ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် ကျောက်မောကျေးရွာရဲကင်းစခန်းကို မေ ၂၅ရက်မှာ (Nothern ABSDF)ကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ ရဲတပ်ကြီးတဦး အပါအဝင် ရဲ ၄ ဦး သေဆုံးခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (Nothern ABSDF) က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက််ခိုက်မှုမှာ ရဲများကိုင်ဆောင်သည့် သေနတ် ၆ လက်နှင့် ကျည်ဆန်များ၊ လက်ပစ်ဗုံးနှင့် အသုံးအဆောင်ပစ္စည်များအား သိမ်းဆည်ရရှိခဲ့ပြီး ရဲစခန်းအတွင်းရှိနေသည့် အမျိုးသမီး ၃ ဦးနှင့် ကလေး ၂ ဦးအား ပြန်လွှတ်ပေးခဲ့တယ်လို့ထုတပြန်ထားပါတယ်။
ကျောက်မောကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများသည် ဖြတ်သန်းသွားလာသည့်ကားများနှင့် အနီးအနားရှိ လုပ်ငန်းရှင်များထံမှ ပိုက်ဆံတောင်းခြင်း၊ ရိက္ခာအတင်းအကျပ် တောင်းယူခြင်းများ ပြုလုပ်လေ့ရှိ တာကြောင့် အခုလို ရှင်းလင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ် လို့ ABSDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
Era’sEye/ဓာတ်ပုံ – Nothern ABSDF