နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်မှာသာ ရှိနေပြီး လာမယ့်လအတွင်းမှသာ ပြောင်းရွှေ့ဖို့ရှိ


ဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်အချုပ်ထောင်မှာသာ ရှိနေပြီး လာမယ့်လအတွင်းမှာ ပြောင်းရွှေ့နိုင်ခြေရှိတယ်လို့ နေပြည်တော်က ခိုင်လုံတဲ့သတင်းအရင်းအမြစ်များထံက သိရပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အချုပ်ထောင်မှ ပြောင်းရွှေ့ကာ နေအိမ်တစ်ခုမှာ ထားရှိတယ်ဆိုပြီး ဇူလိုင်လ ၂၅ရက်နေ့ ညပိုင်းကစပြီး သတင်းများထွက်ပေါ်လာပါတယ်။

“အခု ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်အချုပ်ထောင်မှာပဲ၊ ဒါပေမယ့် ၈လပိုင်းထဲမှာတော့ ရွှေ့နိုင်တဲ့အခြေအနေရှိတယ်”လို့ နေပြည်တော်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။


ထိုသို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေရာပြောင်းရွှေ့တာနဲ့ပတ်သက်ပြီး သတင်းများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပေမယ့် စစ်ကောင်စီဘက်ကတော့ သီးခြားအတည်ပြုထုတ်ပြန်ခြင်းမျိုး မရှိသေးပါ။

နိုင်ငံတကာသတင်းဌာနများရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်က ဒုဝန်ကြီးတွေနေထိုင်တဲ့ အိမ်တစ်အိမ်ကို ပြောင်းရွှေ့လိုက်ပြီဆိုပြီး ရေးသားထားကြပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ခုနှစ် အာဏာသိမ်းသည့်အချိန်ကစပြီး ဖမ်းဆီးခံထားရကာ အမှုစုစုပေါင်း ၁၉မှုဖြင့် ထောင်ဒဏ် ၃၃နှစ် ချမှတ်ခံထားရပြီး နေပြည်တော်အချုပ်ထောင်ရှိ သီးခြားအဆောင်တစ်ခုမှာ နေထိုင်နေရတာလည်းဖြစ်ပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်တပ်ယာဉ် မိုင်းဆွဲခံရပြီး (၂)ဦး‌သေသေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 13 Views
ဇန်နဝါရီလ (၃)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲအချိန်က ပေါင်းခေါင်း‌မြို့မှာ စစ်တပ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကြိုတင်မဲကိစ္စ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတဲ့အပေါ် စစ်ကော်မရှင်ပြန်ရှင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 9 Views
ဇန်နဝါရီလ (၃)ရက်။ ကြိုတင်မဲနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြောဆိုနေကြတဲ့အပေါ် စစ်တပ်လက်အောက်ခံ ရွေး/ကော်က ဒီကနေ့မှာ ပြန်လည်ရှင်းလင်းချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကြိုတင်မဲပေးတာကို
မြန်မာသတင်း

ကသာမြို့သိမ်းတိုက်ပွဲ မြို့လယ်အထိ တော်လှန်ရေးတပ်တွေ ဝင်ရောက်ထိုးစစ်ဆင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 10 Views
ဇန်နဝါရီလ (၃)ရက်။ ကသာမြို့သိမ်းတိုက်ပွဲထဲ မြို့လယ်အထိ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ အခု တော်လှန်ရေးတပ်တွေ မြို့ထဲ တောက်လျှောက်ဝင်သွားတာ မြို့ရဲ့တဝက်လို့ ပြောလို့ရနေပြီပေါ့၊ မြို့လယ်ခေါင်အထိရောက်နေပြီ။ စခတွေကတော့ ခမရ(၃၀၉)တခုထဲကပဲ အဓိကခုခံနေတာ” လို့
မြန်မာသတင်း

လှည်းကူးမြို့ရှိ စစ်ကောင်စီရဲ့ ခရိုင်ထွေ/အုပ်ရုံး မိုင်းခွဲခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 12 Views
ဇန်နဝါရီလ (၃)ရက်။ မနေ့က ညနေ (၆)နာရီ (၄၀)ခန့်က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခရိုင်ထွေ/အုပ်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လှည်းကူး ပဲခူးကားလမ်းမကြီးဘေးက ခရိုင်ထွေ/အုပ်ရုံးကို နှစ်သစ်ကူးလက်ဆောင်အနေနဲ့
မြန်မာသတင်း

ဆင်ဖြူကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ ရုံးဌာနတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 25 Views
ဇန်နဝါရီလ (၂)ရက်။ မနေ့က ဆင်ဖြူကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ ထွေ/အုပ်ရုံးအပါအဝင် ထောက်တိုင် ရုံးဌာနတွေကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ‌ထောက်တိုင်ရုံးဌာနတွေကို မင်းဘူးခရိုင်စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက
မြန်မာသတင်း

ဆိပ်ဖြူမြို့မှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး (၁၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 28 Views
ဇန်နဝါရီလ (၂)ရက်။ ဒီဇင်ဘာလ (၃၀)ရက်နေ့က ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင်စစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆိပ်ဖြူမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ ကား(၄)စီးပါယာဉ်တန်းကို လာကြိုတဲ့ သံပြားကာကား(၁)စီးနဲ့ အိမ်စီးကား (၁)စီးကို
မြန်မာသတင်း

ဒီပဲယင်းနယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 21 Views
ဇန်နဝါရီလ (၂)ရက်။ မနေ့က ည (၇)နာရီခွဲအချိန်က ဒီပဲယင်းနယ် မူးကမ်းကြီးရွာရှိ စစ်ဘေးရှောင်တွေ‌ရှိတဲ့ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ည (၇)နာရီခွဲလောက် မူးကမ်းကြီးရွာမှာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်းကို
မြန်မာသတင်း

မြို့နယ်ပေါင်း (၃၇)မြို့နယ်ကို တော်လှန်ရေးတပ်တွေ အပြည့်အဝသိမ်းပိုက်ထား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 19 Views
ဇန်နဝါရီလ (၂)ရက်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်အထိ တော်လှန်ရေးတပ်တွေ မြို့နယ်ပေါင်း (၃၇)မြို့နယ်ကို အပြည့်အဝသိမ်းပိုက်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရေးအစီရင်ခံစာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေဟာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ မြို့နယ်ပေါင်း (၄၁)မြို့နယ်ကို ဆက်လက်ဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့