လက်စတာနဲ့ပွဲက အနိုင်ရလဒ်ဟာ နောက်ခံလူ ဇင်ချန်ကိုအတွက် ရည်ညွှန်းကြောင်း အာဆင်နယ် နည်းပြအာတီတာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ လက်စတာနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ မာတီနယ်လီရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင် ရခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်မှာ ပုံမှန်မဟုတ်ဘဲ ယူကရိန်းနောက်ခံလူဇင်ချန်ကို ကို အသင်းခေါင်းဆောင်အဖြစ် ပွဲထုတ် ကစားစေခဲ့ပါတယ်။
ဇင်ချန်ကိုဟာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်စာရင်းမှာ မပါဝင်ပေမယ့် ရုရှားကျူးကျော် စစ်ကို ယူကရိန်းပြည်သူတွေ ရင်ဆိုင်ရတဲ့ ၁ နှစ်ပြည့်တဲ့ကာလမှာ အခုလို အသင်းခေါင်းဆောင်အဖြစ် ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။
လက်စတာကို အနိုင်ပြီးတဲ့နောက် အာတီတာက “ ကျတော်တို့ အသင်းသားတွေ အားလုံး ဇင်ချန်ကိုအတွက်၊ သူ့ရဲ့ မိဘဆွေမျိုးမိတ်တွေနဲ့ သူချစ်တဲ့ နိုင်ငံအတွက် အနိုင်ကစားပေးချင်ခဲ့ကြတာပါ” လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။
ဇင်ချန်ကိုဟာ ပြီးခဲ့တဲ့ နွေရာသီကမှ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ခုတော့ အာဆင်နယ်အသင်းမှာ အဓိက ကစားသမားအဖြစ် နေရာရနေပါပြီ။ လက်ရှိအချိန်ထိ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ၁၇ ပွဲ ပါဝင်ကစားခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။