လက်နက်ကြီးကျည်ကျလို့ နေအိမ် ၂ လုံးပျက်စီး
ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ကြောင်သျှာကုန်းရွာကို စစ်ကောင်စီတပ်
က လက်နက်ကြီး နဲ့ ပစ်ခတ်တာကြောင့်
ဒေသခံတွေရဲ့ နေအိမ်. ၂ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။



ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာကိုကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းက ပစ်ခတ်တာလို့ စစ်ကောင်စီတပ်နဲ့တိုက်ခိုက်နေတဲ့ ကျားဖြူစစ်ကြောင်း ရဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
အရပ်သားထိခိုက်မှု မရှိပေမယ့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ဇွန်လ ၉ ရက်ကလည်း ကော့ကရိတ်မြို့တောင်ပိုင်း တောင်ကြားရွာ မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ နေအိမ် ၁၀ ခန့် ထိမှန်ပျက်စီးခဲ့ရပါသေးတယ်။
Era’sEye