စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျောက်မှော်သစ်ကွင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီ တပ်တွေကို PDF မဟာမိတ်တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ကျောက်မှော်သစ်ကွင်းထဲမှာ စစ်ကောင်စီတပ်တွေက သစ်ခိုးထုတ်တာတွေ၊ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ သယ်ထုတ်တာတွေ လုပ်ဆောင်နေတာဖြစ်ပြီးတော့ အင်အား ၁၀၀ လောက်နဲ့ ဇူလိုင်လကတည်းက တပ်စွဲနေခဲ့တာပါ။
အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DRPA ရဲ့ ယင်းမာပင်ခရိုင်တပ်ရင်း (၃၀)၊ တပ်ခွဲ(၂) (Black Shadow)၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃၅)၊ ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီးတပ်ပေါင်းစု၊ ဒေါင်းမင်းစစ်ကြောင်းနဲ့ Black Vote Fighter တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို အတိအကျ မသိရှိပေမယ့် တိုက်ပွဲကြာချိန် မိနစ် ၃၀ လောက်ရှိခဲ့ပါတယ်။ အခုတိုက်ပွဲမှာ PDF မဟာမိတ် ပူးပေါင်းအဖွဲ့အနေနဲ့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။
Era’s Eye