နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတူပီမှာ CDF နဲ့ CNA လက်ချက်ကြောင့် စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံး

ချင်းပြည်နယ် တောင်ပိုင်း ၊ မတူပီမြို့နယ်မှာ ချင်းဒေသကာကွယ်ရေးတပ် (CDF) နဲ့ ချင်းအမျိုးသားတပ် (CNA) တို့ လက် ချက်ကြောင့် စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးတယ်လို့ CDF မတူပီ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၂၄ ရက်ရက်နေ့က မတူပီမြို့အခြေစိုက် အမှတ် (၃၀၄) ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်အင်အား ၈၀ ခန့် စစ်ကား ၃ စီးနဲ့ ရိက္ခာပို့ချီတက်လာစဉ် အဲဒီယာဉ်တန်း မတူပီ-ပလက်ဝလမ်း၊ မိုင်တိုင် ၁၄ နဲ့ ၁၅ ကြား အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီယာဉ်တန်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ CDF မတူပီ သတင်းနဲ့ ပြန်ကြားရေးဌာနကနေတစ်ဆင့် သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်အနေနဲ့ မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၈ ရှိ ဝလံပီးရွာမှာ ယာယီ စခန်းချနေပြီး ဒဏ်ရာရသူတွေကို ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

အဲဒီနှစ်ဘက်တိုက်ပွဲတွင် CDF မတူပီတပ်ဖွဲ့ဝင်တဦး စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းနင်းမိပြီး စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။


ဓာတ်ပုံ- CDF-Matupi

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒီကနေ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမြင်ကွင်းများ(သတင်းဓါတ်ပုံ)

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 17 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့က အသံတိတ်သပိတ်လှုပ်ရှားမှု မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။ “ ဒီနေ့ အသံတိတ်သပိတ်ရှိတော့
မြန်မာသတင်း

ရေစကြိုမှာ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ မြို့နယ်ပအဖ သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 18 Views
ဒီဇင်ဘာလ (၁၀)ရက်။ ရေစကြိုမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ သတိပေးထားချက်အရ သိရပါတယ်။ အခုအခါ
မြန်မာသတင်း

KNU ဌာနချုပ်ကို အသေခံဒရုန်း (၆)စင်းနဲ့ စစ်တပ် တိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 18 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်တွေက KNU ဌာနချုပ် တပ်မဟာ(၇)နယ်မြေ ကလို့ယော်လေးကို အသေခံဒရုန်း (၆)စင်းနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၂)နာရီလောက်ကစပြီး KNU ဌာနချုပ် တပ်မဟာ(၇)
မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲက ပိုမိုကြီးမားတဲ့ မတည်ငြိမ်မှုတွေဆီ ဦးတည်တယ်လို့ ဩစတြေးလျအစိုးရထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 21 Views
ဒီဇင်ဘာလ (၁၀)ရက်။ သက်ဆိုင်သူအားလုံးမပါဝင်နိုင်တဲ့ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲက ပိုမိုကြီးမားတဲ့ မတည်ငြိမ်မှုတွေဆီ ဦးတည်တယ်လို့ ဒီကနေ့ ဩစတြေးလျအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ဩစတြေးလျအစိုးရအနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း အစစ်အမှန်ဖြစ်ဖို့ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး မတရားဖမ်း‌ဆီးထားသူအားလုံးကို
မြန်မာသတင်း

ဒေါက်တာတေဇာဆန်းအပါ (၁၀)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ စစ်တပ် အမှုဖွင့်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 15 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒေါက်တာတေဇာဆန်းအပါအဝင် (၁၀)ဦးကို ရွေးကောက်ပွဲကိုကာကွယ်တဲ့ဥပဒေပုဒ်မ ၂၃(ခ)နဲ့ စစ်တပ်က အမှုဖွင့်ထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က အမှုဖွင့်ထားသူတွေဟာ ဒေါက်တာတေဇာဆန်း၊ ကိုခန့်ဝေဖြိုး၊ ကိုနန်းလင်း၊ ထက်မြတ်အောင်၊ မေချီ(ခ)ချီချီနဲ့ မရွှန်း(ခ)ရွှန်းရွှန်းအပြင် စိစစ်ဆဲ
မြန်မာသတင်း

ရန်ကုန်မှာ ဆန္ဒပြတဲ့ Bluetooth speaker ကို စစ်အုပ်စုက ဗုံးရှင်းလင်းတဲ့အဖွဲ့နဲ့ ဖယ်ရှားခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 32 Views
ရန်ကုန်မှာ ဆန္ဒပြတဲ့ Bluetooth speaker ကို စစ်အုပ်စုက ဗုံးရှင်းလင်းတဲ့အဖွဲ့နဲ့ ဖယ်ရှားခဲ့ရ ဒီဇင်ဘာလ (၉)ရက်။ ဒီဇင်ဘာလ (၇)ရက်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ရဲ့ အထင်ကရ လူစည်ကားရာနေရာဖြစ်တဲ့ လှည်းတန်းဈေးအနီးမှာ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်
မြန်မာသတင်း

သစ်တောဝန်ထမ်းတွေ လုပ်ကြံသတ်ဖြတ်ခံရတာ‌တို့ကြောင့် သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်းတယ်လို့ NUG ရဲ့ သယံဇာတဝန်ကြီးဌာန ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 26 Views
ဒီဇင်ဘာလ (၉)ရက်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍရဲ့ သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်းတယ်လို့ NUG ရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝန်ကြီးဌာနအနေနဲ့ NUG စိုးမိုးနယ်မြေထဲ သယံဇာတတွေ ရေရှည်တည်တံ့စေဖို့၊ လူမှုစီးပွားအခြေခံလိုအပ်ချက်အတွက် အထောက်အပံ့ဖြစ်စေဖို့နဲ့
မြန်မာသတင်း

NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်ဖို့ အကန့်အသတ်တွေရှိနေတယ်လို့ ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 33 Views
အစိုးရအဖွဲ့ ပြုပြင်ပြောင်း‌လဲရေး အဆင့် (၃)ဆင့်နဲ့ ပြုလုပ်နေပြီး အခုပြုပြင်ပြောင်းလဲတာ ပထမအဆင့်လို့ဆို ဒီဇင်ဘာလ (၉)ရက်။ NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပါဝင်လာဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က ပြည်သူထံ အသိပေးတဲ့မိန့်ခွန်းမှာ