္ခခံနေရသောနိုင်ငံများအတွက် ညှိနှိုင်းဖြေရှင်းမှု လွယ်ကူ ချောမွေ့စေရန်အတွက် တရားဝင်နှစ်နိုင်ငံနှင့် ပုဂ္ဂလိကမြီရှင်များက ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် လိုအပ်ကြောင်း ၎င်းက တောင်းဆိုထားသည်။

ဤကိစ္စနှင့် ပတ်သက်၍ နီမာလာ စစ်ထာရေမန်က ဆွေးနွေးငြင်းခုံမှုသည် စနေနေ့ နံနက်ပိုင်းအထိ ကြာရှည်သွားခဲ့သည်။ “ ဒါပေမယ့် အဲဒီဘာသာစကားမှာ ဘုံရပ်တည်ချက်တစ်ခုရလာတဲ့အခါ ဝမ်းသာရပါတယ်” ဘာကြောင့်လဲဆိုတော့ အားနည်းချက်ရှိတဲ့ နိုင်ငံတွေက G-20 မှာ သက်သာရာရဖို့အတွက် ရှာဖွေနေတာကြောင့်ပါ။ “တော်တော်များများက စောင့်နေတာ တော်တော်ကို ကြာနေပြီ။ ဒီနိုင်ငံတွေအတွက် အဖြေရှာရေးက အလုပ်ဖြစ်နေပြီ” ဟု သူမက ဆိုသည်။ “ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အမြန်တုံ့ပြန်မှုကနေ တိတိကျကျ ဂါနာ၊ သီရိလင်္ကာ၊ အီသီယိုးပီးယားနှင့် ဇမ်ဘီယာ နိုင်ငံ ဒီလေးနိုင်ငံဟာ အကျိုးကျေးဇူးခံစားရမှာပါ” ဟု ၊ G-20 အစည်းအဝေးက ထိုနိုင်ငံ ၄နိုင်ငံအတွက် လမ်းခင်းပေးခဲ့သည်ဟု Sitharaman က ပြောကြားခဲ့သည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နီမာလာ စစ်ထာရေမန် (Nirmala Sitharaman) သည် ဖေဖော်ဝါရီ ၂၅ ရက်က ဘန်ဂါလူရို (Bengaluru) အနီး၌ ကျင်းပသည့် G-20 ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။

“ဘုံမူဘောင်ကို အကောင်အထည်ဖော်ရေး အရှိန်မြှင့်ဖို့ သဘောတူညီမှုလည်း ရှိတယ်” ဟု သူမက ဆိုသည်။ G-20 သည် ချွတ်ခြုံကျနေသော သီရိလင်္ကာအပြင် ငွေကြေးအခက်ခဲဖြစ်နေသည့် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့ကဲ့သို့ နိုင်ငံများ၏ ပြဿနာများအတွက် အဖြေရှာရန် G-20 က ကြိုးစားရှာဖွေပေးလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ ၎င်းနိုင်ငံအားလုံးသည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ထံ ပြီးခဲ့သည့်နှစ်က အကူအညီတောင်းခံခဲ့သည်။

နေ့ခင်းဘက်တွင် ကာလ်ဗီနိုက “ ပြဿနာကို ချဉ်းကပ်ပုံနဲ့ ပတ်သက်ပြီး စားပွဲဝိုင်းမှာ ကွဲပြားတဲ့ အမြင်တွေရှိခဲ့ပေမယ့် ဘုံသဘောတူညီချက်တစ်ခု ဒါမှမဟုတ် ကြွေးမြီ သက်သာရာရဖို့အတွက် မျှဝေထားတဲ့ သဘောတူညီချက်တစ်ခုလို့ ပြောရတာ တရားမျှတတယ်လို့ ကျွန်တော်ထင်ပါတယ်။ အားအနည်းဆုံး နိုင်ငံတွေကို ပံ့ပိုးကူညီပေးနိုင်တဲ့ မူဘောင်တွေပါ။” ဟု ဆိုခဲ့သည်။

ဆွေးနွေးမှုများသည် “ ဤကြွေးမြီစီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကို မည်သို့ဆောင်ရွက်မည်ကို ရှင်းလင်းပြတ်သားစွာ သေချာစေမှုကို ပေးစွမ်းနိုင်မည်ဟု သူမကမျှော်လင့်သည်” ။ G-20 အစည်းအဝေး၏အနားသတ်တွင် နီမာလာ စစ်ထာရေမန်သည် IMF မန်နေးဂျင်းဒါရိုက်တာ ကရစ်စတီနာဂျော်ဂျီဗာ (Kristalina Georgieva) နှင့် ကမ္ဘာ့ဘဏ်ဥက္ကဌ ဒေးဗစ်မာလ်ပတ်စ် (David Malpass) တို့နှင့်အတူ ကြွေးမြီဖြေရှင်းရေး စားပွဲဝိုင်းအသစ်ကို စနေနေ့တွင် ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ပြန်လည်ဖွဲ့စည်းပုံ တည်ဆောက်ပုံဆိုင်ရာ စိန်ခေါ်မှုများကို နားလည်ရန်နှင့် အားနည်းချက်များကို ဖြေရှင်းတင်ပြရန် အဓိက သက်ဆိုင်သူများနှင့် စုစည်းခဲ့သည်။

နီမာလာ စစ်ထာရေမန်က ယနေ့ခေတ် မတူကွဲပြားသော မြီရှင်အခင်းအကျင်းကို အသိအမှတ်ပြုရန်နှင့် ၎င်းတို့အား ဖြေရှင်းရန် စိန်ခေါ်မှုများနှင့် နည်းလမ်းများကို ဘုံနားလည်မှုတစ်ခု တည်ဆောက်ရန် လိုအပ်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးက တွစ်တာတွင် ရေးသားခဲ့သည်။ သူမက ကြွေးတင်နေသော မြီစားနိုင်ငံများ၏ကိုယ်စားပြု အသံကို G-20 မှ တဆင့် လာရောက် ပြောကြားရန် ခေါ်ယူခဲ့ပြီး၊ ကရစ်စတီနာဂျော်ဂျီဗာနှင့် ဒေးဗစ်မာလ်ပတ်စ်တို့သည် ပြန်လည်ဖွဲ့စည်းတည်ဆောက်ပုံ လုပ်ငန်းစဉ်များကို အလျင်အမြန် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပြီး ကြွေးမြီဖိုရမ်သည် လိုအပ်နေသော နိုင်ငံများကို ကူညီရန် အတူတကွ လုပ်ဆောင်ရန် အခွင့်အရေးဖြစ်သည်ဟု ဆိုသည်။

သီရိလင်္ကာကဲ့သို့သော နိုင်ငံများ၏ ကြွေးမြီများကို ပြန်လည်ဖွဲ့စည်းရန် တရုတ်၏ တွန့်ဆုတ်မှုသည် လအတော်ကြာ လမ်း ပိတ် နေခဲ့သော်လည်း မကြာသေးမီက ကိုလံဘိုကို ကြွေးဆိုင်းငံ့ထားပေးရန် ပေကျင်းက မကြာသေးမီက ကမ်းလှမ်းခဲ့သည်။ G-20 ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးသည် အိန္ဒိယနိုင်ငံ၏ပဲ့ကိုင်မှုအောက်တွင် ပထမဆုံးသော အဓိကစုဝေးမှုအဖြစ် ဦးစီးကျင်းပသည့် နှစ်ဖြစ်သည်။ နယူးဒေလီတွင် G-20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အချိန်တွင် ကြေငြာချက်ထုတ်ပြန်ပေးနိုင်သည့် နောက်ထပ်အခွင့်အရေးတစ်ခု ရရှိအုံးမည်ဖြစ်သည်။ သို့သော် ပထဝီဝင်နိုင်ငံရေးအရ ကွဲလွဲမှုမှာ အဆိုပါတရားစွဲဆိုမှုများကို ထိခိုက်စေနိုင်ဖွယ်ရှိသည်- အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် (Sergey Lavrov) တို့ နှစ်ဦးစလုံး တက်ရောက်မည်ဟု မျှော်လင့်ရသည်။

REF; KIRAN SHARMA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းက နယ်မြေစွန့်လွှတ်ရန် ငြင်းဆိုနေစဉ် ဇယ်လန်းစကီးက ငြိမ်းချမ်းရေး အစီအစဉ်သစ်ကို ပြင်ဆင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 48 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၉ရက် ယူကရိန်းသည် နယ်မြေများ လုံးဝမစွန့်လွှတ်ရစေရန် ရည်ရွယ်ပြီး ပြန်လည်ပြင်ဆင်ထားသော ငြိမ်းချမ်းရေး အစီအစဉ်သစ်ကို အိမ်ဖြူတော်သို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ထရန့်က ‘ယိုယွင်းနေသည့်’ ဥရောပနိုင်ငံများနှင့် ‘အားနည်းသော’ ခေါင်းဆောင်များကို ဝေဖန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 46 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၉ရက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်က ဥရောပခေါင်းဆောင်များကို “ အားနည်းသည်” ဟု ဝေဖန်ခဲ့ပြီး
နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

နယ်သာလန်က ယူကရိန်းကို နောက်ထပ် ဒေါ်လာ ၈၁၅ သန်း ထပ်မံ ထောက်ပံ့ရန် ကတိပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 48 Views
CNN –၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၈ရက် နယ်သာလန်အစိုးရက ယနေ့တွင် လာမည့်နှစ်၏ ပထမသုံးလပတ်အတွင်း ယူကရိန်းအား နောက်ထပ် စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ၈၁၅ သန်း (ယူရို သန်း ၇၀၀) ထပ်မံ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း ဗြိတိန် ဥရောပ

လူမျိုးရေးခွဲခြားမှု စွပ်စွဲချက်များက ဗြိတိန်၏ နောက်ထပ်ဝန်ကြီးချုပ် ဖြစ်ရန် ရည်မှန်းထားသော လက်ယာစွန်း ပြည်သူလူထုပါတီဝင် နိုက်ဂျယ် ဖာရာ့ဂျ် (Nigel Farage) ၏ ကြိုးပမ်းမှုကို လမ်းချော်စေနိုင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 72 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၅ရက် လန်ဒန် — အန်ဒရူး ဖီးလ် (Andrew Field) သည် တောင်လန်ဒန်ရှိ ၎င်း၏ကျောင်းတွင် ထိုနှစ်အတွက် စာရင်းပေးသွင်းထားသော ကျောင်းသားအားလုံး၏ စာရင်းကို စာအုပ် ငယ်လေးဖြင့် ဝေငှလေ့ရှိသည်ကို ပြန်အမှတ်ရနေသည်။
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်ချေးငွေကို အများဆုံး လက်ခံရရှိသူမှာ အမေရိကန်ဖြစ်သည်ဟု အစီရင်ခံစာက ထုတ်ဖော်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 49 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် ပေကျင်း – ဝါရှင်တန်သည် နိုင်ငံများအား တရုတ်ချေးငွေများ လက်ခံခြင်း၏ အန္တရာယ်များ အကြောင်း နှစ်ပေါင်းများစွာ သတိပေးခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော နှစ် ၂၀ အတွင်း ကမ္ဘာပေါ်တွင်
နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်ထပ်မြင့်အဆောက်အအုံများစုပြုံလောင်ကျွမ်းခံရခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 61 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၂၇ရက် ဤမီးလောင်မှုသည် ဟောင်ကောင်၊ တိုင်ပေါ (Tai Po) ခရိုင်ရှိ အများပြည်သူ လူနေအိမ်ရာ အဆောက်အအုံကြီးဖြစ်သော ဝမ်ဖုခ် (Wang Fuk) တိုက်တန်းအိမ်ရာ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ သေဆုံးမှုနှင့်
ဂျပန် နိုင်ငံတကာသတင်း ယူကရိန်း အာရှ

စစ်ဘေးရှောင် ယူကရိန်းဒုက္ခသည်သည် ဂျပန်၌ အဆင့်မြင့် ဆူမိုနပန်းပြိုင်ပွဲတွင် အနိုင်ရရှိ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 66 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၄ရက် ရုရှားကျူးကျော်မှုမှ ထွက်ပြေးလာခဲ့သော အသက် ၂၁ နှစ်အရွယ် ယူကရိန်း ဆူမိုနပန်း သမားတစ်ဦးသည် ဂျပန်နိုင်ငံ၌ အဆင့်မြင့် ဆူမိုပြိုင်ပွဲတစ်ရပ်တွင် အနိုင်ရရှိခဲ့ပြီး၊ ယှဉ်ပြိုင်မှုပြင်းထန်သော ဤအားကစားနည်း၌ သူ၏ လျင်မြန်သော တိုးတက်မှုကို ချီးမွမ်းခြင်းခံခဲ့ရသည်။
ဂျာမဏီ နိုင်ငံတကာသတင်း ဥရောပ

ဂျာမနီသည် ဥရောပ၏ အင်အားအကြီးဆုံး စစ်တပ်ကို တည်ဆောက်လိုပြီး စစ်မှုမထမ်း မနေရ ဥပဒေသစ်သည် ထိုပန်းတိုင်ကို ပိုမိုနီးစပ်စေသည်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 85 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက် ဤနှစ်တွင် ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ် မာ့ဇ် (Friedrich Merz) က ဥရောပ၏ အင်အား အကြီးဆုံး စစ်တပ်ကို တည်ဆောက်မည်ဟု ကတိပြုခဲ့သည် – ၎င်းသည် နှစ်ပေါင်းများစွာ