နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 13 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရတဲ့ ဗိုလ်ချုပ်နှစ်ဦးကိုထုတ်ပယ်ပြီး အုပ်ချုပ်ရေးကောင်စီထပ်မံဖွဲ့စည်း

ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဗိုလ်ချုပ်နှစ်ဦးကိုစစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားလိုက်ကာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဟု အမည်ပေးထား‌ တဲ့ ကောင်စီအသစ်ကိုထပ်မံဖွဲစည်းလိုက်တယ်လို့စစ်ကောင်စီက စက်တင်ဘာလ (၂၅) ရက်ညပိုင် းထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


ပြင်ဆင်ဖွဲ့စည်းထားတဲ့ စစ်ကောင်စီအဖွဲ့မှာ စစ်တပ်ရဲ့ နံပတ် ၃ နေရာမှ ညှိကွပ် ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ စစ်ထောက်ချုပ်ဟောင်း၊ မင်းအောင်လှိုင်အကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့ အသစ်ပါဝင်လာပြီး ကျန်နေရာတွေမှာ အပြောင်း အလဲမရှိတာကို တွေ့ရပါတယ်။

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်ကောင်စီထဲကထုတ်ပြီး မူလစစ်ဘက်နေရာတွေကို ပြန်ပို့လိုက်သလို ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း အကြောင်းကိုတော့ မဖော်ပြထားတာကို စစ်ကောင်စီရဲ့ ဒီကနေ့ ညပိုင်းထုတ်ပြန်တဲ့ ကြေညာချက်အရ သိရပါတယ်။

“မင်းအောင်လှိုင်က သူ့သြဇာညောင်းမယ့်သူ၊ သူ့ အပေါ်သစ္စာခံမယ့်သူကိုပဲ နေရာပေးတာ။ ကျန်တဲ့သူတွေက ခြေပေါ်အောင် မကစားနိုင်ဘူးလို့ သူက ထင်နေတာ။ တကယ်လဲပစ်ဖို့ လိုအပ်နေတာ သူဆိုတာမသိဘူး” လို့ အမည်မဖော်လိုတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်းပြောပါတယ်။

လက်ရှိ စစ်ကောင်စီမှာ ယခင် ၁၉၆၂ အာဏာသိမ်း တော်လှန်ရေးကောင်စီ၊ ၁၉၈၈ အာဏာသိမ်း နဝတ တို့ကဲ့သို့ ကာကွယ်ရေးဦးစီးချုပ်၊ ဒုကာကွယ်ရေးဦး စီးချုပ် ကြည်း၊ ရေ၊ လေ၊ တိုင်းမှူးတွေနဲ့ ဖွဲ့စည်းခဲ့တဲ့ ပုံစံမဟုတ်ဘဲ မင်းအောင်လှိုင် စိတ်ကြိုက် စစ်ဗိုလ်ချုပ်အချို့၊ အရပ်သားရုပ်ပြအချို့သာမက စိတ် ကြိုက်လူ‌တွေနဲ့ ဖွဲ့စည်းခဲ့သော်လည်း အချိန်နှစ်နှစ်ခွဲသာ ကုန်လွန်ခဲ့ပြီး အုပ်ချုပ်ရေးဖွဲ့စည်းပုံသာအပြောင်း အလဲများခဲ့တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

ဒါပြင်နှစ်နှစ်ခွဲ အချိန်ကာလမှာ မင်းအောင်လှိုင်ဟာ သူနဲ့ မတိမ်းမယိမ်းလုပ်​ဖော်ကိုင်ဘက် လူယုံ​တွေကိုအ​ကြောင်းပြဖြုတ်ချပြီး သူဩဇာနာခံမယ့်သူနဲ့ အနှစ် ၂၀ ခန့် ငယ်သူတွေကိုနေရာ​ပေးချင်လို့လည်းဖြစ်မယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 94 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 87 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 75 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 63 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 79 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို