နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

အစ္စရေးတင့်ကားများ ဂါဇာကမ်းမြောင်မြောက်ပိုင်းကို ဝင်ရောက်စီးနင်းပြီး ပြန်လည်ဆုတ်ခွာခဲ့

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊ ဂါဇာ။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ ပစ်မှတ်ထားသော နေရာများကို တင့်ကားများဖြင့် စီးနင်းတိုက်ခိုက်မှုကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပြီးနောက် နယ်မြေမှ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု အစ္စရေးစစ်တပ်က ကြေညာလိုက်သည်။

IDF မှ ထုတ်ပြန်သော ဗီဒီယိုတွင် တင့်ကားများနှင့် သံချပ်ကာယာဉ်များ ခြံစည်းရိုးအနီး လမ်းမတစ်လျှောက်တွင် ဘူဒိုဇာတစ်စင်းအပါအဝင် တင့်ကားများနှင့် သံချပ်ကာယာဉ်များကို ပြသထားသည်။ တင့်ကားများ ပစ်ခတ်နေပြီး အနီးနားတွင် ပျက်စီးသည့် လက္ခဏာများကို မြင်တွေ့နိုင်သည်။

ဓာတ်ပုံ။ ဂါဇာကမ်းမြောင်မြောက်ပိုင်းတွင် အစ္စရေး ကာကွယ်ရေးတပ်၏ သံချပ်ကာယာဉ်များ စစ်ဆင်ရေး ပြုလုပ်နေစဉ်။
Israel Defense Forces/Reuters

IDF က အဆိုပါစီးနင်းမှုသည် “တိုက်ပွဲ၏နောက်ထပ်အဆင့်အတွက် ပြင်ဆင်မှု၏တစ်စိတ်တစ်ပိုင်း” ဟု ဖော်ပြခဲ့သည်။ စစ်ဆင်ရေးပြီးဆုံးပြီးနောက် စစ်သားများသည် ဂါဇာကမ်းမြောင်မှ ထွက်ခွာသွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

IDF ၏ ပြောရေးဆိုခွင့်ရှိသူ Lerner က စီးနင်းမှုသည် ကြီးမားသော်လည်း နယ်ပယ်တွင် အကန့်အသတ်ရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါ စစ်ဆင်ရေးသည် မြေပြင်စစ်ဆင်ရေးအတွက် ပိုမိုကောင်းမွန်သော အခြေအနေများ ဖန်တီးရန် ရည်ရွယ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ရန်သူကို အမှန်တကယ် တွေ့မြင်ထားပြီး တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းနေတဲ့ အကြမ်းဖက်သမားတစ်ဦးကို သတ်ဖြတ်ခဲ့တယ်” ဟု Lerner က CNN သို့ ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်တွေကို ချေမှုန်းပစ်မည်ဟု IDF က ကတိပြုထားပြီး အောက်တိုဘာ (၇) ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ ကတိပြုခဲ့ပါသည်။ ဟားမတ်စ်တို့၏ တိုက်ခိုက်မှုအတွင်း လူ ၁၄၀၀ သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ပြီး ဓားစာခံ ၂၀၀ ကျော်ကို ဖမ်းဆီးခြင်းခံခဲ့ရသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက “ဂါဇာကမ်းမြောင်ဒေသကို မြေပြင်က ကျူးကျော်စစ်ထိုးဖို့ ပြင်ဆင်နေတယ်”ဟု အစ္စရေးက ၂၅ ရက်နေ့က ရုပ်သံမိန့်ခွန်းတွင် အတည်ပြုခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှု သုံးပတ်နီးပါးကြာအောင် ပြုလုပ်ခဲ့သည်။

ဟားမတ်စ် ထိန်းချုပ်ထားသော ဂါဇာကမ်းမြှောင်ရှိ ကျန်းမာရေးအာဏာပိုင်များက ယခုအချိန်အထိ အစ္စရေး၏ တိုက်ခိုက်မှုများတွင် လူပေါင်း ၆,၄၀၀ ကျော် သေဆုံးပြီး ၁၇,၀၀၀ ဒဏ်ရာရခဲ့ကြောင်း သိရသည်။ အနောက်ဘက်ကမ်း ရာမာလာရှိ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက အဆိုပါ အချက်အလက်ကို ထုတ်ပြန်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမတ်စ်တိုက်ခိုက်ရေးသမားများကြား အကန့်အသတ်ဖြင့် မြေပြင်တိုက်ပွဲများ ရှိနှင့်ပြီးဖြစ်သည်။ အောက်တိုဘာလ (၂၂) ရက်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အစ္စရေးစစ်သားတစ်ဦး သေဆုံးခဲ့သည်ဟု IDF က ၂၄ ရက်နေ့တွင် ကြေညာခဲ့သည်။ အောက်တိုဘာလ (၇) ရက်နေ့နောက်ပိုင်း ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်၏အသေအပျောက်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 78 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 68 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်