နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

နတ်မောက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးဆိုသူ ရှင်းလင်းခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ပျူစောထီးလို့လည်းလူသိများသူ အမျိုးသားတဦးကို ဒီနေ့လယ်ပိုင်းမှာ ရှင်းလင်းခဲ့တယ်လို့ CRC – PLA (အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များတပ်ပေါင်းစု – ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) အဖွဲ့က ထုတ်ပြန်ပါတယ်။

ရှင်းလင်းခံရသူမှာ အသက် ၄၀ အရွယ် ဦးကျော်စိုးမိုးဖြစ်ပြီး စစ်ကောင်စီတပ်တွေကို ခေါ်ကာဒေသခံတွေကို ရိုက်ခိုင်းတာတွေ ဖမ်းဆီးခိုင်းတာ‌တွေလုပ်တဲ့အပြင် လက်နက်ကိုင်ဆောင်တယ်လို့လည်း သိရတဲ့အတွက် နေအိမ်မှာတင် သေနတ်နဲ့ပစ်ပြီး ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ဦးကျော်စိုးမိုးဟာ စစ်တပ်နဲ့လိုက်ပြီး ကျေးရွာအချို့က နေအိမ်တွေကိုလည်း မီးလိုက်ရှို့တာတွေ လုပ်တယ်လို့ CRC-PLAက ဆိုပါတယ်။


အဲဒီပစ်ခတ်မှုကို CRC – PLA (အလယ်ပိုင်းတိုင်းတော်လှန်ရေးမဟာမိတ်များတပ်ပေါင်းစု – ပြည်သူ့လွတ်မြောက်ရေးတပ်မတော်)နဲ့ CRC – PLA အဖွဲ့ဝင်ဖြစ်တဲ့ OPRF – အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Era’sEye\News \Photo-CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကော့ကရိတ်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေကာ စစ်တပ်စစ်ကြောင်း အထိနာပြီး တပ်လန်ပြန်ဆုတ်ခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 8 Views
နိုဝင်ဘာလ (၆)ရက်။ အခုလဆန်းပိုင်းကစပြီး ကော့ကရိတ်မြောက်ပိုင်းရှိ ထီဖိုးစံရွာဘက်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲလမ်းမကို အသုံးမပြုဖို့ KNDF အသိပေးထား

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 8 Views
နိုဝင်ဘာလ (၆)ရက်။ ဒီကနေ့ကစပြီး မြေပြင်စစ်ရေးအခြေအနေတွေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးကို အသုံးပြု ဖြတ်သန်းသွားလာတာ မလုပ်ဖို့ KNDF က အသိပေးထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအနေနဲ့ နယူးဇီလန်လွှတ်တော် သတ်မှတ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 10 Views
‌နိုဝင်ဘာလ (၆)ရက်။ မနေ့ကပြုလုပ်တဲ့ နယူးဇီလန်လွှတ်တော်မှာ မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအနေနဲ့ သတ်မှတ်ဖို့ အဆိုတင်သွင်းခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီအဆိုတင်သွင်းတာကို နယူးဇီလန်လွှတ်တော်က ကန့်ကွက်သူမရှိဘဲ ဆုံးဖြတ်အတည်ပြုခဲ့သလို နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Rt Hon
မြန်မာသတင်း

ရွေးကောက်ပွဲဝင်ပြိုင်မယ့် PPP ကိုယ်စားလှယ်လောင်းရဲ့ ရိုက်နှက်တာကြောင့် လူသေဆုံးမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 38 Views
နိုဝင်ဘာလ (၅)ရက်။ မနေ့က နေ့လယ် (၂)နာရီခွဲအချိန်က တောင်ကြီးမြို့မှာ PPP ပါတီရဲ့ ကိုယ်စားလှယ်လောင်းဆိုသူက ရိုက်နှက်ရာမှာ လူသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ တောင်ကြီးမြိုနယ် အေးသာယာမြို့နေ PPP ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးစိုင်းရွှေထီးရဲ့ နေအိမ်ရှိ
မြန်မာသတင်း

နေပြည်တော်မှာ မင်းအောင်လှိုင်ကို ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသ အနုပညာရှင်တွေက “ လတ်တီး” သီချင်းနဲ့ ဖျော်ဖြေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 36 Views
‌နိုဝင်ဘာလ (၅)ရက်။ မနေ့က နေပြည်တော်ရှိ MICC-1 မှာ ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသက နိုဗိုစီဗစ် “ Chaldony” State Song and Dance Ensemble အဖွဲ့က ဖျော်ဖြေခဲ့ကြတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲလို့ KIO ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 33 Views
‌နိုဝင်ဘာလ (၅)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွေ ငြိမ်သက်သွားတယ်ဆိုပြီး သတင်းထွက်နေပေမယ့် မြေပြင်မှာ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမော်တိုက်ပွဲက နေ့တိုင်းလိုလို တိုက်ပွဲတွေရှိနေပါတယ်။ နမ့်ဖား၊ တာမိုင်းလုံ ဗန်းမော်တက္ကသိုလ်ရှိတဲ့ဘက်မှာ
မြန်မာသတင်း

ဖရူဆိုနဲ့ ဒီမော့ဆိုမှာ စစ်တပ်ရဲ့ ဗုံးကြဲတာတွေကြောင့် အရပ်သားတောင်သူ (၃)ဦးသေဆုံးပြီး (၈)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 35 Views
‌နိုဝင်ဘာလ (၅)ရက်။ ပြီးခဲ့တဲ့ထဲ ဖရူဆိုနဲ့ ဒီမော့ဆိုမြို့တို့မှာ အရပ်သားတောင်သူတွေ စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းတဲ့ လုပ်ငန်းခွင်ကို စစ်တပ်က အကြောင်းမဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ ဖရုဆိုမြို့ရှိ
မြန်မာသတင်း

မတ္တရာမြို့ကို စစ်သည်အင်အား အကုန်ထုတ်သုံးပြီး ကာကွယ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 60 Views
‌နိုဝင်ဘာလ (၄)ရက်။ မတ္တရာမြို့က ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်သည်အင်အား အကုန်ထုတ်သုံးပြီး ကာကွယ်သွားမယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ္တရာမြို့နယ်ပကဖအနေနဲ့ တော်လှန်ရေးစတင်ချိန်ကထဲက အာဏာရှင်စနစ်ကို လက်နက်ကိုင်လမ်းစဉ်နဲ့ ရရာလက်နက်စွဲကိုင်ပြီး တော်လှန်မယ့်အဖွဲ့လို့ ဆိုပါတယ်။ မတ္တရာမြို့နယ်ပကဖဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို