မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနေ မောင်စောရဲနိုင်ဝင်း ( အသက်၁၆ နှစ်အရွယ် ) နဲ့ မောင်စောငပြူး ( အသက် ၁၈ နှစ်အရွယ်) တို့နှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူတို့နှစ်ဦးကို ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင် ကားလမ်းဘေး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မတ်လ ၂၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရတဲ့ လူငယ်တွေအနေနဲ့ သာမာန်အရပ်သားတွေသာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်အနေနဲ့ အာဏာသိမ်းပြီးချိန်ကစလို့ အရပ်သား ၃၁၆၀ ဦးထိ သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။