နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဘိုင်ဒင်သည် ယူကရိန်းအတွက် လေကြောင်းရန် ကာကွယ်ရေးအသစ်များကို ကြေညာခြင်းဖြင့် နေတိုးထိပ်သီးအစည်းအဝေးကို ဖွင့်လှစ်

ဇူလိုင်လ (၁၀) ရက်။

NATO ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ယူကရိန်းကို လေကြောင်းရန် ကာကွယ်ရေးအသစ် ထောက်ပံ့ပေးမည့် အစီအစဉ်ကို သမ္မတ ဂျိုးဘိုင်ဒန်က အင်္ဂါနေ့က ကြေညာခဲ့ပြီး ရုရှားကျူးကျော်မှုကို ခုခံရာတွင် ယူကရိန်းနိုင်ငံအတွက် အလွန်လိုအပ်နေသည့် အထောက်အပံ့များကို ပေးအပ်လိုက်ပါသည်။ အမေရိကန်၊ ဂျာမနီနှင့် ရိုမေးနီးယားတို့သည် Patriot ဘက်ထရီတစ်လုံးစီ ထောက်ပံ့ပေးမည်ဖြစ်ပြီး နယ်သာလန်သည် နောက်ထပ် Patriot ဘက်ထရီကို အသုံးပြုနိုင်ရန် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတစ်ခုစီက ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင် အီတလီနိုင်ငံသည် SAMP-T တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။ လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ယူကရိန်းမြို့ကြီးများ၊ အရပ်သားများနှင့် စစ်သားများကို အကာအကွယ်ပေးမည်ဖြစ်ပြီး အဆိုပါစနစ်များကို လျင်မြန်စွာအသုံးပြုနိုင်စေရန်အတွက် ယူကရိန်းအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်္ဂါနေ့တွင် ၎င်း၏မိန့်ခွန်းအတွင်း ဘိုင်ဒင်က “ ကျွန်တော်တို့ အရေးကြီးတဲ့လေကြောင်းရန်ကာကွယ်ရေး ကြားဖြတ်ဒုံးတွေကို တင်ပို့တဲ့အခါ ယူကရိန်းက ရှေ့တန်းကို သေသေချာချာ ရောက်အောင်သွားနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ကူညီမယ်” ဟု ကတိပြုခဲ့သည်။ “ သူတို့က တခြားသူတွေ ဒီကာကွယ်ရေးစနစ်ကို လက်မခံခင် ဒီအကူအညီကို အရင်ရလိမ့်မယ်” ဟု ဘိုင်ဒင်က ထပ်လောင်းပြောသည်။ အစ္စရေးသည် မောင်းသူမဲ့ လေယာဉ်များနှင့် ဒုံးပျံများကို ကြားဖြတ်ဟန့်တားရန် Iron Dome ပေါ်တွင် ပိုမိုအားကိုးနေသော်လည်း အစ္စရေးသည် အမေရိကန်ထံမှ ခံစစ်ကြားဖြတ်ဒုံးများကို လက်ခံရရှိထားသည်။ ယူကရိန်းသို့ အစ္စရေးထံမှ Patriot ကြားဖြတ်တပ်များ ပေးရန် အမေရိကန်က ယခင်က ဆွေးနွေးခဲ့ဖူးသည်။

တာဝေးပစ်လေကြောင်းကာကွယ်ရေးစနစ်များအပြင် အမေရိကန်နှင့် အခြားနိုင်ငံများကလည်း ကိ့ဗ်တွင် ရုရှားမောင်းသူမဲ့လေယာဉ်များနှင့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်စေရန်အတွက် တာတိုနှင့် တာလတ်ပစ်စနစ်များ ဒါဇင်ပေါင်းများစွာကို ယူကရိန်းအား ထောက်ပံ့ပေးလျက်ရှိသည်။ ထိုထောက်ပံ့ပေးသည့်ကာကွယ်ရေး စနစ်များမှာ NASAMS၊ HAWKs၊ IRIS T-SLM၊ IRIS T-SLS နှင့် Gepard စနစ်များ ဖြစ်သည်။ ကနေဒါ၊ နော်ဝေး၊ စပိန်၊ ယူကေနှင့် အခြားနိုင်ငံများသည် ယူကရိန်းအား စနစ်များကို ပံ့ပိုးပေးရာတွင် “အခြားထောက်ခံပံ့ပိုးသူများ” က ကြားဖြတ်ဒုံးကျည်များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ယူကရိန်းကို ကူညီဖို့ အမေရိကန်နဲ့ ဥရောပတို့ဆီက ပြတ်သားစွာ အရေးယူဆောက်ရွက်ပေးတဲ့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်” ဟု ပြောသည်။ “ ကျွန်တော်တို့နိုင်ငံအတွက် ဒီဒုံးကာကွယ်ရေးစနစ်ကို လိုအပ်ရုံသာမက၊ လူတိုင်းအတွက် လိုအပ်တယ်၊ အမှန်အားဖြင့် မိတ်ဖက်တိုင်းပြည်ရှိ လူမျိုးတိုင်းအတွက် လိုအပ်ပါတယ်” ဟု ဇလန်းစကီးက အမေရိကန် သို့ရောက်ရှိပြီးနောက် ၎င်း၏ ပထမဆုံး မှတ်ချက်တွင် ပြောကြားခဲ့သည်။ လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ F-16 ဂျက်တိုက်လေယာဉ်များနှင့် “လက်နက်နှင့်ဘဏ္ဍာရေး၊ နိုင်ငံရေး အထောက်အပံ့များအပါအဝင် လုံခြုံရေး အာမခံချက်များ” တို့ကို ထပ်မံတောင်း ဆိုသွားမည်ဟု ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။

ဘိုင်ဒင်က ယူကရိန်းကိုထောက်ပံ့မှုအကြောင်း မကြေညာမီတစ်ရက်အလိုတွင် ယူကရိန်းတစ်ဝှမ်းရှိ မြို့များ၌ ရုရှား၏တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၆၈ ဦး ဒဏ်ရာရခဲ့ပြီး နိုင်ငံ၏အကြီးဆုံး ကလေးဆေးရုံကြီးကို တိုက်ခိုက်မှုအကြောင်း ယူကရိန်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တနင်္လာနေ့ညနေပိုင်းတွင် ဘိုင်ဒင်က အဆိုပါတိုက်ခိုက်မှုသည် ရုရှား၏ ရက်စက်ကြမ်းကြုတ်မှုကို ကြောက်ရွံ့ဖွယ်သတိပေးချက်တစ်ခုဟု ခေါ်ဆိုခဲ့သည်။ ရုရှားနှင့် နှစ်နှစ်ခွဲကြာ စစ်ပွဲအတွင်း ဇလန်းစကီးသည် မော်စကို၏ စစ်ရေးစွမ်းရည်ကို ဟန့်တားရန် သူ့နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးကို ခိုင်မာစေရန် မဟာမိတ်နိုင်ငံများကို ထပ်ခါတလဲလဲ တောင်းဆိုခဲ့သည်။

ယူကရိန်းနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ရုရှားကျူးကျော်ဝင်ရောက်လာချိန်မှစ၍ ယူကရိန်းအတွက် အမေရိကန်သည် အရေးပါသော မဟာမိတ်ဖြစ်ခဲ့သော်လည်း အဆိုပါမဟာမိတ်၏အနာဂတ်မှာ မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

သမ္မတဟောင်း ဒေါ်နယ်ထရန့်က “ သူသမ္မတ ဖြစ်လာခဲ့ရင် ကိယက်ဗ်ကို သူ့နယ်မြေကို ခွဲဝေပေးလိုက်ဖို့ လုပ်ငန်းစဉ်မှာ ရုရှားနဲ့ ငြိမ်းချမ်းရေး သဘောတူညီဖို့ ဖိအားပေးမယ်” ဟု ပြောကြားခဲ့ပါသည်။ ခုနှစ်အစောပိုင်းတွင်၊ ထရန့်သည် နေတိုးကာကွယ်ရေးရန်ပုံငွေဆိုင်ရာ တာဝန်ဝတ္တရားများနှင့် မကိုက်ညီသော နိုင်ငံများကို ရုရှားက “ သူလိုချင်တာမှန်သမျှလုပ်ခွင့်ပေးမယ်” ဟု ပြောခဲ့ပါတယ်။

ယခုနှစ် အီတလီနိုင်ငံတွင်ပြုလုပ်သည့် G7 ထိပ်သီးအစည်းအဝေးတွင် အဓိက ခေါင်းစဉ်တစ်ခုသည် ယူကရိန်းနိုင်ငံအတွက် ပံ့ပိုးကူညီမှု ဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့များအား လေ့ကျင့်မှု ဆက်လက်ပြုလုပ်ရန် အမေရိကန်က ၁၀ နှစ်ကြာ ကတိပြုသည့် သဘောတူညီချက်တစ်ရပ် ဘိုင်ဒင်နှင့် ဇလန်းစကီးတို့က လက်မှတ်ရေး ထိုးခဲ့ကြပြီး အမေရိကန်မှ လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ကိရိယာများ ထုတ်လုပ်မှုတွင် ပိုမိုပူးပေါင်းဆောင်ရွက်မှု၊ စစ်ရေးအကူအညီနှင့် ထောက်လှမ်းရေးကိစ္စ မျှဝေမှုတို့ကို ဆက်လက်ပံ့ပိုးပေးခဲ့သည်။

သို့ရာတွင် ဤသဘောတူညီချက်ကို မတူညီသည့် အစိုးရအုပ်ချုပ်မှုအောက်တွင် ပြန်ဖျက်နိုင်ပါသည်။ ဘိုင်ဒင်သည် ၁၉၄၉ ခုနှစ်တွင် မြောက်အတ္တလန္တိတ်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် Mellon Auditorium ခန်းမတွင် အင်္ဂါနေ့က စကားပြောခဲ့သည်။ ထိုနေရာတွင် နေတိုးမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုနေရာတွင် သမ္မတဟောင်း ဘီလ်ကလင်တန်က နေတိုး မဟာမိတ်၏ နှစ် ၅၀ ပြည့် ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့သည်။

နောက်ခံအခင်းအကျင်းအရ ဘိုင်ဒင်သည် မဟာမိတ်အဖွဲ့၏ သမိုင်းကြောင်းနှင့် ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုများကို တင်ပြပြီး ၎င်း၏ခေါင်းဆောင်မှုအောက်တွင် နေတိုးသည် ယခင်ကထက် ပိုမိုအားကောင်းလာသည်ဟု ပြောဆိုခဲ့သည်။

“ဒီစစ်ပွဲမတိုင်ခင်မှာ ကျွန်တော်တို့ မဟာမိတ်တွေအားလုံးသိနေတာက ပူတင်က နေတိုးကို ဖြိုခွဲနိုင်မယ်လို့တွေးထင်ထားခဲ့တာ” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။ “ဒီနေ့ နေတိုးဟာ သမိုင်းတွင် ရှိခဲ့ဖူးတာထက် ပိုမိုအားကောင်းလာပါတယ်။ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် ဂျင်း စတော်တင်ဘာ့ဂ် (Jens Stoltenberg) အား သမ္မတ၏ လွတ်လပ်ရေး ဆုတံဆိပ်ကို ပေးအပ်ပြီး ၎င်း၏ မိန့်ခွန်းကို နိဂုံးချုပ်ခဲ့သည်။

ဘိုင်ဒင်သည် သူ၏မှတ်ချက်ကို မော်နီတာမှ (teleprompter) မှ ကြည့်ရှုခဲ့ရသော်လည်း ၎င်း၏ ပါတီဝင်များနှင့် လူထုအများအပြားက ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ၎င်း၏ ညံ့ဖျင်းသော စကားစစ်ထိုးပွဲ စွမ်းဆောင်ရည်ကို အနီးကပ်စောင့်ကြည့်နေကြသောကြောင့် သမ္မတအတွက် ယှဉ်ပြိုင်နိုင်မှု အပေါ်သံသယများ မြင့်မား လာခဲ့သည်။ ၎င်း၏ပါတီဝင်အချို့က မကြာသေးမီကမှ သူတို့အနေနှင့် ဘိုင်ဒင်အား နောက် ၄ နှစ်အကြာ သူ့အား ထောက်ခံအားပေးရန်အတွက် ၎င်း၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဆိုင်ရာ သက်သေအထောက်အထားများ ထပ်မံရယူလိုကြောင်း ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် ဆုတံဆိပ်ကို စတော့တင်ဘာဂ့်အား ပေးအပ်နေစဉ်တွင် ၎င်း၏ပြင်ဆင်ထားသော မှတ်စုကို မတော်တဆ ဖတ်မိသွားပုံရသော်လည်း ကြီးကြီးမားမား အထစ်အငေါ့မရှိဘဲ ၎င်း၏မိန့်ခွန်းကို ကောင်းမွန်စွာပြောနိုင်ခဲ့သည်။

ဘိုင်ဒင်၏ စကားစစ်ထိုးပွဲ စွမ်းဆောင်ရည်ကြောင့် နိုင်ငံခြားသံတမန်များသည် ထိတ်လန့်သွားသော်လည်း သမ္မတသည် ကြာသပတေးနေ့တွင် ပြုလုပ်သည့် တစ်ကိုယ်တော် သတင်းစာရှင်းလင်းပွဲအတွင်း အပါအဝင် ယခုသီတင်းပတ်အတွင်း သူ့ကိုယ်သူ သက်သေပြရန် အခွင့်အရေးများစွာ ရှိပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

“ မင်းသားခေါင်းထဲကိုကျဥ်ဆံပစ်ထည့်လိုက်မယ်” တက္ကဆက် ပြည်နယ်အောက်လွှတ်တော်အမတ်ဟောင်း မာဂျော်ရီတေလာဂရင်း (Marjorie Taylor Greene) ၏ ရင်ဖွင့်သံ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်”
နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 17 Views
CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြသ၊ သို့သော် အဘယ်ကြောင့် ယခုမှပြောလာသနည်း

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 17 Views
CNN- နစ်ခ် ပါတန် ဝေါ့ရှ် (Nick Paton Walsh) ၏ ဝေဖန်ဆန်းစစ်ချက်  ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် ပြင်းထန်သော ဖိအားများ ကြုံတွေ့နေရသည့် အချိန်တွင် ထွက်ပေါ်လာသော ထူးခြားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ အီရန်အစိုးရအတွင်းရှိ သဘောထားတင်းမာသူများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုပိုင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ဆွေးနွေးပွဲတိုးတက်မှုသည် ထရမ့်၏ တရုတ်ခရီးစဉ် ရလဒ်အပေါ် မူတည်နိုင်ဟု သတင်းရင်းမြစ်ဆို

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဆွေးနွေးမှုများသည် ယခုသီတင်းပတ် နှောင်းပိုင်းတွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မတွေ့ဆုံမီအထိ သိသာထင်ရှားသော တိုးတက်မှုများ ရှိလာမည်မဟုတ်ကြောင်း ညှိနှိုင်းမှုလုပ်ငန်းစဉ်နှင့် နီးစပ်သည့် ဒေသတွင်းသတင်းရင်းမြစ်တစ်ခုအရ
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 18 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

‘အမေရိကန်နှင့် သဘောတူညီချက်ရယူမှုကို နှောင့်ယှက်ဖျက်ဆီးနေသည့် အီရန်၏ အစွန်းရောက်သဘောထားတင်းမာသူများ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၀ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများသည် အရေးပါသော အဆင့်သို့ ရောက်ရှိလာချိန်တွင်၊ သြဇာညောင်းသည့် သဘောထားတင်းမာသော အဖွဲ့ငယ်တစ်ခုသည် ဝါရှင်တန်နှင့် ဖြစ်ပေါ်လာနိုင်သော သဘောတူညီချက်ကို နှောင့်ယှက်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။ ၎င်းလုပ်ရပ်များသည်