နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူတွေ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကင်းစေဖို့ MDY-PDF က ရှင်းလင်းပြောဆိုတာတွေပြုလုပ်

ဇူလိုင်လ (၂၆)ရက်။

ပြည်သူတွေကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တဲ့ အန္တရာယ်ကင်းရှင်းဖို့ MDY-PDF ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စည်းရုံးရေးဌာနက ရှင်းလင်းပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပြည်သူတွေအနေနဲ့ ‌လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကာကွယ်နိုင်ဖို့အတွက် နေအိမ်အနီးအနားနဲ့ ခြံ၀န်းထဲမှာ ဗုံးခိုကျင်းနဲ့ ဘန်ကာတွေ စနစ်တကျ တူးဖော်ထားကြဖို့ တိုက်တွန်းထားပါတယ်။

လမ်းပေါ်နဲ့ ကွင်းပြင်ပေါ်ရောက်နေရင် နီးစပ်ရာ အဆောက်အအုံကို ဦးတည်ပြီး ပြေးလွှားပုန်းရှောင်ဖို့နဲ့ လေကြောင်းတိုက်ခိုက်တာကို ထွက်ကြည့်တာ၊ မှတ်တမ်းတင် ဓါတ်ပုံရိုက်တာ မပြုလုပ်ဖို့ အသိပေးထားပါတယ်။

ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ်တွေ ပျံသန်းတဲ့အသံ ကြားပါက ချက်ချင်း ဗုံးခိုကျင်း၊ ဘန်ကာတွေထဲ ပုန်းရှောင်ကြဖို့နဲ့ ပေါက်ကွဲလွင့်စင်လာတဲ့ ဗုံးအစအနတွေဟာ အထက်ပိုင်းကို ပျံတက်လေ့ရှိတာကြောင့် မြေပြင်နဲ့ကပ်နေတဲ့ဇုန်ဟာ အန္တရာယ်အကင်းဆုံးလို့ သတ်မှတ်ပြောဆိုထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရှုံးလာတာနဲ့အတူ ရှုံးမဲမဲကာ ပြည်သူတွေနဲ့ အရက်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်တာတွေ သိသိသာသာ ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းတိုက်ခိုက်တဲ့အန္တရာယ် ကင်းရှင်းဖို့ လမ်းညွှန်ချက်တွေကို အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးကြဖို့ MDY-PDF က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြို့ ဖားအင်အခြေစိုက် စစ်တပ်ရဲ့ စကခ(၁၉)ရှိ လက်နက်ခဲယမ်းတိုက် ဖောက်ခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 10 Views
စစ်တပ်ဘက်က လက်နက်မျိုးစုံ (၂၀၀)ခန့် ပျက်စီးခဲ့ပြီး (၄)ဦးသေဆုံးခဲ့ ဧပြီလ (၂၉)ရက်။ ဧပြီလ (၁၉)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ရေးမြို့
မြန်မာသတင်း

အရောတော်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဒဏ်ရာရတဲ့ ပျူစောထီးမိသားစုကို ပကဖက ကယ်ဆယ်စောင့်ရှောက်ထား

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 7 Views
ဧပြီလ (၂၉)ရက်။ အရာတော်ဒေသမှာ ဒဏ်ရာရတဲ့ စစ်တပ်ဒေါက်တိုင် ပျူစောထီးမိသားစုကို မြို့နယ်ပကဖက တိုက်ပွဲကနေ ကယ်ဆယ်စောင့်ရှောက်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

နွားထိုးကြီးနယ် ထိတွေ့တိုက်ပွဲထဲ စစ်တပ်ဘက်က (၂၀)ဦးခန့် ‌သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 33 Views
ဧပြီလ (၂၉)ရက်။ နွားထိုးကြီးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ နွားထိုးကြီး PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၄)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က နွားထိုးကြီးမြို့ ခံစပ်ကုန်း(န)ရွာကနေ အင်အား
မြန်မာသတင်း

CRPH နဲ့ NUG ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 27 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၇)ရက်နေ့ နံနက် (၈)နာရီအချိန်မှာ CRPH နဲ့ NUG ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီတို့ ဗီဒီယိုကွန်ဖရင့်ကတဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက လက်ရှိနိုင်ငံရေးနဲ့
မြန်မာသတင်း

မောတောင်မြိုပေါ်ကို စစ်တပ်က တရက်ထဲ ပေါင် (၃၀၀)ဗုံး (၁၂)လုံးခန့် ကြဲချ၊ အရပ်သားဇနီးမောင်နှံ (၂)ဦး ထိမှန်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 25 Views
ဧပြီလ (၂၈)ရက်။ မနေ့က မောတောင်မြိုပေါ်ရှိ ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုအချိုကို စစ်တပ်က ပေါင် (၃၀၀)ဗုံး (၁၂)လုံးခန့် ကြဲချခဲ့တယ်လို KNU ရဲ့ ထုတိပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ မယ်ဝါး(သဲဖြူ)ကျေးရွာအုပ်စုထဲကို (၂)ကြိမ်နဲ့ မောတောင်မြိုပေါ်ရှိ ရပ်ကွက်တွေထဲကို
မြန်မာသတင်း

(၅)နှစ်တာထဲ တိုက်ပွဲပေါင်း (၁၀၀)ကျော်နဲ့ စခန်းသိမ်းတိုက်ပွဲ (၅)ကြိမ်အထိ တိုက်ခိုင်နိုင်ခဲ့တယ်လို SAF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 30 Views
ဧပြီလ (၂၈)ရက်။ (၅)နှစ်တာထဲ တိုက်ပွဲကြီး/ငယ် စုစုပေါင်း (၁၀၀)ကျော်နဲ့ စခန်းသိမ်းတိုက်ပွဲ (၅)ကြိမ်ခန့် အထိ  တိုက်ခိုက်နိုင်ခဲ့တယ်လို ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က တပ်တည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ မြိုသိမ်းစစ်ဆင်ရေး (၂)ကြိမ်နဲ့ ဗျူဟာကုန်းသိမ်းတိုက်ပွဲ
မြန်မာသတင်း

ပို့ကုန်ရငွေ အပြည့်အဝ ပြန်ပေးသွင်းတာကြောင့် ဦးတေဇရဲ့ Htoo ကုမ္ပဏီအပါအဝင် (၁၇)ခုကို စစ်အုပ်စုက အမည်မည်းစာရင်းက ပယ်ဖျက်

  • 2026 ခုနှစ်၊ ဧပြီလ 28 ရက်
  • 22 Views
ဧပြီလ (၂၈)ရက်။ ပို့ကုန်ရငွေ အပြည့်အဝ ပြန်ပေးသွင်းတဲ့ ကုမ္ပဏီ (၁၇)ခုကို စစ်အုပ်စုဗဟိုဘဏ်က အမည်မည်းစာရင်းနဲ့ ပြည်ဝင်/ထွက်ခွင့် တားဆီးတာတို့ကနေ ပယ်ဖျက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုလက်အောက်ခံ ဗဟိုဘဏ်က အမည်မည်းစာရင်းနဲ့ ပြည်ဝင်/ထွက်ခွင့် တားဆီးတာတို့ကနေ
မြန်မာသတင်း

TRI ဗျူဟာက ရဲဘော် (၃၅)ဦးကို တပ်က ထုတ်ပယ်တာနဲ့ အမည်ပျက်စာရင်းသွင်း

  • 2026 ခုနှစ်၊ ဧပြီလ 28 ရက်
  • 30 Views
ဧပြီလ (၂၈)ရက်။ PDF-TRI ဗျူဟာက ရဲဘော် (၃၅)ဦးကို တပ်က ထုတ်ပယ်တာနဲ့ အမည်ပျက်စာရင်းသွင်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရဲဘော်တွေဟာ တပ်က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ပြင်းထန်စွာ ‌ဖောက်ဖျက်ကျူးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ဟာ