မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင် မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင် (ပကဖ) အဖွဲ့ကထုတ်ပြန်ထားချက်အရသိရပါတယ်။
ဧပြီ၂၄ ရက် မနက် ၇နာရီ အချိန်က မြိုင် မြို့မရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးဘူးလို့ မြိုင်(ပကဖ)အဖွဲ့ကပြောပါတယ်။
ယမန်နေ့ညပိုင်း ၈ နာရီခန့်တွင်လည်း မြိုင်မြို့ရဲစခန်းဝန်းကျင်၌ ပစ်ခတ်သံများကြားခဲ့ရကြောင်း မြို့ခံအချို့က ပြောသည်။
ထိုစစ်ဆင်ရေးအား ဘာမဏီပျောက်ကြားတပ်ဖွဲ့၊GOE အဖွဲ့၊ မြိုင်မြို့နယ်တွင်း(ပကဖ)များနှင့်မြိုင် (ပကဖ) ရင်း(၁) ခွဲ (၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများရှိနေပြီး ကျေးရွာ၊ ဆေးရုံနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ပြုလုပ်နေသည်။
Era’sEyes/မြိုင်မြို့နယ် လင်းကတောရဲစခန်းကို ၂၀၂၂ ဇန်နဝါရီ ၂၉ရက်က ဒေသတွင်း PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ – မြိုင်(ပကဖ)