နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒီမိုကရက်ပါတီသမတလောင်းအပြောင်းအလဲဖြစ်လာခြင်းအပေါ် CNN -ဖရီးဒ် ဇာကာရီရား ၏သုံးသပ်ချက်။

သမတလောင်းကိုအစားထိုးပြောင်းလဲလိုက်ခြင်းဖြင့် ဗျူဟာပြောင်းလဲလိုက်ခြင်းသည် စွန့်စားရသော အလုပ်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အောင်မြင်နိုင်မည်လား။ လက်ရှိ အကျပ်အတည်းက ဒီမိုကရက်များအတွက် လမ်းကြောင်းသစ်ကို ပြန်လည်ချမှတ်ရန် အရေးကြီးသော အခွင့်အရေးတစ်ခု ဖြစ်နိုင်သည်။ ဒီမိုကရက်တစ်ပါတီအနေနှင့် အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် ဆုံးဖြတ်ချက်ကို လုပ်ဆောင်နိုင်ခဲ့ကြသည်။

အမေရိကားတွင် ပါတီများသည် နိုင်ငံရေး ရှေ့ဆောင်ရှေ့ရွက်ပြုသူများ၏ဆန္ဒအလျောက် လည်ပတ်နေသည့်အခွံများသာ ဖြစ်ကြပြီး၊ ဥရောပနှင့် အခြား ဒီမိုကရေစီနိုင်ငံအားလုံးနီးပါးတွင် နိုင်ငံရေးပါတီများသည် စွမ်းအားရှိသော နိုင်ငံရေးအဖွဲ့အစည်းများဖြစ်ပြီး ထိပ်ဆုံးရာထူး နေရာများကို သင့်တော်သူများကို ရွေးချယ်ပေးနိုင်ခွင့်နှင့် အစားထိုးနိုင်ခွင့် အာဏာများရှိကြသည်။ ဗြိတိန်မှ အလုပ်သမားပါတီက ဂျယ်ရမီ ကော်ဗန် (Jeremy Corbyn) ကို ပို၍ အောင်မြင်နိုင်သော ကီရာ စတာမာ(Keir Starmer) နှင့်အစားထိုးခဲ့သည်။ ထို့ကြောင့်ဗြိတိသျှရွေးကောက်ပွဲတွင် ၁၄နှစ်အကြာ ကွန်ဆာဗေးတစ်ပါတီအုပ်ချုပ်ထားမှုကို ကီရာစတာမာသည် အဆုံးသတ်နိုင်ခဲ့ပြီး လေဘာပါတီ၏ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ထို့အတူ သြစတြေးလျ အလုပ်သမားပါတီသည် ၎င်းတို့၏ ပါတီခေါင်းဆောင်န်ကြီးချုပ် ကီဗင် ရပ်ဒ် (Kevin Rudd) လူများကြားတွင် ရေပန်းစားခြင်း မရှိသည့်အခါ ၂၀၁၀ ခုနှစ်တွင်လူထောက်ခံမှုများသော ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ဂျူလီယာဂီးလ်လဒ် (Julia Gillard) နှင့်အစားထိုးခြင်း ပြုလုပ်ခဲ့သည်။

ဥရောပတွင် နိုင်ငံရေးပါတီများ၏ အဓိကအခန်းကဏ္ဍမှာ ပါတီတွင်းလုပ်ငန်းစဉ်အချို့ဖြင့် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ပြီးနောက် ပိုမိုကျယ်ပြန့်သော လူထုရွေးကောက်ပွဲများသို့ ရွေးချယ်လိုက်သည့်ကိုယ်စားလှယ်ကိုချပြ၍ လူထုထောက်ခံမှုကို ရရှိရန်ဖြစ်သည်။ သို့သော် အမေရိကန် တွင် ၁၉၆၀ခုနှစ် နှောင်းပိုင်းနှင့် ၇၀ အစောပိုင်းနှစ်များတွင် ပြင်းထန်သော အစွန်းရောက်ဝါဒဖြင့် ပါတီများသည် ၎င်းတို့၏ ဗဟိုအာဏာကို စွန့်လွှတ်ကာ ပမာဏ ရွေးချယ်မှုများထံ လွှဲပြောင်းပေးခဲ့ကြရာ ရလဒ်မှာ အမေရိကတွင် အာဏာသည် ပါတီခေါင်းဆောင်များထံမှ ပါတီ၏တက်ကြွလှုပ်ရှားသူများထံသို့ ပြောင်းရွှေ့သွားခြင်းဖြစ်ပြီး ရွေးကောက်ပွဲအတွက် မည်သူက နိုင်ငံရေးအရ သင့်တော်သည်ဆိုသည်ကို ပြည်သူတွေက ဆုံးဖြတ်ရမည်လား။ ပြည်သူတွေတွင် ၎င်းတို့မဲပေးရွေးချယ်တဲ့သူသည် နိုင်ငံရေးအရ မည်အမျှတွေ့အကြုံရှိသလဲဆိုခြင်းကို သိနိုင်သည့်အခြေအနေရှိသလားဆိုခြင်းက မေးစရာဖြစ်လာခဲ့သည်။

ပါတီကွန်ဗင်းရှင်းအစည်းဝေးကြီးသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များတွင် လက်ရှိအုပ်ချုပ်မှုအတွေ့အကြုံရှိထားသော အထက်လွှတ်တော် အမတ်များ၊ အုပ်ချုပ်ရေးမှူးများ၊ မြို့တော်ဝန်များ သို့မဟုတ် ယခင်ရွေးကောက်ခံ အရာရှိများ အထက်လွှတ်တော် အမတ်ဟောင်းများ ၊မြို့တော်ဝန်ဟောင်းများ ပါဝင်သည်။ ၎င်းတို့သည် ဆွဲဆောင်မှုရှိသော ပင်မရေစီးကြောင်း ထောက်ခံမှုဖြင့် အထွေထွေရွေးကောက်ပွဲအတွက် အရွေးအချယ်ခံရာတွင် အတွေ့အကြုံရှိသူများဖြစ်သည်။ ယခုအခါတွင်မူ အခြေခံမဲဆန္ဒရှင်များက ခေါင်းဆောင်ကို ရွေးချယ်ရန် ဆုံးဖြတ်သူများသည် သာမန်မဲဆန္ဒရှင်များထက် လူနည်းစုအယူဝါဒလွန်ကဲနေသူများဖြစ်သည်။

အယူဝါဒဆိုင်ရာ ပကတိအခြေအနေသည် ရွေးကောက်တင်မြှောက်သင့်သည့်အရည်အချင်းထက် ပိုအရေးကြီးသည်ဟု ယုံကြည်သူများအတွက်၊ ပါတီများမှ နှုတ်ထွက်စေခြင်းဖြင့်ပါတီသည်အခွံအဖြစ်ကျန်ရှိစေပြီး အယူဝါဒဆိုင်ရာအရေးကြီးမှုကို မျှဝေခံစားနိုင်စွမ်း မရှိသောသူများကို ထားခဲ့ကြသည်။ ထို့ကြောင့် ဒေါ်နယ်ထရန့်သည် ရီပတ်ဘလီကန်ပါတီကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပြီး အခြေခံအားဖြင့် ထရန့်မိသားစုကို ကိုးကွယ်သည့် အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းလဲနိုင်ခဲ့သည်။ ထိုသို့အသွင်ကူးပြောင်းမှု အလုံးစုံကို နားလည်နိုင်ရန်မှာ ထရန့်မှလွဲ၍ ရီပတ်ဘလီကန်ပါတီ၏ သမတဟောင်းတစ်ဦး သို့မဟုတ် ဒုသမတဟောင်းတစ်ဦးတစ်ယောက်မျှ ရီပတ်ဘလစ်ကန်အမျိုးသားကွန်ဗင်းရှင်းသို့ မတက်ရောက်လာကြောင်း သတိပြုမိဖို့လိုသည်။

ဗဟိုစင်မြင့်တွင် ယခင်သမ္မတ(ထရန့်)၏မိသားစုသည် ဗဟိုစင်မြင့်တွင် တက်ရောက်အောင်ပွဲခံနေချိန်တွင် ဂျိုးဘိုင်ဒင်နှင့် ဒီမိုကရက်များ ရင်ဆိုင်နေရသည့် စိတ်ပျက်ဖွယ်ရာအခြေအနေမှာ ဘိုင်ဒင်သည် ၂၀၂၀တွင် ထရန့်နှင့်ယှဉ်ပြိုင်နိုင်သည့် ထောက်ခံမှု အင်အားကောင်းသည့် သမ္မတလောင်းဖြစ်ခဲ့ပြီး၊ သူသည် ပြည်တွင်းနှင့် နိုင်ငံခြားရေးရာပေါ်လစီတွင် ကြီးမားသည့်အောင်မြင်မှုများနှင့်အတူ သူ၏အပြုအမူ၊ လေသံကလည်း ဂုဏ်သိက္ခာရှိပြီး စာနာမှုပြည့်ဝခဲ့ပါသည်။ သို့ရာတွင် လအတော်များများကြာပြီးနောက် မေလဆန်းပိုင်းတွင် သူ့အပေါ် လူထု ထောက်ခံမှုက လုံလောက်မှု မရှိတော့ကြောင်း ရှင်းလင်းစွာ သိလာခဲ့ရသည်။

လူထုစစ်တမ်းကောက်ခံမှုများတွင် ဘိုင်ဒင်သည် အရှုံးကို ဦးတည်နေကြောင်း ထောက်ပြခဲ့သည်။ ၂၀၂၀ ခုနှစ် ဇွန်လတွင် မည်သူက ပိုမိုအရည်အချင်းရှိသည်ဟု ယူဆသည့်မေးခွန်းတွင် ဘိုင်ဒင်က ၉% အသာဖြင့် ဦးဆောင်ခဲ့သည်။ စစ်တမ်းများက ဘိုင်ဒင်သည် ၄၇% ရှိပြီး ထရန့်က ၃၈% သာ ရှိသည်။ ဘိုင်ဒင်က ၉% အသာဖြင့် ရှေ့ရောက်နေခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်တော့ ဘိုင်ဒင်သည် ၃၂% သာရပြီး ထရန့်က ၄၈% ရရှိခဲ့ပြီး ထရန့်ကဘိုင်ဒင်ထက် ၁၆% ပိုများကာ ဦးဆောင်နေသည်။ ဤအချက်က ပြည်သူများ၏ သဘောထားကို တွေ့မြင်နိုင်သည်။

ဘိုင်ဒင်သည် သမတအဖြစ် တာဝန်ထမ်းဆောင်ရန် အသက်ကြီးလွန်းနေပြီး ထိုအချက်ကို သူ့အနေနှင့် ပြောင်းလဲ၍ မရနိုင်ပေ။ ထိုအခြေအနေသည် ဘိုင်ဒင်နှင့်ထရန့်တို့ စကားစစ်ထိုးခြင်း မပြုမီ အခြေအနေဖြစ်သည်။ စကားစစ်ထိုးပြီးနောက်ဘိုင်ဒင်၏ ကမောက်ကမ ပြောဆိုခြင်းနှင့် သတိမေ့လျော့မှုတို့က အခြေအနေကို ပိုမိုဆိုးဝါးလာစေပြီး ကွန်ဂရက်ခေါင်းဆောင်များနှင့် ဒီမိုကရက်ပါတီအထက်လွှတ်တော်ခေါင်းဆောင် ချပ်ရှူးမား (Chuck Schumer) ၊ ဒီမိုကရက်ပါတီအောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဟာကင်းဂျက်ဖရီး (Hakeem Jeffries) နှင့် ဒီမိုကရက်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီ (Nancy Pelosi) တို့သည် မိမိတို့ပါတီ၏ တာဝန်ကို အလေးအနက်ထားပြီး စစ်တမ်းများနှင့် ပတ်သက်၍ သူအနိုင်ရနိုင်ခြင်း မရှိကြောင်း ဘိုင်ဒင်အား ပြောဆိုနေပုံရသည်။

ဘိုင်ဒင်က သူ့နိုင်ငံကို ပိုကောင်းအောင် သူက ပြုလုပ်ပေးလိုက်သည်ဆိုသည့် ဤကဲ့သို့ ခက်ခဲသော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းအားဖြင့် သူသည် သမတ ဖြစ်နေစဉ်မှာလည်း အောင်မြင်စွာ သူ့တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ခဲ့သည့် သမ္မတတစ်ဦး ဖြစ်သလို သမတရွေးကောက်ပွဲတွင်လည်း သူက ယှဉ်ပြိုင်ခြင်းထက် သူ့ထက်ငယ်ရွယ်သူကို တိုင်းပြည်ချစ်စိတ်နှင့် ဦးစားပေးခဲ့ပြီး ပြိုင်ပွဲမှ သူက ထွက်ပေးနိုင်သည့် အတ္တမာန်မာနမထားသူ တိုင်းပြည်အကျိုး ပါတီအကျိုးကိုသာ ကြည့်သူဖြစ်သည်ဆိုသည့် အခွင့်အရေးကို ဘိုင်ဒင်က ဆုံးဖြတ်ပြီး ရယူခဲ့သည်။ ထိုအခြေအနေတွင် ဒီမိုကရက်တစ်ပါတီသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အာဏာချိန်ခွင်လျှာကို ပြောင်းလဲနိုင်စွမ်း ရှိလာမည် ဖြစ်သည်။

ဒီမိုကရက်ပါတီ၏ပုံရိပ်ကို အစွန်းရောက် အယူဝါဒဆိုင်ရာ အစိတ်အပိုင်းအချို့က အရောင်ဆိုးထားခဲ့သည်။ ပမာဏရွေးချယ်ပွဲများနှင့် တွစ်တာ (Twitter) တို့တွင် ပါဝင်သည့် တက်ကြွလှုပ်ရှားသူများသည် ပြဿနာရှာနေသော လူနည်းစုသာ ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေး၊ ရာဇဝတ်မှု၊ ကိုယ်စားပြုမှု (identity)၊ နိုင်ငံရေး၊ တက္ကသိုလ်ကျောင်းဝင်းယဉ်ကျေးမှု၊ နှင့် လိင်ပြောင်းအခွင့်အရေးများ ကဲ့သို့သော ကိစ္စများကို ဇောင်းပေးနေကြသည်။ အမေရိကန် ၏ ပင်မရေစီးကြောင်းကို မျက်ခြည်ပြတ်သွားသောအခါ၊ တိုးတက်သောအတွေးအခေါ်များသည် ဇိမ်ခံမှုကို ဦးစားပေးဖြစ်လာခဲ့သည်။ လူ့အခွင့်အရေး ရပိုင်ခွင့်များကို ဦးစားပေးသော ဒီမိုကရက်များသည် ပညာတတ် အပေါ်လွှာအထက်တန်းစားများ၏ အဆင့်အတန်းကို ပေးဆောင်သည့် အတွေးအခေါ်များ ဖြစ်သော်လည်း လူများစုကြီးဖြစ်သည့် အလုပ်သမား လူတန်းစားများအတွက် အခွင့်အရေးများ ရပိုင်ခွင့်များကို ဇောင်းပေးလုပ်ဆောင်ရေးကို ပေါ့လျော့လာခဲ့ကြသည်။ နိုဝင်ဘာလသမတ ရွေးကောက်ပွဲသည် အလုပ်သမား လူတန်းစား၏ ဘဝကိုပြောင်းလဲပေးလိုသည့် ကိုယ်စားလှယ်လောင်းများ၏ နည်းလမ်းနှင့် မကြာခဏ ကွဲလွဲနေမှုရှိသည်ကို ပြန်လည် ပြင်ဆင်ရန်ပိုမိုကျယ်ပြန့်သော အလှည့်အပြောင်း ဖြစ်စေရန် သတ်မှတ်ခြင်း၏ အစပင် ဖြစ်သည်။

ပါတီခေါင်းဆောင်များသည် တက်ကြွလှုပ်ရှားသူ လူနည်းစု၏ အာဏာကို ပင်မရေစီးကြောင်း အခြေခံလူတန်းစားအများစုနှင့် ဟန်ချက်ညီစေရန် အဓိကစနစ်အား ပြုပြင်ပြောင်းလဲသင့်သည်။ အများဆန္ဒအတိုင်း လွတ်လပ်စွာ မဲပေးခွင့်ရှိသည့် နာမည်ကြီးကိုယ်စားလှယ်များကို အရွေးခံနိုင်ရန် ပေါင်းထည့်ပေးခြင်းသည် အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်သည်။ ဒီမိုကရက်တစ်ပါတီ၏ သတင်းစကားကို ၎င်းပါတီ၏ နိုင်ငံရေး အတွေ့အကြုံရှိသည့် အုပ်ချုပ်ရေးမှူးများ၊ အထက်လွှတ်တော်အမတ်များ၊ မြို့တော်ဝန်များကသာ ပုံဖော်လုပ်ဆောင်ပေးစေရန်ဖြစ်ပြီး တက်ကြွလှုပ်ရှားသူများနှင့် ပညာရှင်များက ပုံဖော်ပေးခြင်းမဟုတ်ရပေ။ လာမည့်ရက်သတ္တပတ် အနည်းငယ်တွင် ၎င်းတို့ကို ပိုမိုအမေရိကန် ပီသသူများအဖြစ် အပြောင်းအလဲသည် စတင်လာနိုင်သည်။

Fareed Rafiq Zakaria သည် အိန္ဒိယနွယ်ဖွား အမေရိကန် သတင်းထောက်၊ နိုင်ငံရေးဝေဖန်သုံးသပ်သူနှင့် စာရေးဆရာဖြစ်သည်။ သူသည် CNN ၏ Fareed Zakaria GPS ၏ အစီအစဉ်မှူးဖြစ်ပြီး Washington Post အတွက် အပတ်စဉ် အခကြေးငွေ ဖြင့် ကော်လံကို ရေးသည်။ သူသည် Newsweek အတွက် ပင်တိုင်ဆောင်းပါးရှင်၊ Newsweek International ၏ အယ်ဒီတာနှင့် Time ၏ အယ်ဒီတာတစ်ဦးဖြစ်သည်။

May be an image of 1 person, dais and text

See insights and ads

Boost post

Like

Comment

Send

Share

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 47 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက